သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏွစ္သန္းေပါင္း ၁၀၀ ခန္႔က ပိုးဟပ္ ျမန္မာ႔ပယင္းထဲမွာ ေတြ႔႐ွိ


အေမရိကန္ ျပည္ေထာင္စု ဖေလာ္ရီဒါ ျပည္နယ္က ျပတိုက္မွာ ေတြ႔ရတဲ႔ ရုပ္ၾကြင္းပါ ျမန္မာ့ ပယင္းေက်ာက္။

ျမန္မာႏုိင္ငံက လိုဏ္ဂူတခုအတြင္း ရွားပါး ေရွးေဟာင္း ပုိးဟပ္ရုပ္ႂကြင္း ၂ ခု ကုိ ႏုိင္ငံတကာ သိပၸံပညာရွင္ေတြ ရွာေဖြ ေတြ႔ရွိခဲ့ပါတယ္။ ပယင္းထဲမွာ မူရင္းမပ်က္ရွိေနတဲ့ အဲဒီ ပုိးဟပ္ ၂ ေကာင္ အေပၚ သုံးသပ္ခ်က္ေတြ ကုိေတာ့ ရွာေဖြေတြ႔ရွိတဲ့ သိပၸံရွင္ေတြက Gondwana သုေတသန ဂ်ာနယ္မွာ ေဖာ္ျပထားပါတယ္။

ဒီပုိးဟပ္ ၂ ေကာင္ကုိေတာ့ Crenocticola svadba နဲ႔ Mulleriblattina bowangi လုိ႔ အသီးသီး အမည္ေပးထားၿပီး သူတုိ႔ကုိ Nocticolidae လုိ႔ေခၚတဲ့ ပုိးဖလံအုပ္စုထဲမွာ ထည့္ထားတယ္လုိ႔ ဆုိပါတယ္။ သူတုိ႔ဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၉၉ သန္းေလာက္က သက္ရွိထင္ရွား ရွိေနခဲ့တာလုိ႔ ခန္႔မွန္းထားပါတယ္။ အဲဒီကာလဟာ Cretaceous ေခၚတဲ့ ဒုိင္ႏုိေဆာေတြ သက္ရွိထင္ရွားရွိခဲ့တဲ့ အခ်ိန္လည္း ျဖစ္ပါတယ္။

သူတုိ႔ကုိ ျမန္မာႏုိင္ငံ၊ ဟူးေကာင္းေတာင္ၾကားမွာ မုိင္းတူးရာက ထြက္လာတဲ့ ပယင္းေတြထဲမွာ ေတြ႔ခဲ့တာလုိ႔ ဆုိပါတယ္။ ဒီမုိင္းတြင္းနဲ႔ မုိင္းတြင္းထဲက ထြက္လာတဲ့ ပယင္းေတြကုိ သုေတသန မ်ဳိးစုံ ျပဳလုပ္ေနၾကတာ ျဖစ္ပါတယ္။

သုေတသီေတြ ေလ့လာဖုိ႔အတြက္ ပယင္း တန္ ၁၁၀ ေပးခဲ့တယ္လုိ႔ ဆုိပါတယ္။ အေစာပုိင္းတုန္းကလည္း မုိင္းတြင္းထဲကထြက္လာတဲ့ ေက်ာက္မီးေသြးေတြကုိ သုေတသန လုပ္ခဲ့တယ္လုိ႔ ဆုိပါတယ္။

အခုေတြ႔ရွိတဲ့ ပုိးဟပ္ ၂ ေကာင္ဟာ ဒုိႏုိေဆာေတြ ရွိခဲ့တဲ့ေခတ္တုန္းက သက္ရွိထင္ရွား ရွိခဲ့ၿပီး ပုံစံမပ်က္ ထိန္းသိမ္းထားတဲ့အေျခအေနကုိ ပထမဆုံး ေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

နှစ်သန်းပေါင်း ၁၀၀ ခန့်က ပိုးဟပ် မြန်မာ့ပယင်းထဲမှာ တွေ့ရှိ

မြန်မာနိုင်ငံက လိုဏ်ဂူတခုအတွင်း ရှားပါး ရှေးဟောင်း ပိုးဟပ်ရုပ်ကြွင်း ၂ ခု ကို နိုင်ငံတကာ သိပ္ပံပညာရှင်တွေ ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ ပယင်းထဲမှာ မူရင်းမပျက်ရှိနေတဲ့ အဲဒီ ပိုးဟပ် ၂ ကောင် အပေါ် သုံးသပ်ချက်တွေ ကိုတော့ ရှာဖွေတွေ့ရှိတဲ့ သိပ္ပံရှင်တွေက Gondwana သုတေသန ဂျာနယ်မှာ ဖော်ပြထားပါတယ်။

ဒီပိုးဟပ် ၂ ကောင်ကိုတော့ Crenocticola svadba နဲ့ Mulleriblattina bowangi လို့ အသီးသီး အမည်ပေးထားပြီး သူတို့ကို Nocticolidae လို့ခေါ်တဲ့ ပိုးဖလံအုပ်စုထဲမှာ ထည့်ထားတယ်လို့ ဆိုပါတယ်။ သူတို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၉ သန်းလောက်က သက်ရှိထင်ရှား ရှိနေခဲ့တာလို့ ခန့်မှန်းထားပါတယ်။ အဲဒီကာလဟာ Cretaceous ခေါ်တဲ့ ဒိုင်နိုဆောတွေ သက်ရှိထင်ရှားရှိခဲ့တဲ့ အချိန်လည်း ဖြစ်ပါတယ်။

သူတို့ကို မြန်မာနိုင်ငံ၊ ဟူးကောင်းတောင်ကြားမှာ မိုင်းတူးရာက ထွက်လာတဲ့ ပယင်းတွေထဲမှာ တွေ့ခဲ့တာလို့ ဆိုပါတယ်။ ဒီမိုင်းတွင်းနဲ့ မိုင်းတွင်းထဲက ထွက်လာတဲ့ ပယင်းတွေကို သုတေသန မျိုးစုံ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

သုတေသီတွေ လေ့လာဖို့အတွက် ပယင်း တန် ၁၁၀ ပေးခဲ့တယ်လို့ ဆိုပါတယ်။ အစောပိုင်းတုန်းကလည်း မိုင်းတွင်းထဲကထွက်လာတဲ့ ကျောက်မီးသွေးတွေကို သုတေသန လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုတွေ့ရှိတဲ့ ပိုးဟပ် ၂ ကောင်ဟာ ဒိုနိုဆောတွေ ရှိခဲ့တဲ့ခေတ်တုန်းက သက်ရှိထင်ရှား ရှိခဲ့ပြီး ပုံစံမပျက် ထိန်းသိမ်းထားတဲ့အခြေအနေကို ပထမဆုံး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG