သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် က ကိုယ်ဝန်ဖျက်ချရေးလှုပ်ရှားသူတွေအတွက် အောင်ပွဲ


ကိုယ်ဝန်ဖျက်ချခွှင့်အရေးအတွက် ဆန္ဒပြပွဲတစ်ခု
ကိုယ်ဝန်ဖျက်ချခွှင့်အရေးအတွက် ဆန္ဒပြပွဲတစ်ခု

Zawgyi/Unicode

အမေရိကန် ပြည်ထောင်စု လူဝီစီယားနား ပြည်နယ်ရဲ့ ကိုယ်ဝန်ဖျက်ချရေး ဥပဒေပါ ကန့်သတ်ချက် တခုကို တရားရုံးချုပ်က ပယ်ဖျက်လိုက်တဲ့ တနလာၤနေ့ ဆုံးဖြတ်ချက်ဟာဆိုရင် ကိုယ်ဝန်ဖျက်ချခွှင့်အရေး လှုပ်ရှားသူတွေ အတွက် အောင်ပွဲ ဖြစ်ခဲ့ပါတယ်။

တရားသူကြီး ၉ ဦးပါ တရားရုံးချုပ်မှာ ထောက်ခံမဲ ၅ မဲ ကန့်ကွက်မဲ ၄ မဲနဲ့ ဆုံးဖြတ်ခဲ့တာမှာ တရားရုံးချုပ် တရားသူကြီးချုပ် John Roberts က ထောက်ခံမဲပေးတဲ့ဘက်မှာ ပါဝင်ခဲ့ပါတယ်။

ကိုယ်ဝန်ဖျက်ချ အပြီးမှာ လူနာတွေ ဆေးရုံတက်ရတယ်ဆိုတာ မရှိသလောက် ရှားပါတယ်လို့ ကိုယ်ဝန်ဖျက်ချခွင့် အရေး လှုပ်ရှားသူတွေက ပြောဆိုထားပေမယ့်လည်း လူဝီစီယားနား ပြည်နယ်ရဲ့ ဥပဒေမှာတော့ ကိုယ်ဝန်ဖျက်ချပေးမယ့် ဆရာဝန်တွေ အနေနဲ့ အနီးအနား ဆေးရုံတွေမှာ တက်ရောက် ကုသပေးပိုင်ခွင့် ရှိရမယ်လို့ သတ်မှတ်ထားတာပါ။

အခု တရားရုံး ဆုံးဖြတ်ချက်က ဒီအချက်ကို ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။ သမ္မတ အိမ်ဖြူတော်ကတော့ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက် ရှုတ်ချခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်



[Unicode]




အခု တရားရုံး ဆုံးဖွတျခကြျက ဒီအခကြျကို ပယျဖကြျလိုကျတာ ဖွဈပါတယျ။ သမ်မတ အိမျဖွူတောျကတော့ တရားရုံးခြုပျရဲ့ ဆုံးဖွတျခကြျကို ကန့ျကှကျ ရှုတျခခြဲ့ပါတယျ။

XS
SM
MD
LG