သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုမာလီမြို့တော် ဗုံးပေါက်ကွဲ၊ လူ ၃၀ ထက်မနည်း သေဆုံး


ဆိုမားလီးယားနိုင်ငံ မိုဂါဒစ်ရှူး (Mogadishu) မြို့က ဘလီတခုမှာ စနေနေ့က ဗုံးနှစ်လုံး ပေါက်ကွဲခဲ့လို့ လူ ၃၀ ထက်မနည်း သေဆုံးပြီး တခြား ၇၀ လောက် ဒဏ်ရာရသွားပါတယ်။ မိုဂါဒစ်ရှူးမြို့တော်ရဲ့ ဘာကာရာ (Bakara) ဈေးကြီးနားက အက်ဘ်ဒါလာ ချီအိုင်း (Abdala Shideye) ဗလီမှာ နေ့လယ် ဘုရားဝတ်ပြုချိန်အတွင်း လူအများစုဝေးနေချိန်မှာ ဗုံးတွေ ပေါက်ကွဲတာဖြစ်ပါတယ်။

အဲဒီနေရာမှာ ဆိုမားလီးယားနိုင်ငံရဲ့ အဓိက အစ္စလာမ် စစ်သွေးကြွအဖွဲ့ နှစ်ဖွဲ့ဖြစ်တဲ့ အယ်လ်-ရှာဘတ် (al-Shabab) အဖွဲ့နဲ့ ဟစ်ဇ်ဘူအစ္စလာမ် (Hizbu Islam) အဖွဲ့တို့က အဖွဲ့တွေ အများအပြား ရောက်ရှိနေတာပါ။ ဗုံးပေါက်ကွဲတဲ့အချိန်မှာ အယ်လ်ရှာဘတ် အဖွဲ့ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဖူရက် မိုဟာမတ် ကွာလပ်ဖ် (Fuad Mohamed Qalaf) ဟာ ဗလီထဲမှာ ရောက်ရှိနေတယ်လို့ မျက်မြင်သက်သေတွေက ပြောကြပါတယ်။ နိုင်ငံတကာရဲ့ အရေးယူ ဒဏ်ခတ်မှုတွေနဲ့ထိထားတဲ့ ဒီဗုံးခွဲမှုကြောင့် မစ္စတာ ကွယ်လပ်ဖ် ဒဏ်ရာ ရသွားသလား ဆိုတာတော့ မသိရပါဘူး။

အယ်လ်ရှာဘတ် စစ်သွေးကြွတွေကတော့ ပေါက်ကွဲမှုတွေ ဖြစ်ပွားပြီးတဲ့နောက် အခင်းဖြစ်ပွားတဲ့နေရာကို ရောက်ရှိလာ ကြပြီးတော့ အဲဒီနေရာကို ဘယ်သူမှမဝင်ရဆိုပြီး ပိတ်ထားလိုက်ပါတယ်။

ဒီစနေနေ့က တိုက်ခိုက်မှုတွေအတွက် ဘယ်သူကမှ တာဝန်ယူပြောကြားတာမျိုး မရှိသေးပါဘူး။ ရက်ပေါင်းများစွာအတွင်း ဘာကာရာ မြို့အနီးက ဒီဗလီကို ဗုံးခွဲတိုက်ခိုက်မှုဟာ အခု ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG