သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ် လျှပ်စစ်မီးဖြတ်မယ့်အစီအစဉ်အတွက် စဉ်းစားဖို့ ထိုင်းတာဝန်ရှိသူတွေတိုက်တွန်း


မြဝတီခရိုင်၊ ရွှေကုက္ကိုလ်မြို့ကို ထိုင်းနိုင်ငံဘက်မှ လှမ်းမြင်ရပုံ (ဓာတ်ပုံ - BNI)
မြဝတီခရိုင်၊ ရွှေကုက္ကိုလ်မြို့ကို ထိုင်းနိုင်ငံဘက်မှ လှမ်းမြင်ရပုံ (ဓာတ်ပုံ - BNI)

ထိုင်း-မြန်မာနယ်စပ် မြန်မာနိုင်ငံဘက်အခြမ်းမှာရှိနေတဲ့ တရားမဝင် စီးပွားရေးလုပ်ငန်းတွေကို ရောင်းချပေးနေတဲ့ လျှပ်စစ်ဓာတ်အားတွေဖြတ်တောက်ဖို့ မဆုံးဖြတ်ခင် သက်ဆိုင်ရာ သတင်းအချက်အလက်တွေကို အစိုးရအနေနဲ့ အရင် ထည့်သွင်း စဉ်းစားဖို့လိုအပ်ကြောင်း ထိုင်းတာဝန်ရှိသူတွေက ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ပြောပါတယ်။

အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေရှိနေတယ်လို့ သံသယရှိတဲ့နေရာတွေကို ထိုင်းနဲ့ မြန်မာအရာရှိတွေက သွားရောက်စစ်ဆေးတာအပါအဝင် ဒီကိစ္စကို အာဏာပိုင်တွေအနေနဲ့ အသေအချာလေ့လာ သုံးသပ်ဖို့လိုအပ်ကြောင်း ထိုင်း အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ် Chatchai Bangchuad က ပြောပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒေသတွင်း လျှပ်စစ်ဓာတ်အားပေးဌာန၊ စစ်တပ်နဲ့ ထောက်လှမ်းရေးဌာနတို့က ကိုယ်စားလှယ်တွေနဲ့ ဒီကိစ္စကို ဆွေးနွေးခဲ့တယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံဘက်အခြမ်း မြဝတီခရိုင်မှာရှိနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက သူတို့ဆီမှာ အလုပ်လုပ်ကြဖို့ တရုတ်နိုင်ငံသားတွေကို ဖြားယောင်းခေါ်ဆောင်နေတဲ့ကိစ္စတွေ ရပ်တန့်ရေးအတွက် ထိုင်းနိုင်ငံအနေနဲ့ အဲဒီ ငွေလိမ်ဂိုဏ်းတွေလိုအပ်တဲ့ လျှပ်စစ်ဓာတ်အားလိုအရင်းအမြစ်တွေ ပို့ပေးနေတာကိုရပ်တန့်ဖို့ တရုတ်နိုင်ငံက ဖိအားပေးလာပြီးတဲ့နောက် ထိုင်းတာဝန်ရှိသူတွေ ဆွေးနွေးနေတာပါ။

ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်ဒေသနဲ့ မျက်နှာချင်းဆိုင်အခြမ်း အပါအဝင် မြန်မာနိုင်ငံဘက်က မြဝတီနဲ့ ဘုရားသုံးဆူဒေသတွေမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေအပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေ ကျူးလွန်နေကြတယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရှိရကြောင်းလည်း ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ အကြီးအကဲက ပြောပါတယ်။

အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ ကာစီနိုလုပ်ငန်းတွေအကြား ဆက်နွယ်မှုတွေ ရှိနေပြီး လျှပ်စစ်ဓာတ်အား ခွဲဝေ သုံးစွဲနေပုံရတယ်လို့လည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG