သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ရွေးကောက်ပွဲ ရုရှားဝင်စွက်မှု စစ်ဆေးဖို့ ဂျူရီ ဖွဲ့


အမေရိကန်သမ္မတရွေးကောက်ပွဲ ရုရှားအရေး အထူး စုံစမ်း စစ်ဆေးသူ Robert Mueller။
အမေရိကန်သမ္မတရွေးကောက်ပွဲ ရုရှားအရေး အထူး စုံစမ်း စစ်ဆေးသူ Robert Mueller။

၂၀၁၆ ခုနှစ်၊ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရုရှားကဝင်နှောက်ခဲ့တယ်ဆိုတဲ့အပေါ် စုံစမ်းစစ်ဆေးနေတဲ့ အထူး စုံစမ်း စစ်ဆေးသူ Robert Mueller က grand jury ခုံသမာဓိ အဖွဲ့တဖွဲ့ကို ဖွဲ့လိုက်ပြီလို့ The Wall Street Journal က ရေးလိုက်တာ ကြောင့် ဒီစုံစမ်းစစ်ဆေးမှု အရှိန်ရနေတဲ့သဘော သက်ရောက်ပါတယ်။

ရာဇဝတ်မှုတခုကို ကျူးလွန်ထားသလားဆိုတာ ဆန်းစစ်ဖို့အတွက် အထောက် အထားတွေကို လေ့လာဖို့၊ သက်သေတွေကို ခေါ်ယူမေးမြန်းဖို့နဲ့ မှတ်တမ်းမှတ်ရာတွေကို တောင်းယူဖို့ စုံစမ်းစစ်ဆေးသူတွေ၊ အစိုးရရှေ့နေတွေက ခုံသမာဓိအဖွဲ့တွေ ဖွဲ့စည်း လုပ်ဆောင်လေ့ရှိပါတယ်။ ဒီအဆင့်ဟာ ဘယ်လို စုံစမ်းစစ်ဆေးမှုမှာမဆို အထူးအရေးပါတဲ့အဆင့်တဆင့် ဖြစ်ပါတယ်။

ခုံသမာဓိအဖွဲ့ဟာ မကြာသေးခင် သီတင်းပတ်တွေအတွင်းက လုပ်ငန်းတွေ စတင်နေပြီဖြစ်ပြီး လအတော်ကြာ ဆက်လုပ်ကြမယ့် ပုံရှိတယ်လို့ ဂျာနယ်ကရေးပါတယ်။

သမ္မတထရမ့်ပ်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့နဲ့ ရုရှားနိုင်ငံအကြား ဆက်စပ် လုပ်ဆောင်နိုင်ခဲ့ခြေတွေ အပေါ် မစ္စတာ Mueller နဲ့ သူ့ ရှေ့နေအဖွဲ့က စုံစမ်းနေတာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် ဇွန်လက Donald Trump Jr. အပါအဝင် မဲဆွယ်စည်းရုံးရေးအဖွဲ့ထဲက တခြား ထိပ်တန်းတာဝန်ရှိသူတွေနဲ့ ရုရှား ရှေ့နေတဦးတို့ တွေ့ဆုံခဲ့တာနဲ့ဆက်စပ်ပြီး စစ်ဆေးဖို့လဲ ဂျူရီအဖွဲ့က ဆင့်ခေါ်ထားပြီးပြီ လို့ ရိုက်တာသတင်းဌာနက ရေးပါတယ်။

အခုဆိုရင် ဒီ grand jury အဖွဲ့ဖွဲ့ပြီး လုပ်ဆောင်နေပြီမို့ မစ္စတာထရမ့်ပ်မိသားစုရဲ့ ဘဏ္ဍာငွေကြေးဆိုင်ရာ မှတ်တမ်းတွေကိုလဲ တောင်းယူ ကြည့်ရှုလာနိုင်ခြေရှိနေပါတယ်။ သူတို့ရဲ့ဘဏ္ဍာငွေကြေးပိုင်းကိစ္စတွေကို မထိဖို့ သမ္မတထရမ့်ပ်က Mueller ကို သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG