သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ် (၄) ရက်ကြာ တရုတ်ခရီး


အစည်းအဝေးတက်ရန် ထိုင်းအစိုးရအိမ်တော်သို့ ရောက်ရှိလာသည့် ဝန်ကြီးချုပ် Paetongtarn Shinawatra။ (၄ ဖေဖော်ဝါရီ ၂၀၂၅) (AP:Sakchai Lalit)
အစည်းအဝေးတက်ရန် ထိုင်းအစိုးရအိမ်တော်သို့ ရောက်ရှိလာသည့် ဝန်ကြီးချုပ် Paetongtarn Shinawatra။ (၄ ဖေဖော်ဝါရီ ၂၀၂၅) (AP:Sakchai Lalit)

ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra ဟာ ဗုဒ္ဓဟူးနေ့မှာ ၄ ရက်ကြာ တရုတ်ခရီးစဥ်ကို စမှာဖြစ်ပြီး စီးပွါးရေးနဲ့ ကုန်သွယ်ရေးကိစ္စတွေ အဓိက ဆွေးနွေးကြမယ်လို့ မျှော်လင့်ထားကြပါတယ်။

ဒီခရီးစဥ်အတွင်း ထိုင်းဝန်ကြီးချုပ်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံမှာပါ။ ထိုင်းနိုင်ငံကို တရုတ်ခရီးသည်တွေ ပိုလာအောင် တရုတ်အစိုးရကို အကူအညီ တောင်းလိမ့်မယ်လို့လည်း သုံးသပ်သူတွေက ထင်မြင်ကြပါတယ်။

ဆိုက်ဘာ လူလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်လို့ အထူးသဖြင့် တရုတ်က စိုးရိမ်နေတာကြောင့် ဒီဂိုဏ်းတွေနဲ့ ပတ်သက်လို့ ထိုင်းအနေနဲ့ လုပ်နိုင်တာမှန်သမျှ လုပ်နေကြောင်း ဝန်ကြီးချုပ်က အသေအချာ ပြောလိမ့်မယ်လို့ Lowy Institute အရှေ့တောင်အာရှ လေ့လာရေးအစီအစဥ်က သုတေသီ Rahman Yaacob က ယူဆပါတယ်။

ကိုဗစ် 19 နှစ်တွေတုန်းက နိုင်ငံခြားသားခရီးသည်လာတာ ကျသွားခဲ့ပေမဲ့ ၂၀၂၄ ခုနှစ်မှာ ထိုင်းကို လာရောက်ကြသူ ၃၅ သန်းကျော်အထိ ရှိလာခဲ့ပါတယ်။ အဲဒီထဲမှာ ၆.၂ သန်းက တရုတ်ခရီးသည်တွေပါ။ ဒါပေမဲ့ မကြာခင်က ဆိုက်ဘာ လူလိမ်ဂိုဏ်းတွေနဲ့ ခရီးသွားလုပ်ငန်း ဆက်စပ်လာမှုကြောင့် ထိုင်းနိုင်ငံအတွက် စိန်ခေါ်ချက်အသစ် ဖြစ်လာခဲ့ရတာပါ။

ဒါ့အပြင် ထိုင်းနိုင်ငံက ထိန်းသိမ်းထားတဲ့ ဝီဂါလူမျိုး ၄၈ ယောက်ကို တရုတ်ကို ပြန်ပို့မပို့ ဆိုတဲ့ ပြဿနာနဲ့လည်း ထိုင်းဝန်ကြီးချုပ် ကြုံရနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ တရုတ်နိုင်ငံက ပြန်ပို့ဖို့ တောင်းဆိုနေပြီး လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အနောက်နိုင်ငံတွေကတော့ သူတို့ကြုံရနိုင်တဲ့ အန္တရာယ်တွေကြောင့် ဝီဂါ ၄၈ ယောက်ကို တရုတ်နိုင်ငံ ပြန်မပို့ဖို့ ထိုင်းအစိုးရကို တောင်းဆိုနေကြပါတယ်။

ထိုင်းဝန်ကြီးချုပ် (၄) ရက်ကြာ တရုတ်ခရီး
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG