သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ရေကူးသမား အိုလံပစ်သမိုင်းမှာ ရွှေတံဆိပ် အများဆုံးရ


အမေရိကန် ရေးကူးသမား မိုက်ကယ် ဖိလ်(စ်) (Michael Phelps) ဟာ အိုလံပစ် ပြိုင်ပွဲ မှာ ကမ္ဘာ့စံချိန် ငါးခု ကို ချိုးပြီး သူ့ ရဲ့ ရေကူးသက်တမ်းတလျှောက် ၁၁ ခုမြောက် ရွှေတံဆိပ် ကို ဆွတ်ခူးလိုက်ခြင်းအားဖြင့် သူ ဟာ အိုလံပစ် အားကစားသမားတွေ အနက် အအောင်မြင်ဆုံး အားကစား ဖြစ်သွားခဲ့ပါတယ်။

မီတာ ၂၀၀ လိပ်ပြာကူး ပြိုင်ပွဲ မှာ ရွှေတံဆိပ် ရပြီးလို့ မှ ၁ နာရီ မပြည့်ခင်၊ အမျိုးသား မီတာ ၂၀၀ လက်ဆင့်ကမ်း ရေကူးပွဲ မှာ အခြား ရေကူးဖော် သုံးယောက် နဲ့အတူ ကမ္ဘာ့ စံချိန်သစ် တင်လိုက်ပြီး နောက်ထပ် ရွှေတံဆိပ်တစ်ခု ကို ရရှိသွားခဲ့ပါတယ်။ အဲဒီ ပွဲ မှာ ရုရှား က ဒုတိယ၊ Australia က တတိယ ရရှိပါတယ်။

အမျိုးသမီး မီတာ ၂၀၀ အလွတ်ကူး ရေကူးပွဲမှာ အီတလီ က Federica Pelligrini က ကမ္ဘာ့စံချိန် သစ်တင်ပြီး ရွှေတံဆိပ် ရသွားပါတယ်။ ဆလိုဗီးနီးယား က ဒုတိယ နဲ့ တရုတ် က တတိယ ရပါတယ်။

အမျိုးသမီး မီတာ ၂၀၀ လေးမျိုးကူး ပြိုင်ပွဲမှာ Australia က Stephanie Rice က ကမ္ဘာ့စံချိန် သစ် တင်ပြီး ရွှေတံဆိပ် ရသွားပါတယ်။ ဇင်ဘာဘွေ က ဒုတိယ နဲ့ အမေရိကန် က တတိယ ရပါတယ်။

အိမ်ရှင် တရုတ် ဒိုင်ဗင် အဖွဲ့ က နှစ်ယောက် ပြိုင်တူ ဒိုင်ဗင်ထိုးပွဲ နဲ့ အမျိုးသား သုံးမီတာ ဒိုင်ဗင်စင် ဒိုင်ဗင်ထိုးပွဲတွေ မှာ ရွှေတံဆိပ် ရသွားပါတယ်။

တရုတ် အမျိုးသမီး ကျွမ်းဘားအဖွဲ့ ကလည်း ရွှေတံဆိပ်ဆု ရရှိသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG