သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္တြင္း ျပည္ပ ဖက္စပ္ လွ်ပ္စစ္ ထုတ္လုပ္မႈေတြရဲ႕ ေစ်းႏႈန္း အာမခံခ်က္


(Zawgyi/ Unicode)
လွ်ပ္စစ္ မလံုေလာက္တဲ႔ ျမန္မာႏုိင္ငံမွာ လွ်ပ္စစ္ ျဖည့္ဆည္းႏုိင္ဖို႔ အတြက္ တရုတ္၊ ဂ်ပန္ လုပ္ငန္းေတြ ေဒၚလာ သန္းေထာင္ခ်ီ ရင္းႏွီးျမွဳပ္ႏွံမယ့္ LNG သဘာ၀ ဓာတ္ေငြ႔ရည္သံုး လွ်ပ္စစ္ ဓာတ္အား ထုတ္လုပ္ေရး၊ ေနာက္ ဆိုလာ စြမ္းအင္နဲ႔ ဓာတ္အား ျဖည့္ဆည္းဖို႔ ေဆာင္ရြက္ေနပါတယ္။ ပုဂၢလိက လုပ္ငန္းေတြနဲ႔ လွ်ပ္စစ္ က႑ ပူးေပါင္းေဆာင္ရြက္မႈေတြမွာ ေစ်းႏႈန္း သတ္မွတ္ႏုိင္ေရးက အဓိက အခ်က္ ျဖစ္ေနပါတယ္။

ျမန္မာႏုိင္ငံမွာ ပထမဆံုးေသာ ျပည္တြင္း ျပည္ပ ဖက္စပ္ ဆိုလာ လွ်ပ္စစ္ စီမံကိန္း စတင္ခဲ႔တဲ႔ မေကြးတိုင္းက သဘာ၀ ပတ္၀န္းက်င္၊ သယံဇာတနဲ႔ စြမ္းအင္ ၀န္ႀကီး ဦးျမင့္ေဇာ္ကို ဆက္သြယ္ေမးျမန္း တင္ျပေပးပါမယ္။ အပတ္စဥ္ စီးပြားေရး အစီအစဥ္ အျဖစ္ မသိဂၤ ီထုိက္ တင္ျပထားပါတယ္။

၀န္ႀကီး ဦးျမင့္ေဇာ္။ ။ သူတို႔ စာခ်ဳပ္ ခ်ဳပ္ခဲ႔တာက ၂၀၁၆ မတ္လ ၂၀ ရက္ေန႔မွာ။ PPA ဆိုတာ Power Purchase Agreements ၁ ယူနစ္ကုန္က်စာရိတ္ ေစ်းႏႈန္း သတ္မွတ္တဲ႔ဟာကို စာခ်ဳပ္ ခ်ဳပ္ထားခဲ႔တာေပါ့ေလ။ ဆက္ၿပီးေတာ့ က်ေနာ္တို႔က အရင္ အစိုးရရဲ႕ လုပ္ငန္းေတြကို Carry ျပန္ယူ တာေပါ့ေလ။ ဒီ လွ်ပ္စစ္ ထုတ္ဖို႔ကို ျပည္ေထာင္စု အစိုးရ အဖြဲ႔က ေနၿပီးေတာ့မွ ေျမလြတ္ေျမရိုင္း လုပ္ပိုင္ခြင့္ ၇၀၀ ဧက ေပးရတယ္။ အဲဒီေနာက္မွ မေလာက္ေသးပါဘူး ဆိုၿပီးေတာ့မွ သစ္ေတာေျမ ဧက က ၁၇၁ လား ၁၈၁ လား အဲဒါ သစ္ေတာေျမထဲက ျပန္ငွားရတယ္။ ငွားတာကေတာ့ တႏွစ္ကို တဧကကို (၁၀၀,၀၀၀) နဲ႔ ငွားပါတယ္။ အဲဒါ အရင္ အစိုးရက လုပ္ခဲ႔တာကို အဲဒါ Carry ယူတဲ႔ အတြက္ က်ေနာ္တို႔က ေစ်းႏႈန္းမွာေတာ့ မ်ားပါတယ္ ခင္ဗ်။

သိဂၤ ီထုိက္။ ။ ဆရာတို႔ မေကြးက စစခ်င္းေတာ့ ဆိုလာ စြမ္းအင္က က်မ သိထားတာက ၄၀ မဂၢါ၀ပ္ စမယ္ေပါ့ေနာ္။ ေနာက္ပိုင္း အျပည့္အ၀ လည္ပတ္လို႔ ရွိရင္ ၁၀၀ ေက်ာ္ထိ သြားမယ္လို႔ ေျပာပါတယ္။ အခု အေျခအေန ဘယ္လို ရွိပါလဲ။

၀န္ႀကီး ဦးျမင့္ေဇာ္။ ။ လွ်ပ္စစ္ မဂၢါ၀ပ္ ထြက္ရွိမႈက သူတို႔ ၁၇၀ မဂၢါ၀ပ္ အထိ ထုတ္မယ္လို႔ စာခ်ဳပ္ ခ်ဳပ္ခဲ႔တာေပါ့ေလ။ စာခ်ဳပ္ ခ်ဳပ္ခဲ႔ေတာ့ အခု ပထမ အဆင့္ အေနနဲ႔ကေတာ့ ၄၀ မဂၢါ၀ပ္ ထုတ္ေနၿပီေပါ့။ အခုလည္း ထုတ္ေနပါၿပီ။ ပင္မ ဓာတ္အားလိုင္းထဲကိုလည္း ထည့္ေနပါတယ္။ ဒါေပမယ့္ ဘယ္လို ျဖစ္လဲ ဆိုေတာ့ ေပါက္ေစ်းက - နုိင္ငံတကာ ေပါက္ေစ်းက ဆိုလာဆိုရင္ 4 cent (အေမရိကန္ ေဒၚလာ ၄ ဆင့္) ကေန 9 cent (အေမရိကန္ ေဒၚလာ ၉ ဆင့္ ) ၾကားမွာဘဲ ရွိတယ္။ ဒါေပမယ့္ PPA စာခ်ဳပ္ႏႈန္း အရ 12.75 cent (အေမရိကန္ ေဒၚလာ ၁၂ ဒသမ ၇၅ ဆင့္) ႏႈန္းနဲ႔ စာခ်ဳပ္ ခ်ဳပ္တယ္ဆိုေတာ့ ေစ်းႏႈန္း မ်ားပါတယ္။
ေစ်းႏႈန္းမ်ားေတာ့ က်ေနာ္တို႔ အစိုးရ လက္ထက္မွာ ဘယ္လို ျပန္လည္ သံုးသပ္လည္း ဆိုေတာ့ ျပည္ေထာင္စု ၀န္ႀကီးက သံုးသပ္ခ်က္ အရ အရင္ PPA ကိုေတာ့ က်ေနာ္တို႔ မျပင္ေတာ့ဘူး။ ဒီတိုင္းဘဲ ၀ယ္မယ္။ ႏုိင္ငံတကာ က်ေနာ္တို႔ အရင္ အစုိးရ လုပ္ထားတာကို ေနာက္ အစိုးရက ဖ်က္တယ္ဆိုတဲ႔ အစဥ္အလာ မျဖစ္ေအာင္၊ ဒါေပမယ့္ ေနာက္ထုတ္မယ့္ လွ်ပ္စစ္ကိုေတာ့ ေစ်းႏႈန္း တခု သတ္မွတ္ၿပီးေတာ့မွ ၀ယ္မယ္ ဆိုတဲ႔ အဲဒီ သေဘာတူညီခ်က္ေလးေတာ့ လုပ္ထားပါတယ္။
မ်ားတယ္လို႔ ဘာေၾကာင့္ ေျပာရသလဲ ဆိုေတာ့ အမ်ားျပည္သူကို ျဖန္႔တာက တယူနစ္ကို ၃၅ က်ပ္ကေန အဆင့္ တက္တက္ သြားတာေနာ္ အမ်ားဆံုး ယူနစ္ ၂၀၀ ထိ သံုးမွ တယူနစ္ကို ၁၂၅ က်ပ္နဲ႔ဘဲ ေပးရပါတယ္။ ၁၂၅ က်ပ္နဲ႔ ျဖန္႔ေနတယ္။ က်ေနာ္တို႔က တယူနစ္ကို ၁၂၅ က်ပ္နဲ႔ ျဖန္႔တယ္။ သူ႔က်ေတာ့ 12.75 Cent (အေမရိကန္ ေဒၚလာ ၁၂ ဒသမ ၇၅ ဆင့္) ဆိုေတာ့ တယူနစ္ကို တေဒၚလာကို ၁၅၀၀ နဲ႔ တြက္ရင္ေတာ့ တယူနစ္ကို ၁၉၀ ေလာက္ က်ေနတယ္။ အဲဒီ အတြက္ မ်ားပါတယ္လို႔ ေျပာတာပါ။


သိဂၤ ီထုိက္။ ။ အဲဒီေတာ့ မဂၢါ၀ပ္ တိုးထုတ္လာရင္ေရာ ခုန ၀န္ႀကီး ေျပာသလိုဘဲ ေစ်းႏႈန္းက ေလ်ာ့မွာလား။

၀န္ႀကီး ဦးျမင့္ေဇာ္။ ။ ေလ်ာ့မွာေပါ့။ က်ေနာ္တို႔က ေလွ်ာ့မွာေပါ႔ေနာ္။ အဲဒီ တခုတင္ မကပါဘူး။ က်ေနာ္တို႔ မေကြးတိုင္းမွာ အခုဆိုရင္ ေနရာ ၆ ေနရာေပါ့ဗ်ာ။ ၆ ေနရာဆိုတာက စလင္း၊ ေတာင္တြင္းႀကီး ၊ ေခ်ာက္၊ ေပါက္ ၊ ပခုကၠဴ ၿမိဳ႕နယ္က ကြ်န္းေခ်ာင္း ၊ ေနာက္ ပခုကၠဴ ကဘဲ ေဘာဓိကုန္း ခြဲရံုမွာ တေနရာ ဆိုလာကို ႏုိင္ငံတကာ တင္ဒါ ေခၚထားပါၿပီ။ ၄၀ မဂၢါ၀ပ္ဘဲ ထုတ္မယ္။ အဲဒီမွာေရာက္ေတာ့ နည္းပညာလည္း ၿပိဳင္မယ္၊ ေစ်းႏႈန္းလည္း ၿပိဳင္မယ္။ ေနာက္ သူတို႔ရဲ႕ အေတြ႔အႀကံဳေတြလည္း ၿပိဳင္ၾကမွာေပါ့။ တင္ဒါ တင္ၾကမွာေပါ့။ ေတာ္ေတာ္မ်ားမ်ား တင္တယ္။
အဲဒီ အရ က်ေနာတို႔ ေစ်းႏႈန္းဟာ ေလ်ာ့သြားႏုိင္ပါတယ္။ တခ်ိဳ႕ဆိုရင္ အရင္ကေတာ့ က်ေနာ္တို႔ ဒု ၀န္ႀကီးက 9 cent (အေမရိကန္ ေဒၚလာ ၉ ဆင့္) ရဲ႕ ေအာက္ဆိုရင္ ၀ယ္ဖို႔ထိ သေဘာထားေပးထားတာ။ တခ်ိဳ႕ဆိုရင္ 6 cent (အေမရိကန္ ေဒၚလာ ၆ ဆင့္) တခ်ိဳ႕ဆိုရင္ 4.5 cent (အေမရိကန္ ေဒၚလာ ၄ ဒသမ ၅ ဆင့္) ၊ တခ်ိဳ႕ ဆိုရင္ 7 cent (အေမရိကန္ ေဒၚလာ ၇ ဆင့္) အဲေလာက္ထိကို က်ေနာ္တို႔ တိုင္းေဒသႀကီး အစိုးရ အဖြဲ႔ကို လာရွင္းျပတာေတြ၊ သူတို႔ရဲ႕ လုပ္ႏုိင္စြမ္းကို လာၿပီးေတာ့ ရွင္းျပတာေတြ ရွိခဲ႔ပါတယ္။

သိဂၤ ီထုိက္။ ။ ဘယ္ကုမၸဏီေတြ အေလွ်ာက္မ်ားပါသလဲ။ ျပည္တြင္း လုပ္ငန္းရွင္ေတြ အေလွ်ာက္မ်ားပါသလား ၀န္ႀကီး။

၀န္ႀကီး ဦးျမင့္ေဇာ္။ ။ ျပည္တြင္း လုပ္ငန္းရွင္ေတြ မ်ားပါတယ္။ ဒါေပမယ့္ ျပည္တြင္း လုပ္ငန္းရွင္ေတြကလည္း က်ေနာ္တို႔ ျပည္တြင္း လုပ္ငန္းရွင္ေတြ မ်ားေသာအားျဖင့္ ဒီလုပ္ငန္းကို မကြ်မ္းက်င္ၾကပါဘူး။ မကြ်မ္းက်င္ ၾကေတာ့ ႏုိင္ငံတကာ မိတ္ဖက္ေတြနဲ႔ တြဲၿပီးေတာ့ လုပ္မွာေပါ့ေလ။ အဓိက ေလွ်ာက္တာကေတာ့ ထိုင္း ကုမၸဏီေတြ ရွိတယ္၊ ကိုရီးယား ကုမၸဏီေတြ ရွိတယ္၊ ေနာက္ၿပီးေတာ့ တရုတ္ ကုမၸဏီ ရွိတယ္။ ေဟာင္ေကာင္ ကုမၸဏီေတြ ရွိတယ္။ အိႏၵိယ ကုမၸဏီ တခ်ိဳ႕ကေတာ့ လာၿပီးေတာ့ သူတို႔ကေတာ့ အစိုးရခ်င္း လုပ္မယ္ ဆိုၿပီးေတာ့ လာၿပီးေတာ့ စူးစမ္းေနတာေတြ ရွိပါတယ္ ခင္ဗ်။

သိဂၤ ီထုိက္။ ။ အေနာက္ ႏုိင္ငံေတြ ဘက္ကေရာ ဆိုလာ စြမ္းအင္ ကိစၥမွာ စိတ္၀င္စားမႈ ရွိပါသလား ၀န္ႀကီးတို႔ဘက္မွာ။

၀န္ႀကီး ဦးျမင့္ေဇာ္။ ။ ရွိပါတယ္ ခင္ဗ်။ အေနာက္ႏုိင္ငံေတြလည္း EU - ဥေရာပ သမဂၢ အဖြဲ႔၀င္ ႏုိင္ငံေတြက သူတို႔ မိတ္ဖက္ေတြနဲ႔ လာ ေလွ်ာက္ပါတယ္။ ျမန္မာျပည္ ပါတနာေတြနဲ႔ လာေလွ်ာက္တာေတြ ရွိပါတယ္။ ဒါေပမယ့္ Profile ေတြကိုေတာ့ ျပည္ေထာင္စုက စစ္တဲ႔ အတြက္ သူတို႔ ဘယ္ကုမၸဏီေတြနဲ႔ ဘယ္လို ပါတနာ ယူထားလဲ ဆိုတာကိုေတာ့ က်ေနာ္တို႔က တိတိက်က် ေျပာဖို႔ ခက္တာေပါ့ေလ။

သိဂၤ ီထုိက္။ ။ ဟုတ္ကဲ႔ရွင့္။ ဆုိေတာ့ ၀န္ႀကီးရွင့္ အခု ဒီ တင္ဒါ အသစ္ေတြ ေအာင္ျမင္ၿပီး ေနာက္မွာ ဒီ လွ်ပ္စစ္ တယူနစ္ ေစ်းႏႈန္းကို ဘယ္ေလာက္ေလာက္ ေလွ်ာ့ခ်သြားႏုိင္မလဲရွင့္။

၀န္ႀကီး ဦးျမင့္ေဇာ္။ ။ အဲဒါက က်ေနာ္တို႔ ဒီလိုဗ်။ လွ်ပ္စစ္ တယူနစ္ကို ေစ်းႏႈန္းေတြကို သတ္မွတ္တာကေတာ့ ျပည္ေထာင္စုက သတ္မွတ္တာ။ ျပည္ေထာင္စု လွ်ပ္စစ္နဲ႔ စြမ္းအင္ ၀န္ႀကီးဌာနက သတ္မွတ္ၿပီးေတာ့မွ ျပည္ေထာင္စု အစိုးရ အဖြဲ႔မွာ အတည္ျပဳခ်က္ ယူတာေပါ့ေလ။ အဲဒီလို သတ္မွတ္တာ ျဖစ္ပါတယ္။ က်ေနာ္တို႔ တိုင္းေဒသႀကီး အေနနဲ႔ကေတာ့ လုပ္ပိုင္ခြင့္ မရွိပါဘူး ခင္ဗ်။ ေပးမထားပါဘူး။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ပြည်တွင်း ပြည်ပ ဖက်စပ် လျှပ်စစ် ထုတ်လုပ်မှုတွေရဲ့ ဈေးနှုန်း အာမခံချက်


လျှပ်စစ် မလုံလောက်တဲ့ မြန်မာနိုင်ငံမှာ လျှပ်စစ် ဖြည့်ဆည်းနိုင်ဖို့ အတွက် တရုတ်၊ ဂျပန် လုပ်ငန်းတွေ ဒေါ်လာ သန်းထောင်ချီ ရင်းနှီးမြှုပ်နှံမယ့် LNG သဘာ၀ ဓာတ်ငွေ့ရည်သုံး လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး၊ နောက် ဆိုလာ စွမ်းအင်နဲ့ ဓာတ်အား ဖြည့်ဆည်းဖို့ ဆောင်ရွက်နေပါတယ်။

ပုဂ္ဂလိက လုပ်ငန်းတွေနဲ့ လျှပ်စစ် ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွေမှာ ဈေးနှုန်း သတ်မှတ်နိုင်ရေးက အဓိက အချက် ဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံးသော ပြည်တွင်း ပြည်ပ ဖက်စပ် ဆိုလာ လျှပ်စစ် စီမံကိန်း စတင်ခဲ့တဲ့ မကွေးတိုင်းက သဘာ၀ ပတ်ဝန်းကျင်၊ သယံဇာတနဲ့ စွမ်းအင် ဝန်ကြီး ဦးမြင့်ဇော်ကို ဆက်သွယ်မေးမြန်း တင်ပြပေးပါမယ်။ အပတ်စဉ် စီးပွားရေး အစီအစဉ် အဖြစ် မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။


ဝန်ကြီး ဦးမြင့်ဇော်။ ။ သူတို့ စာချုပ် ချုပ်ခဲ့တာက ၂၀၁၆ မတ်လ ၂၀ ရက်နေ့မှာ။ PPA ဆိုတာ Power Purchase Agreements ၁ ယူနစ်ကုန်ကျစာရိတ် ဈေးနှုန်း သတ်မှတ်တဲ့ဟာကို စာချုပ် ချုပ်ထားခဲ့တာပေါ့လေ။ ဆက်ပြီးတော့ ကျနော်တို့က အရင် အစိုးရရဲ့ လုပ်ငန်းတွေကို Carry ပြန်ယူ တာပေါ့လေ။ ဒီ လျှပ်စစ် ထုတ်ဖို့ကို ပြည်ထောင်စု အစိုးရ အဖွဲ့က နေပြီးတော့မှ မြေလွတ်မြေရိုင်း လုပ်ပိုင်ခွင့် ၇၀၀ ဧက ပေးရတယ်။ အဲဒီနောက်မှ မလောက်သေးပါဘူး ဆိုပြီးတော့မှ သစ်တောမြေ ဧက က ၁၇၁ လား ၁၈၁ လား အဲဒါ သစ်တောမြေထဲက ပြန်ငှားရတယ်။ ငှားတာကတော့ တနှစ်ကို တဧကကို (၁၀၀,၀၀၀) နဲ့ ငှားပါတယ်။ အဲဒါ အရင် အစိုးရက လုပ်ခဲ့တာကို အဲဒါ Carry ယူတဲ့ အတွက် ကျနော်တို့က ဈေးနှုန်းမှာတော့ များပါတယ် ခင်ဗျ။

သိင်္ဂ ီထိုက်။ ။ ဆရာတို့ မကွေးက စစချင်းတော့ ဆိုလာ စွမ်းအင်က ကျမ သိထားတာက ၄၀ မဂ္ဂါဝပ် စမယ်ပေါ့နော်။ နောက်ပိုင်း အပြည့်အ၀ လည်ပတ်လို့ ရှိရင် ၁၀၀ ကျော်ထိ သွားမယ်လို့ ပြောပါတယ်။ အခု အခြေအနေ ဘယ်လို ရှိပါလဲ။

ဝန်ကြီး ဦးမြင့်ဇော်။ ။ လျှပ်စစ် မဂ္ဂါဝပ် ထွက်ရှိမှုက သူတို့ ၁၇၀ မဂ္ဂါဝပ် အထိ ထုတ်မယ်လို့ စာချုပ် ချုပ်ခဲ့တာပေါ့လေ။ စာချုပ် ချုပ်ခဲ့တော့ အခု ပထမ အဆင့် အနေနဲ့ကတော့ ၄၀ မဂ္ဂါဝပ် ထုတ်နေပြီပေါ့။ အခုလည်း ထုတ်နေပါပြီ။ ပင်မ ဓာတ်အားလိုင်းထဲကိုလည်း ထည့်နေပါတယ်။ ဒါပေမယ့် ဘယ်လို ဖြစ်လဲ ဆိုတော့ ပေါက်ဈေးက - နိုင်ငံတကာ ပေါက်ဈေးက ဆိုလာဆိုရင် 4 cent (အမေရိကန် ဒေါ်လာ ၄ ဆင့်) ကနေ 9 cent (အမေရိကန် ဒေါ်လာ ၉ ဆင့် ) ကြားမှာဘဲ ရှိတယ်။ ဒါပေမယ့် PPA စာချုပ်နှုန်း အရ 12.75 cent (အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၇၅ ဆင့်) နှုန်းနဲ့ စာချုပ် ချုပ်တယ်ဆိုတော့ ဈေးနှုန်း များပါတယ်။
ဈေးနှုန်းများတော့ ကျနော်တို့ အစိုးရ လက်ထက်မှာ ဘယ်လို ပြန်လည် သုံးသပ်လည်း ဆိုတော့ ပြည်ထောင်စု ဝန်ကြီးက သုံးသပ်ချက် အရ အရင် PPA ကိုတော့ ကျနော်တို့ မပြင်တော့ဘူး။ ဒီတိုင်းဘဲ ဝယ်မယ်။ နိုင်ငံတကာ ကျနော်တို့ အရင် အစိုးရ လုပ်ထားတာကို နောက် အစိုးရက ဖျက်တယ်ဆိုတဲ့ အစဉ်အလာ မဖြစ်အောင်၊ ဒါပေမယ့် နောက်ထုတ်မယ့် လျှပ်စစ်ကိုတော့ ဈေးနှုန်း တခု သတ်မှတ်ပြီးတော့မှ ဝယ်မယ် ဆိုတဲ့ အဲဒီ သဘောတူညီချက်လေးတော့ လုပ်ထားပါတယ်။
များတယ်လို့ ဘာကြောင့် ပြောရသလဲ ဆိုတော့ အများပြည်သူကို ဖြန့်တာက တယူနစ်ကို ၃၅ ကျပ်ကနေ အဆင့် တက်တက် သွားတာနော် အများဆုံး ယူနစ် ၂၀၀ ထိ သုံးမှ တယူနစ်ကို ၁၂၅ ကျပ်နဲ့ဘဲ ပေးရပါတယ်။ ၁၂၅ ကျပ်နဲ့ ဖြန့်နေတယ်။ ကျနော်တို့က တယူနစ်ကို ၁၂၅ ကျပ်နဲ့ ဖြန့်တယ်။ သူ့ကျတော့ 12.75 Cent (အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၇၅ ဆင့်) ဆိုတော့ တယူနစ်ကို တဒေါ်လာကို ၁၅၀၀ နဲ့ တွက်ရင်တော့ တယူနစ်ကို ၁၉၀ လောက် ကျနေတယ်။ အဲဒီ အတွက် များပါတယ်လို့ ပြောတာပါ။

သိင်္ဂ ီထိုက်။ ။ အဲဒီတော့ မဂ္ဂါဝပ် တိုးထုတ်လာရင်ရော ခုန ဝန်ကြီး ပြောသလိုဘဲ ဈေးနှုန်းက လျော့မှာလား။

ဝန်ကြီး ဦးမြင့်ဇော်။ ။ လျော့မှာပေါ့။ ကျနော်တို့က လျှော့မှာပေါ့နော်။ အဲဒီ တခုတင် မကပါဘူး။ ကျနော်တို့ မကွေးတိုင်းမှာ အခုဆိုရင် နေရာ ၆ နေရာပေါ့ဗျာ။ ၆ နေရာဆိုတာက စလင်း၊ တောင်တွင်းကြီး ၊ ချောက်၊ ပေါက် ၊ ပခုက္ကူ မြို့နယ်က ကျွန်းချောင်း ၊ နောက် ပခုက္ကူ ကဘဲ ဘောဓိကုန်း ခွဲရုံမှာ တနေရာ ဆိုလာကို နိုင်ငံတကာ တင်ဒါ ခေါ်ထားပါပြီ။ ၄၀ မဂ္ဂါဝပ်ဘဲ ထုတ်မယ်။ အဲဒီမှာရောက်တော့ နည်းပညာလည်း ပြိုင်မယ်၊ ဈေးနှုန်းလည်း ပြိုင်မယ်။ နောက် သူတို့ရဲ့ အတွေ့အကြုံတွေလည်း ပြိုင်ကြမှာပေါ့။ တင်ဒါ တင်ကြမှာပေါ့။ တော်တော်များများ တင်တယ်။
အဲဒီ အရ ကျနောတို့ ဈေးနှုန်းဟာ လျော့သွားနိုင်ပါတယ်။ တချို့ဆိုရင် အရင်ကတော့ ကျနော်တို့ ဒု ဝန်ကြီးက 9 cent (အမေရိကန် ဒေါ်လာ ၉ ဆင့်) ရဲ့ အောက်ဆိုရင် ဝယ်ဖို့ထိ သဘောထားပေးထားတာ။ တချို့ဆိုရင် 6 cent (အမေရိကန် ဒေါ်လာ ၆ ဆင့်) တချို့ဆိုရင် 4.5 cent (အမေရိကန် ဒေါ်လာ ၄ ဒသမ ၅ ဆင့်) ၊ တချို့ ဆိုရင် 7 cent (အမေရိကန် ဒေါ်လာ ၇ ဆင့်) အဲလောက်ထိကို ကျနော်တို့ တိုင်းဒေသကြီး အစိုးရ အဖွဲ့ကို လာရှင်းပြတာတွေ၊ သူတို့ရဲ့ လုပ်နိုင်စွမ်းကို လာပြီးတော့ ရှင်းပြတာတွေ ရှိခဲ့ပါတယ်။

သိင်္ဂ ီထိုက်။ ။ ဘယ်ကုမ္ပဏီတွေ အလျှောက်များပါသလဲ။ ပြည်တွင်း လုပ်ငန်းရှင်တွေ အလျှောက်များပါသလား ဝန်ကြီး။

ဝန်ကြီး ဦးမြင့်ဇော်။ ။ ပြည်တွင်း လုပ်ငန်းရှင်တွေ များပါတယ်။ ဒါပေမယ့် ပြည်တွင်း လုပ်ငန်းရှင်တွေကလည်း ကျနော်တို့ ပြည်တွင်း လုပ်ငန်းရှင်တွေ များသောအားဖြင့် ဒီလုပ်ငန်းကို မကျွမ်းကျင်ကြပါဘူး။ မကျွမ်းကျင် ကြတော့ နိုင်ငံတကာ မိတ်ဖက်တွေနဲ့ တွဲပြီးတော့ လုပ်မှာပေါ့လေ။ အဓိက လျှောက်တာကတော့ ထိုင်း ကုမ္ပဏီတွေ ရှိတယ်၊ ကိုရီးယား ကုမ္ပဏီတွေ ရှိတယ်၊ နောက်ပြီးတော့ တရုတ် ကုမ္ပဏီ ရှိတယ်။ ဟောင်ကောင် ကုမ္ပဏီတွေ ရှိတယ်။ အိန္ဒိယ ကုမ္ပဏီ တချို့ကတော့ လာပြီးတော့ သူတို့ကတော့ အစိုးရချင်း လုပ်မယ် ဆိုပြီးတော့ လာပြီးတော့ စူးစမ်းနေတာတွေ ရှိပါတယ် ခင်ဗျ။

သိင်္ဂ ီထိုက်။ ။ အနောက် နိုင်ငံတွေ ဘက်ကရော ဆိုလာ စွမ်းအင် ကိစ္စမှာ စိတ်ဝင်စားမှု ရှိပါသလား ဝန်ကြီးတို့ဘက်မှာ။

ဝန်ကြီး ဦးမြင့်ဇော်။ ။ ရှိပါတယ် ခင်ဗျ။ အနောက်နိုင်ငံတွေလည်း EU - ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေက သူတို့ မိတ်ဖက်တွေနဲ့ လာ လျှောက်ပါတယ်။ မြန်မာပြည် ပါတနာတွေနဲ့ လာလျှောက်တာတွေ ရှိပါတယ်။ ဒါပေမယ့် Profile တွေကိုတော့ ပြည်ထောင်စုက စစ်တဲ့ အတွက် သူတို့ ဘယ်ကုမ္ပဏီတွေနဲ့ ဘယ်လို ပါတနာ ယူထားလဲ ဆိုတာကိုတော့ ကျနော်တို့က တိတိကျကျ ပြောဖို့ ခက်တာပေါ့လေ။

သိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့ရှင့်။ ဆိုတော့ ဝန်ကြီးရှင့် အခု ဒီ တင်ဒါ အသစ်တွေ အောင်မြင်ပြီး နောက်မှာ ဒီ လျှပ်စစ် တယူနစ် ဈေးနှုန်းကို ဘယ်လောက်လောက် လျှော့ချသွားနိုင်မလဲရှင့်။

ဝန်ကြီး ဦးမြင့်ဇော်။ ။ အဲဒါက ကျနော်တို့ ဒီလိုဗျ။ လျှပ်စစ် တယူနစ်ကို ဈေးနှုန်းတွေကို သတ်မှတ်တာကတော့ ပြည်ထောင်စုက သတ်မှတ်တာ။ ပြည်ထောင်စု လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာနက သတ်မှတ်ပြီးတော့မှ ပြည်ထောင်စု အစိုးရ အဖွဲ့မှာ အတည်ပြုချက် ယူတာပေါ့လေ။ အဲဒီလို သတ်မှတ်တာ ဖြစ်ပါတယ်။ ကျနော်တို့ တိုင်းဒေသကြီး အနေနဲ့ကတော့ လုပ်ပိုင်ခွင့် မရှိပါဘူး ခင်ဗျ။ ပေးမထားပါဘူး။

XS
SM
MD
LG