သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝှီဂါတွေ ထိုင်းက တရုတ်ကို ပို့မယ့်ကိစ္စ ကန်ဝန်ကြီးရှုတ်ချ


ဝှီဂါတွေကို တရုတ်ပြည် ပြန်ပိုတဲ့ကိစ္စ ထိုင်းတရားရေးဝန်ကြီးဌာနက ဘန်ကောက်မှာ သတင်းစာရှင်းလင်းပွဲလုပ်။ February 27, 2025
ဝှီဂါတွေကို တရုတ်ပြည် ပြန်ပိုတဲ့ကိစ္စ ထိုင်းတရားရေးဝန်ကြီးဌာနက ဘန်ကောက်မှာ သတင်းစာရှင်းလင်းပွဲလုပ်။ February 27, 2025

ထိုင်းအစိုးရက ဝှီဂါ ၄၀ ထက်မနည်းကို တရုတ်နိုင်ငံ ပြန်ပို့တာအတွက် အမေရိကန်က ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီရိုက ဖေဖေါ်ဝါရီ ၂၇ ရက်မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

သူတို့ဟာ တရုတ်နိုင်ငံထဲမှာ လူ့အခွင့်ရေး ခံစားခွင့်မရပဲ၊ ဖိနှိပ်နှောက်ယှက်တာ၊ အဓမ္မခိုင်းစေတာနဲ့ နှိပ်စက်ညှင်းပမ်းတာ ခံရနိုင်ကြောင်းနဲ့ ထိုင်းရဲ့ အခု လုပ်ရပ်အတွက် ထိုင်းရဲ့ ကာလတာရှည် မဟာမိတ်နိုင်ငံဖြစ်တဲ့ အမေရိကန်အနေနဲ့ စိုးရိမ်ကြောင်း၊ ဒါဟာ ညှင်းပမ်းနှိပ်စက်မှုကို လက်မခံတဲ့ ကုလ ပဋိဉာဉ်အရရော၊ လူတွေ အစနရှာမရပဲ ပျောက်သွားတာကို ကာကွယ်ရမယ့် နိုင်ငံတကာသဘောတူညီချက် ကိုပါ ချိုးဖေါက်ရာ ရောက်နေတယ်လို့လည်း ဝေဘန်ပါတယ်။

ဒါ့အပြင် ခံနိုင်ရည်နဲတဲ့ အားနဲသူတွေကို အစဉ်အလာနဲ့ အကာကွယ်ပေးခဲ့တဲ့ ထိုင်းလူထုရဲ့ လုပ်ရပ်ကို ဆန့်ကျင်နေတဲ့ အပြင် လူ့အခွင့်ရေးအကာကွယ်ပေးဖို့ ပေးထားတဲ့ ကတိကဝတ်နဲ့လည်း မညီဘူးလို့ ပြောပါတယ်။ နိုင်ငံ အစိုးရအားလုံး အနေနဲ့ ကိုယ့်နိုင်ငံထဲရောက်လာပြီး အကာအကွယ်တောင်းခံတဲ့ ဝှီဂါတွေကို တရုတ်ပြည်ကို အတင်းအဓမ္မ ပြန်ပြီးမပို့ကြဖို့လည်း အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီရဲ့ အုပ်ချုပ်မှုနဲ့ ညွှန်ကြားမှုအောက်က တရုတ်နိုင်ငံ အနေနဲ့ မွတ်စလင်ဝှီဂါ တွေကို အဓိကပစ်မှတ်ထားပြီ ရှင်ကျန်းပြည်နယ်ထဲက လူနဲစုတိုင်းရင်းသားတွေနဲ့ တခြားဘာသာရေးအဖွဲ့အစည်းတွေ အပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်ပေါ် ရာဇဝတ်မှုတွေ ကျူးလွန်နေတာ တွေ့ရတဲ့ အတွက် ဝှီဂါတွေကို သူတို့ရဲ့ အခြေခံ ရပိုင်ခွင့်တွေ ပြန်ပေးဖို့ တရုတ်အာဏာပိုင်တွေကို တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် ထိုင်းအစိုးရ အနေနဲ့လည်း ဒီဝှီဂါတွေရဲ့ ရပိုင်ခွင့် တွေကို တရုတ်အာဏာပိုင်တွေ အကာကွယ်ပေးဖို့ တောင်းဆိုရမှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG