သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေျမပံုမွာ တိုက္ပြဲေတြျပင္း


ရခိုင္ျပည္နယ္က ျမန္မာလံုၿခံဳေရးတပ္စခန္းတခု။

(Zawgyi / Unicode)

ရေသ့ေတာင္ၿမိဳ႕နယ္ မယူကမ္းေဒသမွာ ဒီကေန႔မနက္ပိုင္းက မိုင္းေပါက္ကြဲတာေၾကာင့္ ၁၄ ႏွစ္အရြယ္ ကေလးတဦး ေသဆံုးသြားခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီကေန႔မွာပဲ ေျမပံုၿမိဳ႕နယ္ဘက္မွာေတာ့ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔နဲ႔ စစ္တပ္ၾကား တိုက္ပြဲအျပင္းအထန္ ျဖစ္ပြားေနပါတယ္။ ဒီသတင္းအျပည့္အစံုကို ဗီြအိုေအသတင္းေထာက္ ကိုသက္ႏုိင္ တင္ျပေပးထားပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္း ရေသ့ေတာင္ၿမိဳ႕နယ္ မယူကမ္းေဒသ အငူေမာ္ကုန္တန္းေက်းရြာမွာ ဒီကေန႔မနက္ပိုင္း ၁၁ နာရီေလာက္က မိုင္းေပါက္ကြဲမႈ ျဖစ္ပြားၿပီး ၁၄ ႏွစ္အရြယ္ ကေလးတဦး ေသဆံုးသြားခဲ့တယ္လို႔ အငူေမာ္ကုန္တန္း ေဒသခံတဦးက ေျပာပါတယ္။

“အငူေမာ္ကုန္တန္းေက်းရြာရဲ႕ ေျမာက္ဘက္ေပါ့။ တမုိင္ေလာက္အကြာ သာစည္ကုန္းကေနၿပီးေတာ့ ေလးဖာလံုေလာက္အကြာမွာ အသက္ ၁၄ ႏွစ္ ေမာင္ေက်ာ္သန္းဦးဆိုတဲ့ ကေလးတေယာက္ ဆုံးသြားတယ္။ ဒီေန႔ကေတာ့ တိုက္ပြဲျဖစ္ေနတဲ့ အသံလည္း မၾကားမိဘူးခင္ဗ်ာ။”

ရေသ့ေတာင္ၿမိဳ႕နယ္ထဲမွာပဲ ၿပီးခဲ့တဲ့ရက္ပိုင္းက အမ်က္ေတာင္ေက်းရြာမွာ လက္နက္ႀကီး က်ေရာက္ေပါက္ကြဲခဲ့တာေၾကာင့္ ေဒသခံတဦး ေသဆံုးၿပီး တဦး ဒဏ္ရာရခဲ့ပါေသးတယ္။

ေျမပံုၿမိဳ႕နယ္မွာေတာ့ စညင္းေက်းရြာနဲ႔ ဟင္းခေရာ္ေက်းရြာဘက္ေတြမွာ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔နဲ႔ အစိုးရတပ္တို႔ ဒီကေန႔မွာပဲ တိုက္ပြဲအျပန္းအထန္ ျဖစ္ပြားေနတယ္လို႔ အေနာက္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္ ေျပာခြင့္ရ ဗိုလ္မွဴးႀကီး ဝင္းေဇာ္ဦးက ေျပာပါတယ္။

“၁၀ နာရီခြဲေလာက္ကေန စျဖစ္ေနတာ အခုအခ်ိန္ထိပဲ။ ေျမပံုဘယ္နားလဲဆိုေတာ့ ဟင္းခေရာ္ဝန္းက်င္ တဝုိက္ပဲ။ နယ္ေျမရွင္းလင္းေရးနဲ႔ တိုက္ပြဲျဖစ္ေနတာ အခုအခ်ိန္ထိျဖစ္ေနတုန္း၊ အဲေနရာတေနရာပဲ။”

ေျမပံုၿမိဳ႕နယ္တိုက္ပြဲေတြ ျပင္းထန္ေနၿပီး ႏွစ္ဖက္အက်အဆံုး ရွိတယ္လို႔လည္း ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

“ေျမပံုၿမိဳ႕နယ္ထဲမွာ ဒီေန႔ေတာ့ တိုက္ပြဲအျပင္းအထန္ ျဖစ္ေနတယ္ဗ်ာ။ ေနရာႏွစ္ခုေလာက္မွာ ေနၿပီးေတာ့ တိုက္ပြဲေတြျဖစ္ေနတယ္။ ေနာက္ၿပီးေတာ့ ဗမာစစ္တပ္ဘက္ ေျမပံုၿမိဳ႕နယ္ထဲမွာပဲ ရဟတ္ယာဥ္ေတြနဲ႔ အေခါက္ေခါက္အခါခါ ေနၿပီးေတာ့ ဗံုးႀကဲတိုက္ခိုက္မႈေတြကို ဆက္ၿပီးေတာ့ လုပ္ေနတယ္။ ေနာက္ ရေသ့ေတာင္ဘက္မွာလည္း တိုက္ပြဲျဖစ္ေနတာရွိတယ္။ တိုက္ပြဲအေသးစိတ္ကို မသိရေသးဘူး။”

တိုက္ပြဲျပင္းထန္ေနတဲ့ ေနရာနဲ႔ နီးတဲ့ ေက်းရြာေတြက ေက်းရြာသားေတြကို ရြာဘုန္းေတာ္ႀကီးေက်ာင္းေတြမွာ တပ္မေတာ္က ထိန္းသိမ္းထားတယ္လို႔လည္း စညင္းေက်းရြာသားတဦးက ေျပာပါတယ္။

“က်ေနာ္တို႔ စညင္းမွာ ေလယာဥ္ သံုးခါလာႀကဲတယ္။ တိုက္ပြဲျဖစ္တာက ၉ နာရီ ၂၀ ေလာက္ကျဖစ္တယ္။ ေလယာဥ္နဲ႔ပစ္တာက ၁၁ နာရီခြဲမွာတခါ၊ ၁၂ နာရီမွာတခါ၊ ၁ နာရီ ၂၅ မိနစ္ေလာက္မွာ တခါပစ္တယ္။ ရြာသားေတြကိုလည္း ေက်ာင္းေပၚမွာ အကုန္လံုး ေလွာင္ထားတယ္။ ဖုန္းေတြ ဘာေတြ အကုန္လံုးကို သူတို႔သိမ္းထားတယ္။ စစ္ျဖစ္တဲ့ေနရာကေတာ့ တေနရာကေတာ့ တမုိင္ခြဲေလာက္ေဝးတယ္။ ေနာက္တေနရာကေတာ့ ၁၁ မိုင္ေလာက္ေဝးတယ္။”

ရခိုင္ျပည္နယ္အတြင္းမွာ တိုက္ပြဲေတြ ျပင္းထန္လာေနသလို စစ္တပ္ဘက္ကလည္း ပြင့္လင္းရာသီ ေရာက္လာတာေၾကာင့္ နယ္ေျမရွင္းလင္းေရး လုပ္ငန္းေတြ အရင္ကထက္ ပိုၿပီးလုပ္ေဆာင္သြားမယ္လို႔ ေျပာဆိုထားတာ ရွိပါတယ္။

အခုလက္ရွိမွာလည္း ရခိုင္ျပည္နယ္ ေျမာက္ပိုင္းက ၿမိဳ႕နယ္ေတာ္ေတာ္မ်ားမ်ားမွာ တိုက္ပြဲေတြ ဆက္တုိက္ဆုိသလို ျဖစ္ပြားေနၿပီး အရပ္သား ထိခိုက္ေသဆံုးမႈေတြဟာ တေန႔ထက္တေန႔ ပိုမိုမ်ားျပားလာတာလည္း ျဖစ္ပါတယ္။

------------------------------------

(Unicode)

မြေပုံမှာ တိုက်ပွဲတွေပြင်း

ရသေ့တောင်မြို့နယ် မယူကမ်းဒေသမှာ ဒီကနေ့မနက်ပိုင်းက မိုင်းပေါက်ကွဲတာကြောင့် ၁၄ နှစ်အရွယ် ကလေးတဦး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့မှာပဲ မြေပုံမြို့နယ်ဘက်မှာတော့ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်တပ်ကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုသက်နိုင် တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ် မယူကမ်းဒေသ အငူမော်ကုန်တန်းကျေးရွာမှာ ဒီကနေ့မနက်ပိုင်း ၁၁ နာရီလောက်က မိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီး ၁၄ နှစ်အရွယ် ကလေးတဦး သေဆုံးသွားခဲ့တယ်လို့ အငူမော်ကုန်တန်း ဒေသခံတဦးက ပြောပါတယ်။

“အငူမော်ကုန်တန်းကျေးရွာရဲ့ မြောက်ဘက်ပေါ့။ တမိုင်လောက်အကွာ သာစည်ကုန်းကနေပြီးတော့ လေးဖာလုံလောက်အကွာမှာ အသက် ၁၄ နှစ် မောင်ကျော်သန်းဦးဆိုတဲ့ ကလေးတယောက် ဆုံးသွားတယ်။ ဒီနေ့ကတော့ တိုက်ပွဲဖြစ်နေတဲ့ အသံလည်း မကြားမိဘူးခင်ဗျာ။”

ရသေ့တောင်မြို့နယ်ထဲမှာပဲ ပြီးခဲ့တဲ့ရက်ပိုင်းက အမျက်တောင်ကျေးရွာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံတဦး သေဆုံးပြီး တဦး ဒဏ်ရာရခဲ့ပါသေးတယ်။

မြေပုံမြို့နယ်မှာတော့ စညင်းကျေးရွာနဲ့ ဟင်းခရော်ကျေးရွာဘက်တွေမှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ အစိုးရတပ်တို့ ဒီကနေ့မှာပဲ တိုက်ပွဲအပြန်းအထန် ဖြစ်ပွားနေတယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

“၁၀ နာရီခွဲလောက်ကနေ စဖြစ်နေတာ အခုအချိန်ထိပဲ။ မြေပုံဘယ်နားလဲဆိုတော့ ဟင်းခရော်ဝန်းကျင် တဝိုက်ပဲ။ နယ်မြေရှင်းလင်းရေးနဲ့ တိုက်ပွဲဖြစ်နေတာအခုအချိန်ထိဖြစ်နေတုန်း၊ အဲနေရာတနေရာပဲ။”

မြေပုံမြို့နယ်တိုက်ပွဲတွေ ပြင်းထန်နေပြီး နှစ်ဖက်အကျအဆုံး ရှိတယ်လို့လည်း ရခိုင်လက်နက်ကိုင် AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“မြေပုံမြို့နယ်ထဲမှာ ဒီနေ့တော့ တိုက်ပွဲအပြင်းအထန် ဖြစ်နေတယ်ဗျာ။ နေရာနှစ်ခုလောက်မှာ နေပြီးတော့ တိုက်ပွဲတွေဖြစ်နေတယ်။ နောက်ပြီးတော့ ဗမာစစ်တပ်ဘက် မြေပုံမြို့နယ်ထဲမှာပဲ ရဟတ်ယာဉ်တွေနဲ့ အခေါက်ခေါက်အခါခါ နေပြီးတော့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ဆက်ပြီးတော့ လုပ်နေတယ်။ နောက် ရသေ့တောင်ဘက်မှာလည်း တိုက်ပွဲဖြစ်နေတာရှိတယ်။ တိုက်ပွဲအသေးစိတ်ကို မသိရသေးဘူး။”

တိုက်ပွဲပြင်းထန်နေတဲ့ နေရာနဲ့ နီးတဲ့ ကျေးရွာတွေက ကျေးရွာသားတွေကို ရွာဘုန်းတော်ကြီးကျောင်းတွေမှာ တပ်မတော်က ထိန်းသိမ်းထားတယ်လို့လည်း စညင်းကျေးရွာသားတဦးက ပြောပါတယ်။

“ကျနော်တို့ စညင်းမှာ လေယာဉ် သုံးခါလာကြဲတယ်။ တိုက်ပွဲဖြစ်တာက ၉ နာရီ ၂၀ လောက်ကဖြစ်တယ်။ လေယာဉ်နဲ့ပစ်တာက ၁၁ နာရီခွဲမှာတခါ၊ ၁၂ နာရီမှာတခါ၊ ၁ နာရီ ၂၅ မိနစ်လောက်မှာ တခါပစ်တယ်။ ရွာသားတွေကိုလည်း ကျောင်းပေါ်မှာ အကုန်လုံး လှောင်ထားတယ်။ ဖုန်းတွေ ဘာတွေ အကုန်လုံးကို သူတို့သိမ်းထားတယ်။ စစ်ဖြစ်တဲ့နေရာကတော့ တနေရာကတော့ တမိုင်ခွဲလောက်ဝေးတယ်။ နောက်တနေရာကတော့ ၁၁ မိုင်လောက်ဝေးတယ်။”

ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်လာနေသလို စစ်တပ်ဘက်ကလည်း ပွင့်လင်းရာသီ ရောက်လာတာကြောင့် နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေ အရင်ကထက် ပိုပြီးလုပ်ဆောင်သွားမယ်လို့ ပြောဆိုထားတာ ရှိပါတယ်။

အခုလက်ရှိမှာလည်း ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ်တော်တော်များများမှာ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပြီး အရပ်သား ထိခိုက်သေဆုံးမှုတွေဟာ တနေ့ထက်တနေ့ ပိုမိုများပြားလာတာလည်း ဖြစ်ပါတယ်။

ေျမပံုမွာ တိုက္ပြဲေတြျပင္း
please wait

No media source currently available

0:00 0:02:58 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG