သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရန္ကုန္မွာတည္ေဆာက္ဆဲ အိႏၵိယဆိပ္ကမ္း ျပန္ေရာင္းရ အခက္ႀကံဳႏုိင္


အိႏၵိယ Adani ကုမၸဏီ။ (ဇူလုိင္ ၂၈၊ ၂၀၂၁)

(Zawgyi / Unicode)

အိႏၵိယအေျခစိုက္ Adani ဆိပ္ကမ္းနဲ႔ အထူးစီးပြားေရးဇုန္လီမိတက္ APSEZ ဟာ အေမရိကန္က ဒဏ္ခတ္မႈ ခ်မွတ္ထားတဲ့ ျမန္မာႏိုင္ငံမွာ သူ႔ရဲ႕ တည္ေဆာက္ေနဆဲ ကုန္ေသတၱာအတင္အခ် ဆိပ္ကမ္းလုပ္ငန္း စီမံကိန္းကို ဝယ္ယူမယ့္သူ လိုက္ရွာေနတာ ျဖစ္ၿပီး ဝယ္မယ့္သူရွာဖို႔ အခက္ေတြ႔ႏိုင္တယ္လို႔ အိႏၵိယကလာတဲ့ သတင္းေတြမွာ ေဖာ္ျပပါတယ္။

ကုမၸဏီအမႈေဆာင္အရာရွိခ်ဳပ္ Karan Adani ကေတာ့ ရန္ကုန္တိုင္းမွာ သူတို႔တည္ေဆာက္ေနတဲ့ ဒီစီမံကိန္းအတြက္ ေဒၚလာ သန္း ၁၅၀ ရင္းႏွီးျမႇဳပ္ႏွံထားတာျဖစ္ၿပီး ဒီစီမံကိန္းကို ဖ်က္သိမ္းမွာမဟုတ္ဘဲ ဝယ္မယ့္သူကို လိုက္ရွာေနတာ ျဖစ္ေၾကာင္းနဲ႔ အခုဘ႑ာေရးႏွစ္မကုန္ခင္ ေရာင္းခ်ႏိုင္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ကုမၸဏီရဲ႕ ဒုတိယ ၄ လပတ္ အစီရင္ခံစာ တင္သြင္းဖို႔ လုပ္ေနခ်ိန္မွာ ေျပာၾကားခဲ့တာပါ။

ျမန္မာႏိုင္ငံတြင္း တည္ေဆာက္ဆဲ ဒီလုပ္ငန္းဟာ သြင္းကုန္ထုတ္ကုန္လုပ္ငန္း စိတ္ဝင္စားသူေတြအတြက္ ေနရာသစ္တခုျဖစ္သလို ဒါကို ျမန္မာစီးပြားေရးလုပ္ငန္းရွင္ေတြ ဒါမွမဟုတ္ အေမရိကန္ ဒဏ္ခတ္မႈကို မစိုးရိမ္တဲ့ တ႐ုတ္ကုမၸဏီေတြက စိတ္ဝင္စားႏုိင္ေၾကာင္းလည္း ေျပာပါတယ္။ Adani လုပ္ငန္းအဖြဲ႔ထဲမွာ အေမရိကန္ ရင္းႏွီးျမႇဳပ္ႏွံသူေတြပါ ပါဝင္ေနတာေၾကာင့္ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီး ဆက္လက္လုပ္ကိုင္မယ္ဆိုရင္ သူတို႔အတြက္ ထိခိုက္မႈေတြ ရွိလာႏိုင္တာပါ။

ဒီစီမံကိန္းပါ ကုန္တင္ကုန္ခ်ဆိပ္ကမ္းဟာ အိႏၵိယ အေရွ႕နဲ႔ ေတာင္ဘက္ကမ္း႐ိုးတန္းေတြက ဆိပ္ကမ္းေတြနဲ႔လည္း ဆက္ႏႊယ္ေနတာေၾကာင့္ ေတာင္အာရွေဒသတြင္း သယ္ယူပို႔ေဆာင္ေရးအတြက္ အေရးပါလာႏုိင္သလို အိႏၵိယအစိုးရအတြက္လည္း တ႐ုတ္ရဲ႕ ပိုးလမ္းမစီမံကိန္းနဲ႔ ပါကစၥတန္နဲ႔ သီရိလကၤာႏိုင္ငံ ဆိပ္ကမ္းေတြက ရင္းႏွီးျမႇဳပ္ႏွံမႈေတြအတြက္ ပထဝီႏုိင္ငံေရးအရ ထိန္းႏုိင္မယ့္ ေနရာတခုလည္း ျဖစ္လာႏိုင္တာပါ။

တိုက္႐ိုက္ လင့္ခ္

-------------------

(Unicode)

ရန်ကုန်မှာတည်ဆောက်ဆဲ အိန္ဒိယဆိပ်ကမ်း ပြန်ရောင်းရ အခက်ကြုံနိုင်

အိန္ဒိယအခြေစိုက် Adani ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်လီမိတက် APSEZ ဟာ အမေရိကန်က ဒဏ်ခတ်မှု ချမှတ်ထားတဲ့ မြန်မာနိုင်ငံမှာ သူ့ရဲ့ တည်ဆောက်နေဆဲ ကုန်သေတ္တာအတင်အချ ဆိပ်ကမ်းလုပ်ငန်း စီမံကိန်းကို ဝယ်ယူမယ့်သူ လိုက်ရှာနေတာ ဖြစ်ပြီး ဝယ်မယ့်သူရှာဖို့ အခက်တွေ့နိုင်တယ်လို့ အိန္ဒိယကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။

ကုမ္ပဏီအမှုဆောင်အရာရှိချုပ် Karan Adani ကတော့ ရန်ကုန်တိုင်းမှာ သူတို့တည်ဆောက်နေတဲ့ ဒီစီမံကိန်းအတွက် ဒေါ်လာ သန်း ၁၅၀ ရင်းနှီးမြှုပ်နှံထားတာဖြစ်ပြီး ဒီစီမံကိန်းကို ဖျက်သိမ်းမှာမဟုတ်ဘဲ ဝယ်မယ့်သူကို လိုက်ရှာနေတာ ဖြစ်ကြောင်းနဲ့ အခုဘဏ္ဍာရေးနှစ်မကုန်ခင် ရောင်းချနိုင်မယ်လို့ မျှော်လင့်ကြောင်း ကုမ္ပဏီရဲ့ ဒုတိယ ၄ လပတ် အစီရင်ခံစာ တင်သွင်းဖို့ လုပ်နေချိန်မှာ ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံတွင်း တည်ဆောက်ဆဲ ဒီလုပ်ငန်းဟာ သွင်းကုန်ထုတ်ကုန်လုပ်ငန်း စိတ်ဝင်စားသူတွေအတွက် နေရာသစ်တခုဖြစ်သလို ဒါကို မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေ ဒါမှမဟုတ် အမေရိကန် ဒဏ်ခတ်မှုကို မစိုးရိမ်တဲ့ တရုတ်ကုမ္ပဏီတွေက စိတ်ဝင်စားနိုင်ကြောင်းလည်း ပြောပါတယ်။ Adani လုပ်ငန်းအဖွဲ့ထဲမှာ အမေရိကန် ရင်းနှီးမြှုပ်နှံသူတွေပါ ပါဝင်နေတာကြောင့် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဆက်လက်လုပ်ကိုင်မယ်ဆိုရင် သူတို့အတွက် ထိခိုက်မှုတွေ ရှိလာနိုင်တာပါ။

ဒီစီမံကိန်းပါ ကုန်တင်ကုန်ချဆိပ်ကမ်းဟာ အိန္ဒိယ အရှေ့နဲ့ တောင်ဘက်ကမ်းရိုးတန်းတွေက ဆိပ်ကမ်းတွေနဲ့လည်း ဆက်နွှယ်နေတာကြောင့် တောင်အာရှဒေသတွင်း သယ်ယူပို့ဆောင်ရေးအတွက် အရေးပါလာနိုင်သလို အိန္ဒိယအစိုးရအတွက်လည်း တရုတ်ရဲ့ ပိုးလမ်းမစီမံကိန်းနဲ့ ပါကစ္စတန်နဲ့ သီရိလင်္ကာနိုင်ငံ ဆိပ်ကမ်းတွေက ရင်းနှီးမြှုပ်နှံမှုတွေအတွက် ပထဝီနိုင်ငံရေးအရ ထိန်းနိုင်မယ့် နေရာတခုလည်း ဖြစ်လာနိုင်တာပါ။

XS
SM
MD
LG