သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

FBI ညွှန်ကြားရေးမှူးသစ်ခန့်အပ်


အမေရိကန် ဖက်ဒရယ် စုံစမ်းစစ်ဆေးရေး ဗျူရို FBI ညွှန်ကြားရေးမှူးသစ် အဖြစ် Christopher Wray ကို ခန့်ထားဖို့ အမေရိကန် အထက်လွှတ်တော်က အင်္ဂါနေ့မှာ တညီတညွတ် အတည်ပြု ပေးလိုက်ပါပြီ။ တရားရေးဌာန မှာ ရှေ့နေ ဖြစ်ခဲ့သူ အသက် ၅၀ အရွယ် Wray ကို ထောက်ခံမဲ ၉၂ မဲ၊ ကန့်ကွက်မဲ ၅ မဲ နဲ့ အတည်ပြုပေးခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်က သမ္မတ ရွေးကောက်ပွဲမှာ ရုရှားအစိုးရက ဝင်နှောက်ယှက် ခဲ့တဲ့အပေါ် FBI ရဲ့ စုံစမ်းစစ်ဆေးမှုကို တာဝန်ယူဖို့ အထူးအကြံပေး Robert Mueller ကိုခန့်အပ်ဖို့ အခြေဆိုက်ခဲ့တဲ့ ဆုံးဖြတ်ချက်ကြောင့် ယခင် FBI အကြီးအကဲ James Comey ကို သမ္မတထရမ့်ပ်က ထုတ်ပစ်လိုက်ပြီး သုံးလအကြာမှာ Wray အခုလို အကြီးအကဲ ဖြစ်လာတာပါ။

FBI ညွှန်ကြားရေးမှူးသစ် အဖြစ် အမည်တင်သွင်းခံခဲ့ရပြီး အထက်လွှတ်တော် တရားရေးကော်မတီ ရှေ့မှောက် စစ်ဆေးခံခဲ့စဉ် Wray က သူ့အနေနဲ့ အိမ်ဖြူတော်ရဲ့ သြဇာလွှမ်းမိုးမှုကင်းပြီး၊ အချက်အလက်နဲ့ အဖြစ်မှန် အပေါ် အခြေခံကာ သမာသမတ်ကျစွာ တရားဥပဒေအရ FBI ရဲ့ လုပ်ငန်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း ကတိ ပေးခဲ့ပါတယ်။

FBI ညွှွန်ကြားရေးမှူးတွေရဲ့ရာထူးသက်တမ်းဟာ ၁၀ နှစ်ရှိပြီး ပါတီစွဲကင်းပြီးတော့ ဘက်မလိုက်ဘဲ လုပ်ငန်း တာဝန်တွေကို ထမ်းဆောင်ရတာ ဖြစ်ပါတယ်။

FBI ညွှန်ကြားရေးမှူးသစ်ခန့်အပ်
please wait

No media source currently available

0:00 0:00:30 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG