သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအမျိုးသမီးများ လိင်ပိုင်းစော်ကားခံရမှု အစီရင်ခံတင်ဖို့ မြန်မာကိုတိုက်တွန်း


ရိုဟင်ဂျာအမျိုးသမီးများ
ရိုဟင်ဂျာအမျိုးသမီးများ

ရိုဟင်ဂျာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ မုဒိမ်းကျင့်ခံရမှုမှာ စစ်တပ်ရဲ့ တာဝန်ရှိမှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ ကော်မတီက သတင်းအချက်အလက် တောင်းခံထားတဲ့ အပေါ် မြန်မာ အစိုးရဘက်က ပူးပေါင်းဆောင်ရွက်ဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW နဲ့ Frotify Rights တို့က ပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အခု မေလ ၂၈ ရက်နေ့မှာ အစီရင်ခံစာတင်သွင်းဖို့ မြန်မာ အစိုးရကို အမျိုးသမီးများ အပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူညီချက်ဆိုင်ရာ CEDAW ကော်မတီက တောင်းဆိုထားတာပါ။ ဒါ့အပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူတွေ အတွက် တရားဥပဒေကြောင်းအရ အရေးယူတာမျိုး၊ လျော်ကြေးပေးတာမျိုး မြန်မာ အစိုးရရဲ့ ဆောင်ရွက်ချက်တွေကိုလည်း အစီရင်ခံစာ တင်သွင်းဖို့ CEDAW ကော်မတီက တောင်းဆိုထားတာပါ။

CEDAW အဖွဲ့ဝင် ဖြစ်တဲ့ မြန်မာနိုင်ငံ အနေနဲ့လည်း ကော်မတီက တောင်းထားတဲ့ အစီရင်ခံစာတွေကို တင်သွင်းရမှာ ဖြစ်ပါတယ်။ CEDAW ကော်မတီကို မြန်မာ အစိုးရဘက်က အစီရင်ခံစာ တင်သွင်းရမယ့်ရက် နီးလာချိန်မှာဘဲ အခွင့်အရေး လှုပ်ရှားမှု အဖွဲ့ HRW နဲ့ Fortify Rights တို့ကလည်း ရိုဟင်ဂျာတွေ အပေါ် မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး စာမျက်နှာ ၁၁ မျက်နှာပါ အစီရင်ခံစာ တစောင်ကို တင်သွင်းလိုက်ပါတယ်။

HRW နဲ့ Fortify Rights တို့ရဲ့ CEDAW ကော်မတီကို တင်သွင်းတဲ့ ပူးတွဲ အစီရင်ခံစာထဲမှာတော့ ၂၀၁၇ ခုနှစ် သြဂုတ်နဲ့ စက်တင်ဘာ လတို့ အတွင်း မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးနဲ့ မိန်းကလေး ၃၇ ဦး အပါအဝင် ရာနဲ့ချီတဲ့ ဘင်္ဂလားဒေရှ့်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေကို တွေ့ဆုံမေးမြန်းမှုကနေ ရတဲ့ အချက်အလက်တွေလည်း ပါဝင်ပါတယ်။ မြန်မာ အစိုးရဘက်ကတော့ လုံခြုံရေး တပ်ဖွဲ့တွေဘက်က မုဒိမ်းမှု ကျူးလွန်တယ်ဆိုတဲ့ အပေါ် သက်သေ အထောက်အထား အခိုင်အမာနဲ့ တင်ပြနိုင်ရင် ဥပဒေကြောင်းအရ အရေးယူမယ်လို့ ပြောဆိုထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG