သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်မှာ TSMC ဒေါ်လာ ၁၀၀ ဘီလီယံမြှုပ်နှံမှု ထိုင်ဝမ်သမ္မတ ကြိုဆို


တိုင်ဝမ်သမ္မတ Lai Ching-te နဲ့ TSMC အကြီးအကဲ
တိုင်ဝမ်သမ္မတ Lai Ching-te နဲ့ TSMC အကြီးအကဲ

တိုင်ဝမ်ရဲ့ တပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်မှု ကော်ပိုရေးရှင်း TSMC က အမေရိကန်မှာ ဒေါ်လာ ဘီလီယံ ၁၀၀ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေတာဟာ အမေရိကန်- တိုင်ဝမ်ဆက်ဆံရေး အတွက် သမိုင်းတွင်တဲ့ လုပ်ရပ်ဖြစ်ကြောင်း တိုင်ဝမ်သမ္မတ Lai Ching-te က ပြောကြားလိုက်ပြီး အခုလို လုပ်ဆောင်တာဟာ အမေရိကန်အစိုးရ ရဲ့ ဖိအားကြောင့် မဟုတ်ကြောင်းလည်း ပြောပါတယ်။

တိုင်ဝမ် TSMC ကုမ္ပဏီ အကြီးအကဲ C.C. Wei က အခုလို အမေရိကန်မှာ ထုတ်လုပ်ဖို့ လုပ်ဆောင်မှုကနေ ဝယ်လိုသူ အများအပြားပေါ်လာ ကြောင်းနဲ့ သူ့ကုမ္ပဏီထုတ်ကုန်တွေ အတွက် လာမယ့် ၃ နှစ်စာ စာချုပ် ချုပ်ဆိုမှုတွေ ရှိလာတယ်လို့ သမ္မတရုံးမှာပြုလုပ်တဲ့ မတ်လ ၆ ရက် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။

TSMC က တိုင်ဝမ်ပြင်ပမှာ ထုတ်လုပ်ဖို့ လုပ်တိုင်း ဝယ်လိုအား တိုးလာတယ်လို့လည်း ပြောပါတယ်။ အခု ဘီလီယံ ၁၀၀ ရင်းနှီးမြှုပ်နှံမှုဟာ အမေရိကန်နဲ့ TSMC တို့ကြား ဒေါ်လာ ၆၅ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံဖို့ ပြီးခဲ့တဲ့ ဧပြီလထဲ သဘောတူထားခဲ့တာနဲ့ သက်ဆိုင်မှုမရှိကြောင်းလည်း ပြောပါတယ်။

မနှစ်က ဧပြီလ သဘောတူစာချုပ် ထဲမှာ အမေရိကန် အရီဇိုးနား ပြည်နယ်ထဲ TSCM က တပိုင်းလျှပ်ကူး ပစ္စည်း ထုတ်စက်ရုံသစ် ၃ ရုံ ၊ သုတေသနနဲ့ ဖွံ့ဖြိုးမှု စင်တာ နဲ့ ထုပ်ပိုးရုံ ၂ ခု တည်ဆောက်ဖို့တွေ ပါဝင်ပါတယ်။

TSCM က အမေရိကန်မှာ ရင်းနှီးမြှုပ်နှံမှု အသစ် လုပ်ဆောင်မှာ ဖြစ်ကြာင်း သမ္မတအိမ်ဖြူတော်မှာ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ TSCM အကြီးအကဲတို့ ကြေခဲ့ပြီးနောက် ၂ ရက်အကြာ မှာ တိုင်ဝမ်သမ္မတက အခုလို ကြေညာခဲ့တာ ဖြစ်ပါတယ်။

TSMC ကုမ္ပဏီဟာ ဂျပန်နဲ့ ဂျာမနီမှာလည်း စက်ရုံတွေ တိုးချဲ့ တည်ဆောက်နေတာ ဖြစ်ပြီး အခုလို ဒီကုမ္ပဏီရဲ့ နိုင်ငံတကာ လုပ်ငန်း တိုးချဲ့မှုကနေ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးလာသလို တိုင်ဝမ်ကို အင်အားခိုင်မာစေတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG