သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာမွာ ဧရာ၀တီလင္းပုိင္ဆုံးရႈံးမႈေတြ တုိးလာေနတာ အေရးယူေပးဖုိ႔ေတာင္းဆုိ


ဧရာ၀တီလင္းပုိင္ Photo (c) Saw Htoo Tha Po/WCS

(Zawgyi/Unicode)

ျမန္မာႏုိင္ငံမွာ ကိုဗစ္ကပ္ေရာဂါ ႀကဳံေနရခ်ိန္ တရားမဝင္ ဖမ္းဆီးမႈေတြေၾကာင့္ ရွားပါး ဧရာဝတီလင္းပိုင္ ဆုံးရႈံးမႈေတြ တုိးလာေနတာကုိ အျမန္ဆုံးတားဆီးဖို႔ ပတ္ဝန္းက်င္အေရး လႈပ္ရွားသူေတြ တိုက္တြန္းလိုက္တဲ့အေၾကာင္း ကို ထက္ေအာင္ခန္႔ေျပာျပပါမယ္။

ကပ္ေရာဂါကာလ သြားလာလႈပ္ရွားမႈ ကန္႔သတ္ခ်က္ေတြေၾကာင့္ ထိန္းသိမ္းေစာင့္ေရွာက္ေရး အားနည္းေနခ်ိန္မွာ တရားမ၀င္ ဖမ္းဆီးမႈေတြေၾကာင့္ ဒီႏွစ္ထဲ ဧရာ၀တီလင္းပိုင္ေတြ ေသဆံုးမႈ တုိးလာေနတယ္လုိ႔ ပတ္၀န္းက်င္ ထိန္းသိမ္းေရးအဖဲြ႔ေတြက ေျပာပါတယ္။

မ်ိဳးတုန္းေပ်ာက္ကြယ္မယ့္ အႏၱရာယ္ေၾကာင့္ ထိန္းသိမ္းေစာင့္ေရွာက္ထားတဲ့ ဧရာ၀တီလင္းပုိင္ေတြဟာ ျမန္မာႏုိင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း ၂ ေကာင္ကေန ၇ ေကာင္အထိ ေသဆံုးခဲ့ဘူးေပမဲ့ ဒီႏွစ္ထဲမွာ ေသဆုံးတာ ၈ ေကာင္အထိ ရွိခဲ့ေၾကာင္းလည္း သားငွက္ထိန္းသိမ္းေရးအဖဲြ႔ WCS ျမန္မာက ကိုႏိုင္လင္းက ေျပာပါတယ္။

“ပထမ ကိုဗစ္ စစခ်င္းမွာ MOHS ကလည္း ေဆာင္ရန္ေရွာင္ရန္ေတြ ထုတ္တယ္ေပါ့ေနာ္။ ကန္႔သတ္တာေတြ ရွိတယ္ တိုင္းေဒသႀကီးေတြမွာလည္း ခရီးသြားတာတို႔ အျခားကန္႔သတ္မႈေတြရွိလာလို႔ အဲ့အခ်ိန္မွာ နည္းနည္းေလး ထိန္းသိမ္းေရး လုပ္ငန္းက နည္းနည္းေလး ဘယ္လိုေျပာမလဲ အားနည္းသြားတယ္ေပါ့ေနာ္။ အဲ့အခ်ိန္မွာ ေရွာ့သမားေတြ မ်ားလာတယ္။ မ်ားလာၿပီးေတာ့ ေရွာ့တိုက္မႈေတြ ျဖစ္တယ္ေပါ့။ ေန႔ခင္းပိုင္း မသိသာ ေပမယ့္ ညဘက္ေတြမွာ ေရွာ့တိုက္မႈေတြ မ်ားလာတာေပါ့ေနာ္။ အဲ့ေရွာ့တိုက္မႈေၾကာင့္မို႕လို႔ ဧရာ၀တီ လင္းပိုင္းေတြ ေသဆံုးရတယ္လို႔ ယူဆတာေပါ့ေနာ္။”

ဧရာ၀တီလင္းပိုင္ေတြ ထိန္းသိမ္းေရး ၁ ႏွစ္ စီမံခ်က္အျဖစ္ စုေပါင္းအဖြဲ႔ေတြရဲ႕ ႏို၀င္ဘာ ၁ ရက္ေန႔ကေန ၁၅ ရက္ေန႔အထိ နာရီေပါင္း ၁၁၇ နာရီ ကင္းလွည့္ စစ္ေဆးမႈအတြင္း လွ်ပ္စစ္ဓာတ္နဲ႔ ေရွာ့တိုက္ငါးဖမ္းတဲ့ စက္ေလွ ၄ စီးကို ဖမ္းဆီး ရမိခဲ့တယ္လုိ႔လည္း ေျပာပါတယ္။

ရွားပါးလင္းပုိင္ေတြကုိ ထိန္းသိမ္းေစာင့္ေရွာက္ရာမွာ တရားမ၀င္ ဖမ္းဆီးသူေတြကုိ ထိထိေရာက္ေရာက္ အေရးယူႏုိင္ဖုိ႔ အေရးႀကီးတယ္လုိ႔လည္း ဧရာ၀တီလင္းပိုင္ေတြကို ကာကြယ္ေရးလႈပ္ရွားမႈမွာ ဦးေဆာင္ပါ၀င္ေနတဲ့ Nature Advocacy အဖဲြ႔က ကိုၿငိမ္းေဇာ္ကိုက ေျပာပါတယ္။

“ေအာက္မွာျဖစ္ေနတာေတြက မ်ိဳးစံုရွိတယ္။ ကြ်န္ေတာ္တို႔ရဲ႕ရည္ရြယ္ခ်က္က ဆင္းရဲတဲ့သူေတြကို လိုက္ဖမ္းတာထက္ စီးပြားျဖစ္ ဂိုဏ္ေတြဘာေတြနဲ႔ေပါ့ေနာ္ အဲ့လိုမ်ိဳး စီးပြားျဖစ္လုပ္ေနတဲ့ဟာေတြ အႀကီးအက်ယ္ ေလွႀကီးေတြ ပိုက္ႀကီးေတြ အႀကီးအက်ယ္ ၀ယ္ၿပီး ပိုက္ေတြမွာ ၀ါယာႀကိဳးေတြ သြယ္တန္းၿပီးေတာ့ ျမစ္ထဲမွာ ရွိသမွ် ငါးအကုန္လံုး လင္းပိုင္ေကာ၊ ပုဇြန္ေကာ၊ ငါးေကာ၊ ငွက္ပါမက်န္ အဲ့လိုလူမ်ိဳးေတြကို တရားဥပေဒနဲ႔ အေရးယူလိုက္တဲ့ဟာ အမ်ားႀကီး သက္သာသြားမယ္လို႔ ကြ်န္ေတာ္တို႔ ေမွ်ာ္လင့္တယ္ေပါ့ေနာ္။”

ေရွာ့တိုက္ငါးဖမ္းသူေတြကို ငါးလုပ္ငန္းဦးစီးက အေရးယူေဆာင္ရြက္တာေတြ ရွိသလုိ ျပစ္မႈထင္ရွားရင္ အျမင့္ဆံုး ျပစ္ဒဏ္ ေထာင္ဒဏ္ ၃ ႏွစ္ က်ခံရမွာလည္းျဖစ္ပါတယ္။ အခုလို ေထာင္ဒဏ္ သတ္မွတ္ ထားေပမယ့္ ေရွာ့တိုက္ ငါးဖမ္းတာေတြက ရွိေနၿပီး ဥပေဒကို ျပင္ဆင္ၿပီး ျပစ္ဒဏ္တိုးျမွင့္သင့္သလို လက္ရွိအခ်ိန္မွာ ဧရာ၀တီ လင္းပိုင္ အေျချပဳ ခရီးသြား လုပ္ငန္းကို အေကာင္အထည္ ေဖာ္ထားေပမယ့္ ေဒသခံေတြကို အလုပ္အကိုင္ အခြင့္အလမ္းေတြ အခုထက္ပိုၿပီး ဖန္တီးေပးဖို႔လည္း ႏိုင္ငံေတာ္ အေနနဲ႔ ေဆာင္ရြက္သင့္တယ္လို႔လည္း ေျပာပါတယ္။

တရားမ၀င္ ဖမ္းဆီးမႈေတြနဲ႔ ေစာင့္ေရွာက္မႈ အားနည္းေနတာေတြေၾကာင့္ ရွားပါး ဧရာ၀တီလင္ပိုင္းေတြ ေသဆံုးေနရတဲ့ အေျခအေနကုိ ေျဖရွင္းဖုိ႔ သမၼတနဲ႔ ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္တို႔ကို တင္ျပေတာင္းဆိုမယ့္ အစီအစဥ္မွာ လက္မွတ္ေရးထုိး ပါ၀င္မယ့္ သူေတြကုိလည္း ပတ္၀န္းက်င္ထိန္းသိမ္းေရး လႈပ္ရွားသူေတြ စုေဆာင္းေနပါတယ္။ အခုအခ်ိန္အထိ လက္မွတ္ေရးထုိးသူ ၁၂၀၀၀ ေက်ာ္ ရရွိေနၿပီး ႏို၀င္ဘာလကုန္အထိ ေကာက္ခံသြားမယ္လုိ႔လည္း ပတ္၀န္းက်င္အေရး လႈပ္ရွားသူေတြက ေျပာပါတယ္။

ဧရာ၀တီလင္းပိုင္ေတြဟာ ျမန္မာ၊ အင္ဒိုနီးရွားနဲ႔ လာအိုႏုိင္ငံေတြမွာ ေတြ႔ရၿပီး ျမန္မာႏိုင္ငံမွာေတာ့ ဧရာ၀တီျမစ္ ရခိုင္ကမ္းရိုးတန္း တနသၤာရီ ကမ္းရိုးတန္းနဲ႔ ဧရာ၀တီ ျမစ္၀ကြ်န္းေပၚတို႔မွာ က်က္စားၾကပါတယ္။

တရားမ၀င္ ဖမ္းဆီးမႈေတြနဲ႔ ထိန္းသိမ္းေစာင့္ေရွာက္မႈ အားနည္းခ်က္ေတြေၾကာင့္ မၾကာေသးခင္ႏွစ္ေတြကစၿပီးရွားပါးဧရာ၀တီလင္းပိုင္ေတြ ေလ်ာ့ပါးလာရာမွာ ဒီႏွစ္လယ္ပုိင္းအထိ ရရွိထားတဲ့ အခ်က္အလက္ေတြအရ ျမန္မာႏုိင္ငံမွာ ေကာင္ေရ ၇၀ ေလာက္ က်န္ရွိေနေသးတယ္လုိ႔လည္း ခန္႔မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

မြန်မာမှာ ဧရာဝတီလင်းပိုင်ဆုံးရှုံးမှုတွေ တိုးလာနေတာ အရေးယူပေးဖို့တောင်းဆို

(Unicode)

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကြုံနေရချိန် တရားမဝင် ဖမ်းဆီးမှုတွေကြောင့် ရှားပါး ဧရာဝတီလင်းပိုင် ဆုံးရှုံးမှုတွေ တိုးလာနေတာကို အမြန်ဆုံးတားဆီးဖို့ ပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေ တိုက်တွန်းလိုက်တဲ့အကြောင်း ကို ထက်အောင်ခန့်ပြောပြပါမယ်။

ကပ်ရောဂါကာလ သွားလာလှုပ်ရှားမှု ကန့်သတ်ချက်တွေကြောင့် ထိန်းသိမ်းစောင့်ရှောက်ရေး အားနည်းနေချိန်မှာ တရားမဝင် ဖမ်းဆီးမှုတွေကြောင့် ဒီနှစ်ထဲ ဧရာဝတီလင်းပိုင်တွေ သေဆုံးမှု တိုးလာနေတယ်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေက ပြောပါတယ်။

မျိုးတုန်းပျောက်ကွယ်မယ့် အန္တရာယ်ကြောင့် ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ဧရာဝတီလင်းပိုင်တွေဟာ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ၂ ကောင်ကနေ ၇ ကောင်အထိ သေဆုံးခဲ့ဘူးပေမဲ့ ဒီနှစ်ထဲမှာ သေဆုံးတာ ၈ ကောင်အထိ ရှိခဲ့ကြောင်းလည်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ WCS မြန်မာက ကိုနိုင်လင်းက ပြောပါတယ်။

“ပထမ ကိုဗစ် စစချင်းမှာ MOHS ကလည်း ဆောင်ရန်ရှောင်ရန်တွေ ထုတ်တယ်ပေါ့နော်။ ကန့်သတ်တာတွေ ရှိတယ် တိုင်းဒေသကြီးတွေမှာလည်း ခရီးသွားတာတို့ အခြားကန့်သတ်မှုတွေရှိလာလို့ အဲ့အချိန်မှာ နည်းနည်းလေး ထိန်းသိမ်းရေး လုပ်ငန်းက နည်းနည်းလေး ဘယ်လိုပြောမလဲ အားနည်းသွားတယ်ပေါ့နော်။ အဲ့အချိန်မှာ ရှော့သမားတွေ များလာတယ်။ များလာပြီးတော့ ရှော့တိုက်မှုတွေ ဖြစ်တယ်ပေါ့။ နေ့ခင်းပိုင်း မသိသာ ပေမယ့် ညဘက်တွေမှာ ရှော့တိုက်မှုတွေ များလာတာပေါ့နော်။ အဲ့ရှော့တိုက်မှုကြောင့်မို့လို့ ဧရာဝတီ လင်းပိုင်းတွေ သေဆုံးရတယ်လို့ ယူဆတာပေါ့နော်။”

ဧရာဝတီလင်းပိုင်တွေ ထိန်းသိမ်းရေး ၁ နှစ် စီမံချက်အဖြစ် စုပေါင်းအဖွဲ့တွေရဲ့ နိုဝင်ဘာ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ နာရီပေါင်း ၁၁၇ နာရီ ကင်းလှည့် စစ်ဆေးမှုအတွင်း လျှပ်စစ်ဓာတ်နဲ့ ရှော့တိုက်ငါးဖမ်းတဲ့ စက်လှေ ၄ စီးကို ဖမ်းဆီး ရမိခဲ့တယ်လို့လည်း ပြောပါတယ်။

ရှားပါးလင်းပိုင်တွေကို ထိန်းသိမ်းစောင့်ရှောက်ရာမှာ တရားမဝင် ဖမ်းဆီးသူတွေကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့ အရေးကြီးတယ်လို့လည်း ဧရာဝတီလင်းပိုင်တွေကို ကာကွယ်ရေးလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်နေတဲ့ Nature Advocacy အဖွဲ့က ကိုငြိမ်းဇော်ကိုက ပြောပါတယ်။

“အောက်မှာဖြစ်နေတာတွေက မျိုးစုံရှိတယ်။ ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က ဆင်းရဲတဲ့သူတွေကို လိုက်ဖမ်းတာထက် စီးပွားဖြစ် ဂိုဏ်တွေဘာတွေနဲ့ပေါ့နော် အဲ့လိုမျိုး စီးပွားဖြစ်လုပ်နေတဲ့ဟာတွေ အကြီးအကျယ် လှေကြီးတွေ ပိုက်ကြီးတွေ အကြီးအကျယ် ဝယ်ပြီး ပိုက်တွေမှာ ဝါယာကြိုးတွေ သွယ်တန်းပြီးတော့ မြစ်ထဲမှာ ရှိသမျှ ငါးအကုန်လုံး လင်းပိုင်ကော၊ ပုဇွန်ကော၊ ငါးကော၊ ငှက်ပါမကျန် အဲ့လိုလူမျိုးတွေကို တရားဥပဒေနဲ့ အရေးယူလိုက်တဲ့ဟာ အများကြီး သက်သာသွားမယ်လို့ ကျွန်တော်တို့ မျှော်လင့်တယ်ပေါ့နော်။”

ရှော့တိုက်ငါးဖမ်းသူတွေကို ငါးလုပ်ငန်းဦးစီးက အရေးယူဆောင်ရွက်တာတွေ ရှိသလို ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ပြစ်ဒဏ် ထောင်ဒဏ် ၃ နှစ် ကျခံရမှာလည်းဖြစ်ပါတယ်။ အခုလို ထောင်ဒဏ် သတ်မှတ် ထားပေမယ့် ရှော့တိုက် ငါးဖမ်းတာတွေက ရှိနေပြီး ဥပဒေကို ပြင်ဆင်ပြီး ပြစ်ဒဏ်တိုးမြှင့်သင့်သလို လက်ရှိအချိန်မှာ ဧရာဝတီ လင်းပိုင် အခြေပြု ခရီးသွား လုပ်ငန်းကို အကောင်အထည် ဖော်ထားပေမယ့် ဒေသခံတွေကို အလုပ်အကိုင် အခွင့်အလမ်းတွေ အခုထက်ပိုပြီး ဖန်တီးပေးဖို့လည်း နိုင်ငံတော် အနေနဲ့ ဆောင်ရွက်သင့်တယ်လို့လည်း ပြောပါတယ်။

တရားမဝင် ဖမ်းဆီးမှုတွေနဲ့ စောင့်ရှောက်မှု အားနည်းနေတာတွေကြောင့် ရှားပါး ဧရာဝတီလင်ပိုင်းတွေ သေဆုံးနေရတဲ့ အခြေအနေကို ဖြေရှင်းဖို့ သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို တင်ပြတောင်းဆိုမယ့် အစီအစဉ်မှာ လက်မှတ်ရေးထိုး ပါဝင်မယ့် သူတွေကိုလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူတွေ စုဆောင်းနေပါတယ်။ အခုအချိန်အထိ လက်မှတ်ရေးထိုးသူ ၁၂၀၀၀ ကျော် ရရှိနေပြီး နိုဝင်ဘာလကုန်အထိ ကောက်ခံသွားမယ်လို့လည်း ပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ဧရာဝတီလင်းပိုင်တွေဟာ မြန်မာ၊ အင်ဒိုနီးရှားနဲ့ လာအိုနိုင်ငံတွေမှာ တွေ့ရပြီး မြန်မာနိုင်ငံမှာတော့ ဧရာဝတီမြစ် ရခိုင်ကမ်းရိုးတန်း တနင်္သာရီ ကမ်းရိုးတန်းနဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်တို့မှာ ကျက်စားကြပါတယ်။

တရားမဝင် ဖမ်းဆီးမှုတွေနဲ့ ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းချက်တွေကြောင့် မကြာသေးခင်နှစ်တွေကစပြီးရှားပါးဧရာဝတီလင်းပိုင်တွေ လျော့ပါးလာရာမှာ ဒီနှစ်လယ်ပိုင်းအထိ ရရှိထားတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ကောင်ရေ ၇၀ လောက် ကျန်ရှိနေသေးတယ်လို့လည်း ခန့်မှန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG