သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအပစ်ရပ် ဒု-အဆင့် ဆွေးနွေးပွဲ တိုးတက်မှု မရသေး


အစ္စရေးနဲ့ ဟားမတ်စ်ကြား အပစ်ရပ် ပထမ အဆင့် အဖြစ် တိုက်ပွဲရပ်နားထားချိန်မှာ ဂါဇာ တောင်ပိုင်း Rafah မြို့မှာ မွတ်ဆလင်တွေရဲ့ ဥပုသ်လ ညပိုင်း စုပေါင်း ဝတ်ပြု ဆုတောင်းပွဲကို အဆောက်အအုံ အပျက်အစီးတွေ အနီး ပြုလုပ်နေတဲ့ မြင်ကွင်း။ မတ်လ ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ဓာတ်ပုံ - REUTERS/Hatem Khaled
အစ္စရေးနဲ့ ဟားမတ်စ်ကြား အပစ်ရပ် ပထမ အဆင့် အဖြစ် တိုက်ပွဲရပ်နားထားချိန်မှာ ဂါဇာ တောင်ပိုင်း Rafah မြို့မှာ မွတ်ဆလင်တွေရဲ့ ဥပုသ်လ ညပိုင်း စုပေါင်း ဝတ်ပြု ဆုတောင်းပွဲကို အဆောက်အအုံ အပျက်အစီးတွေ အနီး ပြုလုပ်နေတဲ့ မြင်ကွင်း။ မတ်လ ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ဓာတ်ပုံ - REUTERS/Hatem Khaled

အစ္စရေးနဲ့ အမေရိကန်ပြည်ထောင်စုက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ ဟားမတ်စ်အဖွဲ့တို့ကြား အပစ်အခတ်ရပ်စဲရေး ဒုတိယအဆင့် ဆွေးနွေးပွဲတွေရဲ့ နောက်ဆုံးအချီက တိုးတက်မှုမရှိဘဲ ပြီးဆုံးသွားပါတယ်။

သောကြာနေ့က အစ္စရေးညှိနှိုင်းသူတွေ အိမ်ပြန်သွားချိန်မှာ ဆွေးနွေးပွဲက “တိုးတက်မှုမရှိခဲ့သလို စနေမှာ ပြန်လည် စတင်နိုင်မလား ဆိုတာလည်း မသေချာဘူး” လို့ ဟားမတ်စ်ရဲ့ နိုင်ငံရေးဗျူရို အဖွဲ့ဝင်တဦးဖြစ်သူ ဘာဆမ် နိုင်မ်က အေပီသတင်းဌာနကို ပြောပါတယ်။

ပထမအဆင့် သဘောတူထားတဲ့ အပစ်ရပ် သက်တမ်းက စနေနေ့မှာ ကုန်ဆုံးမှာ ဖြစ်ပေမယ့် သဘောတူညီချက်ရဲ့ စည်းကမ်းချက်တွေ အရဆိုရင်တော့ ဒုတိယအဆင့်ဆွေးနွေးပွဲတွေ ဆက်လက် ဆောင်ရွက်နေရင် နှစ်ဘက်လုံးက တိုက်ပွဲတွေ ပြန်လည်စတင်မှာ မဟုတ်ပါဘူး။

အစ္စရေး၊ ကာတာ၊ အီဂျစ်နဲ့ အမေရိကန်ပြည်ထောင်စုက အရာရှိတွေဟာ ကိုင်ရိုမြို့တော်မှာ ဒုတိယအဆင့်ဆွေးနွေးပွဲတွေ လုပ်ဆောင်နေတာပါ။ အဲဒီမှာ ဟားမတ်စ်က တက်ရောက်ခြင်းမရှိပေမယ့် သူတို့ရဲ့ ရပ်တည်ချက်ကို အီဂျစ်နဲ့ ကာတာ နိုင်ငံတွေက ကြားခံညှိနှိုင်းသူတွေက တဆင့် ဆွေးနွေးခဲ့ပါတယ်။

ဒုတိယအဆင့် ဆွေးနွေးမှုမှာတော့ ဂါဇာ စစ်ပွဲအဆုံးသတ်နိုင်ပြီး အစ္စရေးတပ်ဖွဲ့တွေ ဆုတ်ခွာသွားကာ၊ ဟားမတ်စ်ဖမ်းထားတဲ့ အထိက အသက်ရှင်လျက် ကျန်ရှိနေသူ ဓားစာခံတွေ ပြန်လွတ်လာရေး ညှိနှိုင်းနေကြတာ ဖြစ်ပါတယ်။

အစ္စရေးအဆိုအရ ဂါဇာမှာ ကျန်ရှိနေသေးတဲ့ ဓားစာခံ ၅၉ ဦးအနက် ၃၂ ဦးမှာ သေဆုံးပြီ ဖြစ်ပါတယ်။

ဂါဇာကမ်းမြောင်မှာ ၁၅ လကြာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကို ရပ်တန့်နိုင်ခဲ့တဲ့ ပထမအဆင့် အပစ်ရပ်ရေး ကာလ အတွင်းမှာ ရုပ်အလောင်း ၈ လောင်းအပါအဝင် ဓားစာခံ ၃၃ ဦးကို ဟားမတ်က လွှတ်ပေးခဲ့ပြီး၊ အစ္စရေးကလည်း ပါလက်စတိုင်းအကျဉ်းသား ၂,၀၀၀ နီးပါး လွှတ်ပေးခဲ့ပါတယ်။

တိုက်ခိုက်မှုတွေ ရပ်တန့်နေလို့ လူထောင်ပေါင်းများစွာ ဂါဇာမြောက်ပိုင်းက သူတို့ရဲ့ နေအိမ်တွေကို ပြန်လာနိုင်ခဲ့ကြသလို အဲဒီနယ်မြေအတွင်းကို အကူအညီ ပေးရေး လုပ်ငန်းတွေ တိုးမြှင့်ဝင်ရောက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အစ္စရေးတပ်ဖွဲ့တွေကလည်း ကြားခံဇုန်တွေကို ဆုတ်ခွာပေးခဲ့ပါတယ်။

ဂါဇာအပစ်ရပ် ဒု-အဆင့် ဆွေးနွေးပွဲ တိုးတက်မှု မရသေး
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG