သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗုိလ္ခ်ဳပ္ေအာင္ဆန္းပုံပါ က်ပ္တစ္ေထာင္တန္ ေငြစကၠဴ စတင္ထုတ္ေ၀


ဗုိလ္ခ်ဳပ္ေအာင္ဆန္းပုံပါ က်ပ္တစ္ေထာင္တန္ ေငြစကၠဴ စတင္ထုတ္ေ၀ (VOA)

(Zawgyi / Unicode)

ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံနဲ႔ ၁၀၀၀ တန္ေငြစကၠဴေတြကို ဒီကေန႔ ဇန္နဝါရီ ၇ရက္ကစၿပီး တႏိုင္ငံလုံးက ျမန္မာ့စီးပြားေရးဘဏ္ေတြမွာ စတင္လဲေပးေနၿပီ ျဖစ္ပါတယ္။ ဒါက အႏွစ္ ၃၀ အတြင္း ျမန္မာေငြစကၠဴေတြေပၚမွာ လြတ္လပ္ေရးႀကိဳးပမ္းေဆာင္႐ြက္ခဲ့တဲ့ အာဇာနည္ေခါင္းေဆာင္တဦးရဲ႕ ပုံကို ပထမဆုံး ျပန္ၿပီး ျမင္ရတာလည္းျဖစ္ပါတယ္။ ရန္ကုန္ၿမိဳ႕ ပန္းဆိုးတန္းလမ္းေအာက္ဘက္က ျမန္မာ့စီးပြားေရးဘဏ္ခြဲ (၂) ကို သြားေရာက္သတင္းယူခဲ့တဲ့ ဗြီအိုေအ ျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က သတင္း အျပည့္အစုံကိုေျပာျပေပးမွာပါ။

ႏိုင္ငံပိုင္ ျမန္မာ့႐ုပ္ျမင္သံၾကားသတင္းဌာနက ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံပါတဲ့ ၁၀၀၀ တန္ေတြထုတ္ေဝမယ္လို႔ ဒီဇင္လာ ၂၀ ေၾကညာၿပီး ႏွစ္ပတ္အၾကာမွာ အခုလို စတင္ျဖန႔္ခ်ီလိုက္တာျဖစ္ပါတယ္။ ဒါက ၂၅ႏွစ္ေက်ာ္အတြင္း ျမန္မာေငြစကၠဴေပၚက အဓိကသေကၤတတခု၊ အမွတ္အသားတခု အေျပာင္းအလဲ ျဖစ္ခဲ့တာလည္း ျဖစ္ပါတယ္။ ျမန္မာ့စီးပြားေရးဘဏ္ခြဲေတြကေန လူတေယာက္ကို အမ်ားဆုံး ၁ေသာင္းက်ပ္ဖိုးအထိ လဲလွယ္ေပးေနတာပါ။

“ ေတာ္ေတာ္မ်ားမ်ားကိုလဲတာပါ ဌာနဆိုင္ရာေတြကလည္း လာပါတယ္။ အခုဌာနဆိုင္ရာတင္ မဟုတ္ဘူး ရပ္ကြက္ေတြေရာ ေက်း႐ြာေတြေရာ လာတယ္ေနာ္။ အခုတရာေက်ာ္ ဘယ္ကမလဲ ၂၀၀ ေက်ာ္ ၃၀၀ ေလာက္ရွိသြားၿပီ တေယာက္ခ်င္းလာလဲေနၾကတာ။”

ရန္ကုန္တိုင္း၊ ေကာ့မႉးၿမိဳ႕နယ္ ျမန္မာ့စီးပြားေရးဘဏ္ခြဲက မန္ေနဂ်ာေျပာျပသြားတာျဖစ္ပါတယ္။

ရန္ကုန္တိုင္း၊ ပန္းဆိုးတန္းလမ္း ျမန္မာ့စီးပြားေရးဘဏ္ခြဲ (၂) မွာေတာ့ ဗိုလ္ခ်ဳပ္ပုံပါတဲ့ ပိုက္ဆံလဲလွယ္ဖို႔ ေစာင့္ဆိုင္းေနတဲ့သူေတြ ေန႔ခင္းေလာက္ထိ တန္းစီ ေစာင့္ဆိုင္းေနတာပါ။ ဗိုလ္ခ်ဳပ္ပုံပါတဲ့ ပိုက္ဆံကို ရတဲ့အတြက္ ဝမ္းသာေၾကာင္း ဝင္ေရာက္တန္းစီသူေတြထဲ တဦးျဖစ္တဲ့ ျမန္မာ့ဆိပ္ကမ္း အာဏာပိုင္႐ုံး ဝန္ထမ္း ေဒၚရီရီျမင့္ကအခုလိုေျပာပါတယ္။

“ ဗိုလ္ခ်ဳပ္ပိုက္ဆံျပန္ကိုင္ရတယ္ဆိုေတာ့ အရမ္းဝမ္းသာတယ္။ ပီတိေတြလည္းျဖစ္တယ္။ ဘာလို႔ဆို ရေအာင္လို႔ဆိုၿပီး အရမ္းတိုးတာေပါ့။ ငယ္ငယ္တုန္းကဆို တက်ပ္၊ တဆယ္တန္၊ ၇၅က်ပ္တန္၊ ၄၅က်ပ္တန္ အဲဒါေတြပဲကိုင္ဖူးတာ ၉၀တန္။ အခု တေထာင္တန္ဆိုေတာ့ ပိုၿပီးလည္း ဝမ္းသာတယ္။ ၅၀၀၀ တန္၊ ၁၀၀၀၀ တန္ကိုင္ရရင္ ပိုၿပီးဝမ္းသာတယ္။ ကိုယ့္ဗိုလ္ခ်ဳပ္ကို ႏွစ္သက္တယ္ေလ။ မနက္ကတည္းက လိုက္တိုးေနတာ အခုမွ ဆယ္႐ြက္ရတယ္။ ဗိုလ္ခ်ဳပ္ႀကီးလုပ္ေပးထားလို႔ တိုင္းျပည္ႀကီးလြတ္လပ္ေရး ရထားေတာ့ ကိုယ့္ဗိုလ္ခ်ဳပ္ ႏွစ္သက္တာေပါ့။”

ေတာ္လွန္ေရးေကာင္စီအစိုးရလက္ထက္ ၁၉၆၄ ေမလ ၁၇ရက္မွာ ၅၀တန္ နဲ႔ ၁၀၀တန္ေတြကို တရားမဝင္ ေငြစကၠဴအျဖစ္ ေၾကညာလိုက္ၿပီး ၁၉၆၅မွာ ျပည္သူ႔ဘဏ္ကေန ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံပါတဲ့ ၁၊ ၅၊ ၁၀၊ ၂၀ တန္နဲ႔ ေငြအေႂကြေတြကို စတင္ထုတ္ေဝခဲ့ပါတယ္။ အဲဒီေနာက္ ျပည္ေထာင္စု ျမန္မာႏိုင္ငံေတာ္ ဘဏ္အျဖစ္ နာမည္ေျပာင္းခဲ့ၿပီး ၂၅က်ပ္တန္ကို ဆက္ထုတ္ခဲ့ပါတယ္။ ၁၉၈၇ ေရာက္တဲ့အခါမွာ သခင္ဖိုးလွႀကီးပုံပါတဲ့ ၄၅ က်ပ္တန္နဲ႔၊ ဆရာစံပါတဲ့ ၉၀က်ပ္တန္ကို ထုတ္ေဝခဲ့ပါတယ္။ အဲဒီေနာက္ ၁၉၈၈ နဝတ အစိုးရေခတ္ကစၿပီး ဒီေန႔အထိ ေျခေသၤ့ပုံပါတဲ့ ေငြစကၠဴေတြက ေနရာယူခဲ့တာပါ။

အလုံၿမိဳ႕နယ္က ကိုညီညီေမာင္ က သူ႔ေမွ်ာ္လင့္ခဲ့တဲ့ ဗိုလ္ခ်ဳပ္ပုံပါတဲ့ ပိုက္ဆံေတြျပန္ျမင္ရလို႔ စိတ္လႈပ္ရွားေနပါတယ္။

“ လြတ္လပ္ေရးေန႔ကတည္းက ထုတ္မယ္ဆိုလို႔ အဲဒီကတည္းက လိုခ်င္ခဲ့တာ၊ က်ေနာ့္သားေလးအတြက္ ျပခ်င္တာေပါ့ေနာ္။ အရင္တုန္းက စုထားတဲ့ ဗိုလ္ခ်ဳပ္ပုံပါတဲ့ ပိုက္ဆံေလးေတြ က်ေနာ့သားကိုျပဖူးတယ္၊ အရမ္းလိုခ်င္တယ္။ အခုအရမ္းဝမ္းသာတယ္၊ စိတ္လႈပ္ရွားတယ္ေပါ့၊ အဲဒီလို ျဖစ္ေနပါတယ္။”

အခုအသစ္ထြက္ရွိလာတဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံနဲ႔ ၁၀၀၀ တန္ေငြစကၠဴက အျပာေရာင္ျဖစ္ၿပီး အလ်ား ၁၅၀ မီလီမီတာ၊ အနံ ၇၀ မီလီမီတာရွိပါတယ္။ ျမန္မာ့စီးပြားေရးဘဏ္ခြဲတခုကို က်ပ္သိန္း ၄၀၀ စီလဲလွယ္ဖို႔ ကနဦးထုတ္ေပးထားၿပီး လက္ရွိအသုံးျပဳေနတဲ့ တေထာင္တန္ကိုလည္း ဆက္ၿပီး အသုံးျပဳႏိုင္မွာျဖစ္ေၾကာင္း ျမန္မာ့စီးပြားေရးဘဏ္ခြဲတခုက အရာရွိတဦးကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

ဗိုလ်ချုပ်အောင်ဆန်းပုံပါ ကျပ်တစ်ထောင်တန် ငွေစက္ကူ စတင်ထုတ်ဝေ

(Unicode)

ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ၁၀၀၀ တန်ငွေစက္ကူတွေကို ဒီကနေ့ ဇန်နဝါရီ ၇ရက်ကစပြီး တနိုင်ငံလုံးက မြန်မာ့စီးပွားရေးဘဏ်တွေမှာ စတင်လဲပေးနေပြီ ဖြစ်ပါတယ်။ ဒါက အနှစ် ၃၀ အတွင်း မြန်မာငွေစက္ကူတွေပေါ်မှာ လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ အာဇာနည်ခေါင်းဆောင်တဦးရဲ့ ပုံကို ပထမဆုံး ပြန်ပြီး မြင်ရတာလည်းဖြစ်ပါတယ်။ ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းအောက်ဘက်က မြန်မာ့စီးပွားရေးဘဏ်ခွဲ (၂) ကို သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က သတင်း အပြည့်အစုံကိုပြောပြပေးမှာပါ။

နိုင်ငံပိုင် မြန်မာ့ရုပ်မြင်သံကြားသတင်းဌာနက ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ ၁၀၀၀ တန်တွေထုတ်ဝေမယ်လို့ ဒီဇင်လာ ၂၀ ကြေညာပြီး နှစ်ပတ်အကြာမှာ အခုလို စတင်ဖြန့်ချီလိုက်တာဖြစ်ပါတယ်။ ဒါက ၂၅နှစ်ကျော်အတွင်း မြန်မာငွေစက္ကူပေါ်က အဓိကသင်္ကေတတခု၊ အမှတ်အသားတခု အပြောင်းအလဲ ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။ မြန်မာ့စီးပွားရေးဘဏ်ခွဲတွေကနေ လူတယောက်ကို အများဆုံး ၁သောင်းကျပ်ဖိုးအထိ လဲလှယ်ပေးနေတာပါ။

“ တော်တော်များများကိုလဲတာပါ ဌာနဆိုင်ရာတွေကလည်း လာပါတယ်။ အခုဌာနဆိုင်ရာတင် မဟုတ်ဘူး ရပ်ကွက်တွေရော ကျေးရွာတွေရော လာတယ်နော်။ အခုတရာကျော် ဘယ်ကမလဲ ၂၀၀ ကျော် ၃၀၀ လောက်ရှိသွားပြီ တယောက်ချင်းလာလဲနေကြတာ။”

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲက မန်နေဂျာပြောပြသွားတာဖြစ်ပါတယ်။

ရန်ကုန်တိုင်း၊ ပန်းဆိုးတန်းလမ်း မြန်မာ့စီးပွားရေးဘဏ်ခွဲ (၂) မှာတော့ ဗိုလ်ချုပ်ပုံပါတဲ့ ပိုက်ဆံလဲလှယ်ဖို့ စောင့်ဆိုင်းနေတဲ့သူတွေ နေ့ခင်းလောက်ထိ တန်းစီ စောင့်ဆိုင်းနေတာပါ။ ဗိုလ်ချုပ်ပုံပါတဲ့ ပိုက်ဆံကို ရတဲ့အတွက် ဝမ်းသာကြောင်း ဝင်ရောက်တန်းစီသူတွေထဲ တဦးဖြစ်တဲ့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံး ဝန်ထမ်း ဒေါ်ရီရီမြင့်ကအခုလိုပြောပါတယ်။

“ ဗိုလ်ချုပ်ပိုက်ဆံပြန်ကိုင်ရတယ်ဆိုတော့ အရမ်းဝမ်းသာတယ်။ ပီတိတွေလည်းဖြစ်တယ်။ ဘာလို့ဆို ရအောင်လို့ဆိုပြီး အရမ်းတိုးတာပေါ့။ ငယ်ငယ်တုန်းကဆို တကျပ်၊ တဆယ်တန်၊ ၇၅ကျပ်တန်၊ ၄၅ကျပ်တန် အဲဒါတွေပဲကိုင်ဖူးတာ ၉၀တန်။ အခု တထောင်တန်ဆိုတော့ ပိုပြီးလည်း ဝမ်းသာတယ်။ ၅၀၀၀ တန်၊ ၁၀၀၀၀ တန်ကိုင်ရရင် ပိုပြီးဝမ်းသာတယ်။ ကိုယ့်ဗိုလ်ချုပ်ကို နှစ်သက်တယ်လေ။ မနက်ကတည်းက လိုက်တိုးနေတာ အခုမှ ဆယ်ရွက်ရတယ်။ ဗိုလ်ချုပ်ကြီးလုပ်ပေးထားလို့ တိုင်းပြည်ကြီးလွတ်လပ်ရေး ရထားတော့ ကိုယ့်ဗိုလ်ချုပ် နှစ်သက်တာပေါ့။”

တော်လှန်ရေးကောင်စီအစိုးရလက်ထက် ၁၉၆၄ မေလ ၁၇ရက်မှာ ၅၀တန် နဲ့ ၁၀၀တန်တွေကို တရားမဝင် ငွေစက္ကူအဖြစ် ကြေညာလိုက်ပြီး ၁၉၆၅မှာ ပြည်သူ့ဘဏ်ကနေ ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ ၁၊ ၅၊ ၁၀၊ ၂၀ တန်နဲ့ ငွေအကြွေတွေကို စတင်ထုတ်ဝေခဲ့ပါတယ်။ အဲဒီနောက် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဘဏ်အဖြစ် နာမည်ပြောင်းခဲ့ပြီး ၂၅ကျပ်တန်ကို ဆက်ထုတ်ခဲ့ပါတယ်။ ၁၉၈၇ ရောက်တဲ့အခါမှာ သခင်ဖိုးလှကြီးပုံပါတဲ့ ၄၅ ကျပ်တန်နဲ့၊ ဆရာစံပါတဲ့ ၉၀ကျပ်တန်ကို ထုတ်ဝေခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၈ နဝတ အစိုးရခေတ်ကစပြီး ဒီနေ့အထိ ခြေင်္သေ့ပုံပါတဲ့ ငွေစက္ကူတွေက နေရာယူခဲ့တာပါ။

အလုံမြို့နယ်က ကိုညီညီမောင် က သူ့မျှော်လင့်ခဲ့တဲ့ ဗိုလ်ချုပ်ပုံပါတဲ့ ပိုက်ဆံတွေပြန်မြင်ရလို့ စိတ်လှုပ်ရှားနေပါတယ်။

“ လွတ်လပ်ရေးနေ့ကတည်းက ထုတ်မယ်ဆိုလို့ အဲဒီကတည်းက လိုချင်ခဲ့တာ၊ ကျနော့်သားလေးအတွက် ပြချင်တာပေါ့နော်။ အရင်တုန်းက စုထားတဲ့ ဗိုလ်ချုပ်ပုံပါတဲ့ ပိုက်ဆံလေးတွေ ကျနော့သားကိုပြဖူးတယ်၊ အရမ်းလိုချင်တယ်။ အခုအရမ်းဝမ်းသာတယ်၊ စိတ်လှုပ်ရှားတယ်ပေါ့၊ အဲဒီလို ဖြစ်နေပါတယ်။”

အခုအသစ်ထွက်ရှိလာတဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ၁၀၀၀ တန်ငွေစက္ကူက အပြာရောင်ဖြစ်ပြီး အလျား ၁၅၀ မီလီမီတာ၊ အနံ ၇၀ မီလီမီတာရှိပါတယ်။ မြန်မာ့စီးပွားရေးဘဏ်ခွဲတခုကို ကျပ်သိန်း ၄၀၀ စီလဲလှယ်ဖို့ ကနဦးထုတ်ပေးထားပြီး လက်ရှိအသုံးပြုနေတဲ့ တထောင်တန်ကိုလည်း ဆက်ပြီး အသုံးပြုနိုင်မှာဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်ခွဲတခုက အရာရှိတဦးကပြောပါတယ်။

XS
SM
MD
LG