သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာေလွလုပ္သား၂၉ဦီးပါ ငါးဖမ္းစက္ေလွ ထိုင္းေရတပ္ ရွာေဖြကယ္ဆယ္


ပင်လယ်ထဲမှာမျောနေတဲ့မြန်မာရေလုပ်သားများလိုက်ပါလာတဲ့လှေ ( ဓာတ်ပုံ - ထိုင်းရေတပ်)

(Zawgyi/Unicode)

ထိုင္းႏိုင္ငံ ေတာင္ပိုင္း အက္ဒမန္ ပင္လယ္ျပင္ အတြင္ျမန္မာေလွလုပ္သား ၂၉ ဦး ပါ ငါးဖမ္းစက္ေလွတစ္စင္းဟာ ပင္လယ္ျပင္အတြင္း ရာသီဥတုဆိုးဝါးလာတဲ့ အေျခအေနေၾကာင့္ ေရဒါအဆက္အသြယ္ ျပတ္ေတာက္ ေပ်ာက္ဆုံးသြားရာကေန ၾသဂုတ္လ ၃ရက္ေန႔မွာေတာ့ သူကို ထိုင္းေရတပ္က ျပန္ရွာေဖြ ေတြ႕ရွိခဲ့ပါတယ္ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာကေျပာျပေပးမွာပါ။

ထိုင္းႏိုင္င္ငံေတာင္ပိုင္းဖန္းငျပည္နယ္ဆူရင္ကြၽန္း အနီးပင္လယ္ျပင္မွာ ထိုင္းဘာသာနဲ႔- ေခ်ာ့မနီဒက္ ၂၁ လို႔ အမည္ေပးထားတဲ့အျပာေရာင္ ငါးဖမ္းစက္ေလွဟာ ငါးဖမ္းပိုက္ခ်ေနတုန္း ေလျပင္းတိုက္ခတ္တဲ့ဒဏ္ခံရၿပီး တရက္ၾကာအဆက္သြယ္ေတြျပတ္ေတာက္သြားခဲ့တာပါ။ ဒီထဲမွာ ထိုင္းႏိုင္ငံသား၂ဦးနဲ႔ျမန္မာေရလုပ္သား၂၉ဦး လိုက္ပါလာတာျဖစ္ပါတယ္။

ထိုင္းေရတပ္ ေလယာဥ္နဲ႔ ကယ္ဆယ္ေရး ေရယာဥ္ေတြဟာ တညလုံး လိုက္လံရွာေဖြခဲ့ၾကၿပီး ဒီကေန႔နံနက္ပိုင္းမွာေတာ့ ေပ်ာက္ဆုံးေနတဲ့ ငါးဖမ္းစက္ေလွကို ေရနံတင္သေဘၤာတစ္စင္းက သတင္းေပးခဲ့လို႔ ျပန္ေတြခဲ့တာလို႔ ဆိုပါတယ္။ ထိုင္းေတာင္ပိုင္းအေျခစိုက္ပညာေရးနဲ႔ဖြံၿဖိဳးေရးေဖာင္ေဒးရွင္းကအလုပ္သမားေရးတာဝန္ခံဦးမင္းဦးကေတာ့အခုလိုေျပာပါတယ္။

" အလုပ္ရွင္က ေရတပ္နဲ႔သက္ဆိုင္ရာကို အကူညီေတာင္းၿပီးရွာတာ သူတို႔ကအဆက္သြယ္ျပတ္သြားတာ ဒီေန႔မနက္၆နာရီေက်ာ္ေလာက္မွာအဆက္သြယ္ျပန္ရတယ္။ ေလွကေတာ့ရနာရီေလာက္မွာကမ္းျပန္ကပ္ႏိုင္တယ္။ေလွမွာျမန္မာ ၂၉ေယာက္ ထိုင္း၂ ေယာက္ ၃၁ ေယာက္ပါတယ္။ ေကာ့စူရင္ကြၽန္းအေနာက္ဘက္ မိုင္ ၇၀ ေလာက္အကြာအဆက္ျပတ္သြားတာ ။ ငါးသြားဖမ္းတာ မေန႔က အဆက္သြယ္ျပတ္သြားေတာ့ အလုပ္ရွင္ကအာဏာပိုင္ကိုအေၾကာင္းၾကားၿပီး သက္ဆိုင္ရာေရတပ္က ျပန္လိုက္ရွာတာ အဆက္သြယ္ျပန္ရတာ။ ဒီေန႔မနက္ေပါ့ အခုကာလက ေတာ္ေတာ္မ်ားမ်ားေလွေတြေပးမထြက္ဘူးေလ မုန္တိုင္းနဲ႔လႈိင္းႀကီးေနလို႔ေလ။ သူတို႔ကထြက္သြားတာ။"

စက္ေလွေပၚက ေလွလုပ္သားအားလုံးအသက္ရွင္လ်က္ျပန္ေတြခဲ့တာေၾကာင့္ထိုင္းေရတပ္ကအနီးဆုံးေရတပ္စခန္းကိုေခၚယူသြာၿပီး က်န္းမာေရးစစ္ေဆးေပးမူေတြလုပ္ေဆာင္ေနေပးေနတယ္လို႔ ထိုင္းေတာင္ပိုင္းကယ္ဆယ္ေရးအဖြဲ႕ရဲ႕ုထုတ္ျပန္ခ်က္မွာေဖာ္ျပပါရွိပါတယ္ ေလွလုပ္သားေတြက ရေနာင္းကျဖစ္ၿပီး ေလွပိုင္ရွင္ကဖန္ငျပည္နယ္ ကူရဘူရီခ႐ိုင္ကျဖစ္ပါတယ္။အရင္တုန္းကလည္း အခုလိုမ်ိဳးရာသီဥတုမေကာင္းတဲ့အခ်ိန္မွာ ေလွတိမ္းေမွာက္တာေတြ ျမန္မာေလွလုပ္သမားေတြ ေသဆုံး ေပ်ာက္ဆုံးတာေတြရွိခဲ့ဘူးပါတယ္။

....................................................................................................

တိုက္႐ိုက္ လင့္ခ္


မြန်မာလှေလုပ်သား၂၉ဦီးပါ ငါးဖမ်းစက်လှေ ထိုင်းရေတပ် ရှာဖွေကယ်ဆယ်

(Unicode)

ထိုင်းနိုင်ငံ တောင်ပိုင်း အက်ဒမန် ပင်လယ်ပြင် အတွင်မြန်မာလှေလုပ်သား ၂၉ ဦး ပါ ငါးဖမ်းစက်လှေတစ်စင်းဟာ ပင်လယ်ပြင်အတွင်း ရာသီဥတုဆိုးဝါးလာတဲ့ အခြေအနေကြောင့် ရေဒါအဆက်အသွယ် ပြတ်တောက် ပျောက်ဆုံးသွားရာကနေ သြဂုတ်လ ၃ရက်နေ့မှာတော့ သူကို ထိုင်းရေတပ်က ပြန်ရှာဖွေ တွေ့ရှိခဲ့ပါတယ် ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကပြောပြပေးမှာပါ။

ထိုင်းနိုင်င်ငံတောင်ပိုင်းဖန်းငပြည်နယ်ဆူရင်ကျွန်း အနီးပင်လယ်ပြင်မှာ ထိုင်းဘာသာနဲ့- ချော့မနီဒက် ၂၁ လို့ အမည်ပေးထားတဲ့အပြာရောင် ငါးဖမ်းစက်လှေဟာ ငါးဖမ်းပိုက်ချနေတုန်း လေပြင်းတိုက်ခတ်တဲ့ဒဏ်ခံရပြီး တရက်ကြာအဆက်သွယ်တွေပြတ်တောက်သွားခဲ့တာပါ။ ဒီထဲမှာ ထိုင်းနိုင်ငံသား၂ဦးနဲ့မြန်မာရေလုပ်သား၂၉ဦး လိုက်ပါလာတာဖြစ်ပါတယ်။

ထိုင်းရေတပ် လေယာဉ်နဲ့ ကယ်ဆယ်ရေး ရေယာဉ်တွေဟာ တညလုံး လိုက်လံရှာဖွေခဲ့ကြပြီး ဒီကနေ့နံနက်ပိုင်းမှာတော့ ပျောက်ဆုံးနေတဲ့ ငါးဖမ်းစက်လှေကို ရေနံတင်သင်္ဘောတစ်စင်းက သတင်းပေးခဲ့လို့ ပြန်တွေခဲ့တာလို့ ဆိုပါတယ်။ ထိုင်းတောင်ပိုင်းအခြေစိုက်ပညာရေးနဲ့ဖွံဖြိုးရေးဖောင်ဒေးရှင်းကအလုပ်သမားရေးတာဝန်ခံဦးမင်းဦးကတော့အခုလိုပြောပါတယ်။

" အလုပ်ရှင်က ရေတပ်နဲ့သက်ဆိုင်ရာကို အကူညီတောင်းပြီးရှာတာ သူတို့ကအဆက်သွယ်ပြတ်သွားတာ ဒီနေ့မနက်၆နာရီကျော်လောက်မှာအဆက်သွယ်ပြန်ရတယ်။ လှေကတော့ရနာရီလောက်မှာကမ်းပြန်ကပ်နိုင်တယ်။လှေမှာမြန်မာ ၂၉ယောက် ထိုင်း၂ ယောက် ၃၁ ယောက်ပါတယ်။ ကော့စူရင်ကျွန်းအနောက်ဘက် မိုင် ၇၀ လောက်အကွာအဆက်ပြတ်သွားတာ ။ ငါးသွားဖမ်းတာ မနေ့က အဆက်သွယ်ပြတ်သွားတော့ အလုပ်ရှင်ကအာဏာပိုင်ကိုအကြောင်းကြားပြီး သက်ဆိုင်ရာရေတပ်က ပြန်လိုက်ရှာတာ အဆက်သွယ်ပြန်ရတာ။ ဒီနေ့မနက်ပေါ့ အခုကာလက တော်တော်များများလှေတွေပေးမထွက်ဘူးလေ မုန်တိုင်းနဲ့လှိုင်းကြီးနေလို့လေ။ သူတို့ကထွက်သွားတာ။"

စက်လှေပေါ်က လှေလုပ်သားအားလုံးအသက်ရှင်လျက်ပြန်တွေခဲ့တာကြောင့်ထိုင်းရေတပ်ကအနီးဆုံးရေတပ်စခန်းကိုခေါ်ယူသွာပြီး ကျန်းမာရေးစစ်ဆေးပေးမူတွေလုပ်ဆောင်နေပေးနေတယ်လို့ ထိုင်းတောင်ပိုင်းကယ်ဆယ်ရေးအဖွဲ့ရဲ့ုထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ် လှေလုပ်သားတွေက ရနောင်းကဖြစ်ပြီး လှေပိုင်ရှင်ကဖန်ငပြည်နယ် ကူရဘူရီခရိုင်ကဖြစ်ပါတယ်။အရင်တုန်းကလည်း အခုလိုမျိုးရာသီဥတုမကောင်းတဲ့အချိန်မှာ လှေတိမ်းမှောက်တာတွေ မြန်မာလှေလုပ်သမားတွေ သေဆုံး ပျောက်ဆုံးတာတွေရှိခဲ့ဘူးပါတယ်။

Thai Rescue
please wait

No media source currently available

0:00 0:02:33 0:00
တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG