သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကမာၻ႔အႀကီးဆုံး ငါးလိပ္ေက်ာက္ မဲေခါင္ျမစ္မွာ ဖမ္းဆီးရမိ


(Zawgyi / Unicode)

မဲေခါင္ျမစ္ရဲ႕ ကေမၻာဒီးယားႏုိင္ငံ အပုိင္းမွာ ကီလုိဂရမ္ ၃၀၀ ရွိတဲ့ ကမၻာ့အႀကီးဆုံး ေရခ်ိဳ ငါးလိပ္ေက်ာက္ ငါးႀကီးတေကာင္ကုိ ဖမ္းမိခဲ့ပါတယ္။ ဖမ္းမိတဲ့ငါးႀကီးဟာ ေခါင္းကေန အၿမီးထိ ၁၃ ေပရွည္လ်ားၿပီး ၿပီးခဲ့တဲ့ရက္သတၱပတ္အတြင္းကဖမ္းမိခဲ့တာပါ။

သူ႔ရဲ့သြားလာေနထုိင္မႈကုိ ေထာက္လွမ္းႏုိင္မယ့္ကိရိယာ တမ်ိဳး ကုိယ္မွာတပ္ဆင္ေပးၿပီး ေရထဲကုိျပန္လႊတ္ေပးခဲ့ပါတယ္။

ေရေအာက္ၾကမ္းျပင္မွာေနေလ့ရွိတဲ့ ေရခ်ိဳငါးလိပ္ေက်ာက္ အမ်ိဳးအစားကုိ ၂၀၀၅ ခုႏွစ္ တုန္းက မဲေခါင္ျမစ္ရဲ့ ထုိင္းႏုိင္ငံ ပုိင္နက္ထဲမွာ ဖမ္းမိခဲ့ဖူးၿပီး ၂၉၃ ကီလုိဂရမ္ရွိတယ္လုိ႔ အေမရိကန္ျပည္ေထာင္စုက ကူညီေထာက္ပံ့ထားတဲ့ မဲေခါင္ေလ့လာေရးစီမံခ်က္က ေျပာပါတယ္။

ကမၻာအႏ႔ွံက ျမစ္ေခ်ာင္းအင္းအုိင္ေတြ ေရခ်ိဳငါးႀကီးေတြကုိႏွစ္ေပါင္း ၂၀ ေက်ာ္ ေလ့လာ မွတ္တမ္းတင္ခဲ့တဲ့ အထဲမွာ အခု ကေမၻာဒီးယားမွာ ဖမ္းမိတဲ့ ငါးလိပ္ေက်ာက္ဟာ အႀကီးဆုံးျဖစ္တယ္လုိ႔ မဲေခါင္ေလ့လာေရးစီမံခ်က္ရဲ႕ ငါးဇီ၀ေဗဒပညာရွင္ Zeb Hogan ကေျပာပါတယ္။

ဒီေဒသမွာပဲ ၿပီးခဲ့တဲ့ လထဲတုန္းက အေလးခ်ိန္ ၁၈၀ ကီလိုဂရမ္ရွိတဲ့ ရွားပါး ငါးလိပ္ေက်ာက္ တေကာင္ကို ဖမ္းဆီးမိခဲ့ၿပီး ျပန္လႊတ္ေပးခဲ့ဖူးပါတယ္။ ရႊံ႕ႏြံ ထူထပ္တဲ့ မဲေခါင္ျမစ္အတြင္း ငါးအမ်ိဳးအစားေပါင္း ၁,၀၀၀ ေက်ာ္ေလာက္ရွိၿပီး ငါးလိပ္ေက်ာက္ သာမက အျခား ငါးႀကီးအမ်ိဳးအစားေတြလည္း ရွိပါတယ္။ မဲေခါင္ျမစ္ဟာ တရုတ္ကေန စတင္ၿပီး ျမန္မာ၊ လာအုိ၊ ထုိင္း၊ ကေမၻာဒီးယားတု႔ိကုိ ျဖတ္သန္းၿပီး ဗီယက္နမ္အထိ စီးဆင္းပါတယ္။ မဲေခါင္ျမစ္၀ွမ္းအတြင္း လူသန္း ၆၀ ေလာက္မွီခုိေန ထုိင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ကမ္ဘာ့အကြီးဆုံး ငါးလိပ်ကျောက် မဲခေါင်မြစ်မှာ ဖမ်းဆီးရမိ

မဲခေါင်မြစ်ရဲ့ ကမ္ဘောဒီးယားနိုင်ငံ အပိုင်းမှာ ကီလိုဂရမ် ၃၀၀ ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ရေချို ငါးလိပ်ကျောက် ငါးကြီးတကောင်ကို ဖမ်းမိခဲ့ပါတယ်။ ဖမ်းမိတဲ့ငါးကြီးဟာ ခေါင်းကနေ အမြီးထိ ၁၃ ပေရှည်လျားပြီး ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းကဖမ်းမိခဲ့တာပါ။

သူ့ရဲ့သွားလာနေထိုင်မှုကို ထောက်လှမ်းနိုင်မယ့်ကိရိယာ တမျိုး ကိုယ်မှာတပ်ဆင်ပေးပြီး ရေထဲကိုပြန်လွှတ်ပေးခဲ့ပါတယ်။ ရေအောက်ကြမ်းပြင်မှာနေလေ့ရှိတဲ့ ရေချိုငါးလိပ်ကျောက် အမျိုးအစားကို ၂၀၀၅ ခုနှစ် တုန်းက မဲခေါင်မြစ်ရဲ့ ထိုင်းနိုင်ငံ ပိုင်နက်ထဲမှာ ဖမ်းမိခဲ့ဖူးပြီး ၂၉၃ ကီလိုဂရမ်ရှိတယ်လို့ အမေရိကန်ပြည်ထောင်စုက ကူညီထောက်ပံ့ထားတဲ့ မဲခေါင်လေ့လာရေးစီမံချက်က ပြောပါတယ်။

ကမ္ဘာအန့ှံက မြစ်ချောင်းအင်းအိုင်တွေ ရေချိုငါးကြီးတွေကိုနှစ်ပေါင်း ၂၀ ကျော် လေ့လာ မှတ်တမ်းတင်ခဲ့တဲ့ အထဲမှာ အခု ကမ္ဘောဒီးယားမှာ ဖမ်းမိတဲ့ ငါးလိပ်ကျောက်ဟာ အကြီးဆုံးဖြစ်တယ်လို့ မဲခေါင်လေ့လာရေးစီမံချက်ရဲ့ ငါးဇီဝဗေဒပညာရှင် Zeb Hogan ကပြောပါတယ်။
ဒီဒေသမှာပဲ ပြီးခဲ့တဲ့ လထဲတုန်းက အလေးချိန် ၁၈၀ ကီလိုဂရမ်ရှိတဲ့ ရှားပါး ငါးလိပ်ကျောက် တကောင်ကို ဖမ်းဆီးမိခဲ့ပြီး ပြန်လွှတ်ပေးခဲ့ဖူးပါတယ်။ ရွှံ့နွံ ထူထပ်တဲ့ မဲခေါင်မြစ်အတွင်း ငါးအမျိုးအစားပေါင်း ၁,၀၀၀ ကျော်လောက်ရှိပြီး ငါးလိပ်ကျောက် သာမက အခြား ငါးကြီးအမျိုးအစားတွေလည်း ရှိပါတယ်။

မဲခေါင်မြစ်ဟာ တရုတ်ကနေ စတင်ပြီး မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားတု့ိကို ဖြတ်သန်းပြီး ဗီယက်နမ်အထိ စီးဆင်းပါတယ်။ မဲခေါင်မြစ်ဝှမ်းအတွင်း လူသန်း ၆၀ လောက်မှီခိုနေ ထိုင်ပါတယ်။

XS
SM
MD
LG