သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တိုးျမစ္မွာ ေရေၾကာင္းသြားလာခြင့္နဲ႔ ငါးဖမ္းခြင့္ ကန္႔သတ္မႈေၾကာင့္ ေဒသခံေတြ အခက္ေတြ႕


Myanmar Daily Life

ဧရာဝတီတိုင္း တိုးျမစ္ထဲ ေရေၾကာင္း သြားလာခြင့္နဲ႔ ငါးဖမ္းခြင့္ကို ျမန္မာစစ္တပ္ဘက္က ၂ လနီးပါး ပိတ္ပင္လိုက္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။  ငါးဖမ္းခြင့္ ပိတ္ပင္ခံထားရတဲ့ အေျခအေန သတင္းေပးပို႔ခ်က္ကို နန္းေလာင္ဝ္ က ေျပာျပပါမယ္။

တိုးျမစ္မွာ ေရေၾကာင္းသြားလာခြင့္နဲ႔ ငါးဖမ္းခြင့္ ကန္႔သတ္မႈေၾကာင့္ ေဒသခံေတြ အခက္ေတြ႕

{{Zawgyi/Unicode}}
ဧရာဝတီတိုင္းရဲ႕ အဓိကေရလမ္းေၾကာင္း တခုျဖစ္တဲ့ တိုးျမစ္ထဲ ေရေၾကာင္း သြားလာခြင့္နဲ႔ ငါးဖမ္းခြင့္ကို ျမန္မာစစ္တပ္ဘက္က ၂ လနီးပါး ပိတ္ပင္လိုက္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဧရာဝတီတိုင္းမွာရွိတဲ့ ေရလမ္းေၾကာင္းအားလုံးကို ပိတ္ဆို႔တာ မဟုတ္ဘဲ တိုးျမစ္ကိုပဲ အဓိကထား ပိတ္ပင္လိုက္တာျဖစ္ပါတယ္။ ငါးဖမ္းခြင့္ ပိတ္ပင္ခံထားရတဲ့ အေျခအေန သတင္းေပးပို႔ခ်က္ကို နန္းေလာင္ဝ္ က ေျပာျပပါမယ္။

ပင္လယ္နဲ႔ ဆက္စပ္ေနတဲ့ ဧရာဝတီတိုင္း၊ မအူပင္ၿမိဳ႕က တိုးျမစ္တေလွ်ာက္မွာ ငါးဖမ္းခြင့္နဲ႔ ေရေၾကာင္းသြားလာခြင့္ ျမန္မာစစ္တပ္ဘက္က ၂ လနီးပါးပိတ္ ထားလိုက္တယ္လို႔ ေဒသခံေတြက ဗြီအိုေအ ကို ေျပာပါတယ္။ ေအာက္တိုဘာ ၁ ရက္ေန႔ကစၿပီး ႏိုဝင္ဘာ ၁၅ ရက္ေန႔အထိ တားျမစ္ထားတာပါ။ လုံၿခဳံေရးအရ အဓိကျမစ္ေၾကာင္းတခုကို အသုံးျပဳခြင့္ ပိတ္ပင္လိုက္တာ ျဖစ္တယ္လို႔ မအူပင္ၿမိဳ႕နယ္က ေရလုပ္သားတဦးက ဗြီအိုေအကို ေျပာပါတယ္။ အခုလို အခ်ိန္ၾကာၾကာ ငါးဖမ္းခြင့္ကို ပိတ္လိုက္တဲ့အတြက္ စားဝတ္ေနေရးအရလည္း ထိခိုက္ရတယ္လို႔ သူက ေျပာပါတယ္။

"အဓိကေတာ့ သူတို႔ ပင္မေရလမ္းေၾကာင္းကေန PDF ေတြ ဝင္လာမယ္အထင္နဲ႔ ပိတ္တယ္လို႔ေတာ့ ျမင္ပါတယ္။ ဒီ ဧရာဝတီ ဆိုတာက ပထဝီအေနအထားအရ က်န္တဲ့တိုင္းနဲ႔ ျပည္နယ္ေတြနဲ႔ မတူတဲ့အခါက်ေတာ့ သူတို႔က ကုန္းလမ္းကိုအသုံးျပဳဖို႔ သိပ္အဆင္မေျပႏိုင္ဘူး ဆိုတာ သူတို႔တြက္ထားပုံ ရပါတယ္။ အဲဒီအတြက္ေရလမ္းက ထြက္လမ္းကို မပိတ္ရင္ေတာင္ ဝင္လမ္းကို အဓိက ေစာင့္ၾကည့္မယ္ဆိုတဲ့ သေဘာမ်ိဳး သက္ေရာက္မယ္လို႔ ထင္ပါတယ္။ လယ္ယာလုပ္ငန္းအျပင္ ေရလုပ္ငန္းကိုလည္း အဓိကထားရတဲ့ တိုင္းတတိုင္း ျဖစ္တဲ့အခါက်ေတာ့ ဒီလိုမ်ိဳးေတြ ပိတ္တာကေတာ့ ျပည္သူကို ႏိုင့္ထက္စီးနင္းလုပ္တဲ့ သေဘာမ်ိဳး သက္ေရာက္တယ္။ သူတို႔ျဖစ္ခ်င္တဲ့ အေနအထားကိုပဲ လုပ္ၿပီးေတာ့ ျပည္သူဘက္ကို မငဲ့တဲ့ပုံစံမ်ိဳး သက္ေရာက္တယ္လို႔ ထင္ပါတယ္။"

တိုးျမစ္တေလွ်ာက္ ငါးဖမ္းခြင့္ကို ပိတ္ပင္ထားေပမယ့္ ႐ြာဘက္မွာေတာ့ ငါးဖမ္းပိုက္ခ်တာေတြ အခုထိရွိေနၿပီး အာဏာပိုင္ေတြအေနနဲ႔လည္း တစုံတရာေၾကညာတာမ်ိဳး မရွိဘူးလို႔ ေဒသခံတဦးက ေျပာပါတယ္။

"႐ြာမွာေတာ့ အသံမၾကားဘူး။ ႐ြာဘက္မွာေတာ့ ခ်ေနၾကတာပဲ။ ငါးဖမ္းပိုက္ ခ်တဲ့သူကလည္း ခ်တယ္၊ မခ်တဲ့လူကလည္း မခ်ဘူး။ ႐ြာဘက္ကေတာ့ ပုံမွန္အတိုင္းပဲ။"

အခုလို ငါးဖမ္းခြင့္ ႐ုတ္တရက္ပိတ္လိုက္တဲ့အေပၚ လုံၿခဳံေရးအေျခအေနေၾကာင့္ဆိုၿပီး ခန႔္မွန္းေျပာဆိုတာေတြ ရွိပါတယ္။ တျခား လက္နက္ကိုင္အဖြဲ႕အစည္းေတြ ျမစ္ေၾကာင္းကို သုံးၿပီး ၀င္လာမွာ စိုးရိမ္လို႔ ျဖစ္ႏိုင္တယ္ဆိုၿပီး ေျပာဆိုေပမဲ့ ျမန္မာစစ္တပ္ဘက္က အတိအက် သတင္းထုတ္ျပန္တာ မရွိပါဘူး။ ေမြးျမဴေရးနဲ႔ ကုသေရးဦးစီးဌာနက တာ၀န္ရွိသူ တဦးကေတာ့ တိုးျမစ္တေလွ်ာက္ ငါးဖမ္းခြင့္ပိတ္ပင္တဲ့ အေျခအေန ႐ုံးခ်ဳပ္ကို တင္ျပလာတာမ်ိဳး မရွိဘူးလို႔ ေျပာပါတယ္။

"က်ေနာ္တို႔ ႐ုံးခ်ဳပ္အေနနဲ႔ေတာ့ မၾကားဘူးဗ်။ တိုင္းေဒသႀကီး အစိုးရအဖြဲ႕ကမ်ား ေၾကညာသလား။ ျမစ္ ၄ ျမစ္မွာ ငါးသေလာက္မဖမ္းရတဲ့ ရာသီကေတာ့ တိုင္းအစိုးရအဖြဲ႕အေနနဲ႔ ေၾကညာထားတာရွိတယ္။"

ဒါနဲ႔ပတ္သက္လို႔ ဧရာဝတီတိုင္း၊ ငါးလုပ္ငန္းဦးစီးဌာနဆီ ေမးျမန္းဖို႔ ဆက္သြယ္ခဲ့ေပမယ့္ တုံ႔ျပန္ခ်က္ မရပါဘူး။ ငဝန္ျမစ္၊ တိုးျမစ္တို႔ဟာ ဧရာဝတီတိုင္းရဲ႕ အဓိကေရလမ္းေၾကာင္းေတြ ျဖစ္ၿပီး ဒီျမစ္ကမ္းစပ္မွာရွိတဲ့ အေထာက္အထားမဲ့ ေနထိုင္သူေတြကိုလည္း မၾကာေသးခင္ လပိုင္းေတြအတြင္းက ရွင္းလင္းေနပါတယ္။ ၿပီးခဲ့တဲ့ တပတ္ေလာက္က ပုသိမ္ၿမိဳ႕ ဘူတာႀကီးနဲ႔ ငဝန္ျမစ္ၾကားမွာ ရွိတဲ့ လူဦးေရ ၂ ေထာင္နီးပါး ေနထိုင္ေနတဲ့ ရပ္ကြက္တခုကို ေျပာင္းေ႐ႊ႕ေပးဖို႔အတြက္ စာထုတ္ခဲ့ၿပီး တာ၀န္ရွိသူေတြဘက္က စတင္ရွင္းလင္းေနသလို၊ အခု ငါးဖမ္းခြင့္ေတြ ျမန္မာစစ္တပ္က ၂ လနီးပါး ပိတ္ပင္လိ္ုက္တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

.................................................

တိုးမြစ်မှာ ရေကြောင်းသွားလာခွင့်နဲ့ ငါးဖမ်းခွင့် ကန့်သတ်မှုကြောင့် ဒေသခံတွေ အခက်တွေ့

{{Zawgyi/Unicode}}
ဧရာဝတီတိုင်းရဲ့ အဓိကရေလမ်းကြောင်း တခုဖြစ်တဲ့ တိုးမြစ်ထဲ ရေကြောင်း သွားလာခွင့်နဲ့ ငါးဖမ်းခွင့်ကို မြန်မာစစ်တပ်ဘက်က ၂ လနီးပါး ပိတ်ပင်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဧရာဝတီတိုင်းမှာရှိတဲ့ ရေလမ်းကြောင်းအားလုံးကို ပိတ်ဆို့တာ မဟုတ်ဘဲ တိုးမြစ်ကိုပဲ အဓိကထား ပိတ်ပင်လိုက်တာဖြစ်ပါတယ်။ ငါးဖမ်းခွင့် ပိတ်ပင်ခံထားရတဲ့ အခြေအနေ သတင်းပေးပို့ချက်ကို နန်းလောင်ဝ် က ပြောပြပါမယ်။

ပင်လယ်နဲ့ ဆက်စပ်နေတဲ့ ဧရာဝတီတိုင်း၊ မအူပင်မြို့က တိုးမြစ်တလျှောက်မှာ ငါးဖမ်းခွင့်နဲ့ ရေကြောင်းသွားလာခွင့် မြန်မာစစ်တပ်ဘက်က ၂ လနီးပါးပိတ် ထားလိုက်တယ်လို့ ဒေသခံတွေက ဗွီအိုအေ ကို ပြောပါတယ်။ အောက်တိုဘာ ၁ ရက်နေ့ကစပြီး နိုဝင်ဘာ ၁၅ ရက်နေ့အထိ တားမြစ်ထားတာပါ။ လုံခြုံရေးအရ အဓိကမြစ်ကြောင်းတခုကို အသုံးပြုခွင့် ပိတ်ပင်လိုက်တာ ဖြစ်တယ်လို့ မအူပင်မြို့နယ်က ရေလုပ်သားတဦးက ဗွီအိုအေကို ပြောပါတယ်။ အခုလို အချိန်ကြာကြာ ငါးဖမ်းခွင့်ကို ပိတ်လိုက်တဲ့အတွက် စားဝတ်နေရေးအရလည်း ထိခိုက်ရတယ်လို့ သူက ပြောပါတယ်။

"အဓိကတော့ သူတို့ ပင်မရေလမ်းကြောင်းကနေ PDF တွေ ဝင်လာမယ်အထင်နဲ့ ပိတ်တယ်လို့တော့ မြင်ပါတယ်။ ဒီ ဧရာဝတီ ဆိုတာက ပထဝီအနေအထားအရ ကျန်တဲ့တိုင်းနဲ့ ပြည်နယ်တွေနဲ့ မတူတဲ့အခါကျတော့ သူတို့က ကုန်းလမ်းကိုအသုံးပြုဖို့ သိပ်အဆင်မပြေနိုင်ဘူး ဆိုတာ သူတို့တွက်ထားပုံ ရပါတယ်။ အဲဒီအတွက်ရေလမ်းက ထွက်လမ်းကို မပိတ်ရင်တောင် ဝင်လမ်းကို အဓိက စောင့်ကြည့်မယ်ဆိုတဲ့ သဘောမျိုး သက်ရောက်မယ်လို့ ထင်ပါတယ်။ လယ်ယာလုပ်ငန်းအပြင် ရေလုပ်ငန်းကိုလည်း အဓိကထားရတဲ့ တိုင်းတတိုင်း ဖြစ်တဲ့အခါကျတော့ ဒီလိုမျိုးတွေ ပိတ်တာကတော့ ပြည်သူကို နိုင့်ထက်စီးနင်းလုပ်တဲ့ သဘောမျိုး သက်ရောက်တယ်။ သူတို့ဖြစ်ချင်တဲ့ အနေအထားကိုပဲ လုပ်ပြီးတော့ ပြည်သူဘက်ကို မငဲ့တဲ့ပုံစံမျိုး သက်ရောက်တယ်လို့ ထင်ပါတယ်။"

တိုးမြစ်တလျှောက် ငါးဖမ်းခွင့်ကို ပိတ်ပင်ထားပေမယ့် ရွာဘက်မှာတော့ ငါးဖမ်းပိုက်ချတာတွေ အခုထိရှိနေပြီး အာဏာပိုင်တွေအနေနဲ့လည်း တစုံတရာကြေညာတာမျိုး မရှိဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

"ရွာမှာတော့ အသံမကြားဘူး။ ရွာဘက်မှာတော့ ချနေကြတာပဲ။ ငါးဖမ်းပိုက် ချတဲ့သူကလည်း ချတယ်၊ မချတဲ့လူကလည်း မချဘူး။ ရွာဘက်ကတော့ ပုံမှန်အတိုင်းပဲ။"

အခုလို ငါးဖမ်းခွင့် ရုတ်တရက်ပိတ်လိုက်တဲ့အပေါ် လုံခြုံရေးအခြေအနေကြောင့်ဆိုပြီး ခန့်မှန်းပြောဆိုတာတွေ ရှိပါတယ်။ တခြား လက်နက်ကိုင်အဖွဲ့အစည်းတွေ မြစ်ကြောင်းကို သုံးပြီး ဝင်လာမှာ စိုးရိမ်လို့ ဖြစ်နိုင်တယ်ဆိုပြီး ပြောဆိုပေမဲ့ မြန်မာစစ်တပ်ဘက်က အတိအကျ သတင်းထုတ်ပြန်တာ မရှိပါဘူး။ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက တာဝန်ရှိသူ တဦးကတော့ တိုးမြစ်တလျှောက် ငါးဖမ်းခွင့်ပိတ်ပင်တဲ့ အခြေအနေ ရုံးချုပ်ကို တင်ပြလာတာမျိုး မရှိဘူးလို့ ပြောပါတယ်။

"ကျနော်တို့ ရုံးချုပ်အနေနဲ့တော့ မကြားဘူးဗျ။ တိုင်းဒေသကြီး အစိုးရအဖွဲ့ကများ ကြေညာသလား။ မြစ် ၄ မြစ်မှာ ငါးသလောက်မဖမ်းရတဲ့ ရာသီကတော့ တိုင်းအစိုးရအဖွဲ့အနေနဲ့ ကြေညာထားတာရှိတယ်။"

ဒါနဲ့ပတ်သက်လို့ ဧရာဝတီတိုင်း၊ ငါးလုပ်ငန်းဦးစီးဌာနဆီ မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်ချက် မရပါဘူး။ ငဝန်မြစ်၊ တိုးမြစ်တို့ဟာ ဧရာဝတီတိုင်းရဲ့ အဓိကရေလမ်းကြောင်းတွေ ဖြစ်ပြီး ဒီမြစ်ကမ်းစပ်မှာရှိတဲ့ အထောက်အထားမဲ့ နေထိုင်သူတွေကိုလည်း မကြာသေးခင် လပိုင်းတွေအတွင်းက ရှင်းလင်းနေပါတယ်။ ပြီးခဲ့တဲ့ တပတ်လောက်က ပုသိမ်မြို့ ဘူတာကြီးနဲ့ ငဝန်မြစ်ကြားမှာ ရှိတဲ့ လူဦးရေ ၂ ထောင်နီးပါး နေထိုင်နေတဲ့ ရပ်ကွက်တခုကို ပြောင်းရွှေ့ပေးဖို့အတွက် စာထုတ်ခဲ့ပြီး တာဝန်ရှိသူတွေဘက်က စတင်ရှင်းလင်းနေသလို၊ အခု ငါးဖမ်းခွင့်တွေ မြန်မာစစ်တပ်က ၂ လနီးပါး ပိတ်ပင်လိုက်တာဖြစ်ပါတယ်။

XS
SM
MD
LG