သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်ကူညီရေး မင်းသမီး Priyanka တိုက်တွန်း


မြန်မာနိုင်ငံကနေ ထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ အမျိုးသမီးနဲ့ကလေးငယ်တွေအတွက် နိုင်ငံတကာက အကူအညီတွေ ပိုပြီးပေးကြဖို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF ရဲ့ ချစ်ကြည်ရေးသံတမန်လည်းဖြစ်၊ အိန္ဒိယ ဘောလီးဝုဒ် ရုပ်ရှင်လောကမှာ နာမည်ကျော် မင်းသမီးတဦးလည်းဖြစ်တဲ့ Priyanka Chopra က တိုက်တွန်းလိုက်ပါတယ်။

“ဒါဟာ နိုင်ငံရေးပြဿနာဖြစ်ပြီး ကျမတို့မှာ အာဏာမရှိတဲ့အတွက် နိုင်ငံရေးပြဿနာတွေအတွက် ကျမတို့မှာ အဖြေမရှိပါ ဘူး။ ဒါပေမဲ့ လူသားတွေအနေနဲ့တော့ ကျမတို့ လုပ်ဆောင်နိုင်ပါတယ်။ ဘယ်လိုအကူအညီမျိုးပဲဖြစ်ပါစေ နည်းတယ်ဆိုတာ မရှိပါ ဘူး။ ကိုယ့်နှလုံးသားထဲမှာ ခံစားရသလို လုပ်ဆောင်ပေးနိုင်ပါတယ်။ ကလေးတွေ အာဟာရပြည့်ဝစေဖို့အတွက် တထုပ်ကို ၅၀၀ ကယ်လိုရီရှိတဲ့ မြေပဲထောပတ်အထုတ်လေးတွေ ကျွေးပါတယ်။ ကုန်ကျစရိတ်က ဘာမှမရှိပါဘူး။ ငွေလေးနည်းနည်း လှူနိုင် တယ်ဆိုရင်တောင်မှ ကလေးတယောက်အတွက် သုံးလေးငါးပတ်စာလောက် အစားအစာ ဝယ်လို့ရပါတယ်။ ဒါဆိုရင် အနိမ့်ဆုံး အဆင့် ကလေးတယောက်ကို ကျွေးမွေးစောင့်ရှောက်လိုက်တာပါပဲ” လို့ Priyanka Chopra ကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar ဒေသက Kutupalong-Balukhali ဒုက္ခသည်စခန်းတွေကို သွားပြီးတဲ့နောက်လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း မင်းသမီး Priyanka က အဲဒီလိုပြောသွားတာပါ။

အစားအစာ၊ သန့်ရှင်းတဲ့ရေ၊ အမိုးအကာ၊ စနစ်တကျရှိတဲ့ သန့်ရှင်းရေးစနစ်နဲ့ ပညာရေးလို အခြေခံအခွင့်အရေးတွေမရှိဘဲ နေထိုင်နေရတဲ့ ရိုဟင်ဂျာကလေးငယ်တွေကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို Priyanka က တိုက်တွန်းပါ တယ်။

ဒီနှစ်ရဲ့ကျန်တဲ့ကာလတွေအတွက် ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီဖို့ ရန်ပုံငွေ ဒေါ်လာ သန်း ၉၅၀ ကျော်ကို ကုလသမဂ္ဂက မတ်လမှာ ပန်ကြားထားပါတယ်။ ဒါပေမဲ့ အဲဒီရန်ပုံငွေရဲ့ ၂၀% ကိုတောင်မှ ခုချိန်ထိ မရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG