သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်တာလီဘန်တွေရဲ့ ပြင်းထန်တဲ့ ပြစ်ဒဏ်စီရင်မှုတွေအပေါ် ကုလဝေဖန်


အာဖဂန်နစ္စတန်နိုင်ငံ ကဗူးလ်မြို့တော်
အာဖဂန်နစ္စတန်နိုင်ငံ ကဗူးလ်မြို့တော်

ပြီးခဲ့တဲ့ နှစ်နှစ်နီးပါး အာဖဂန်နစ္စတန်မှာ တာလီဘန်တွေ အာဏာရယူခဲ့ပြီးကတည်းက လူတွေကို လူမြင်ကွင်းမှာ ကွပ်မျက်တာ၊ ကြိမ်ဒဏ်ပေးတာ၊ ကျောက်ခဲနဲ့ ပေါက်တာ နဲ့ တခြားပြစ်ဒဏ်တွေချမှတ်တာတွေကို ကုလသမဂ္ဂက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ ဒီလို လုပ်ရပ်တွေကို ရပ်တန့်ဖို့လည်း အုပ်ချုပ်သူတာလီဘန်တွေကို ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။

တနင်္လာနေ့ ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာမှာ တာလီဘန် အစိုးရကို လူ့အခွင့်အရေး လေးစားလိုက်နာဖို့၊ နိုင်ငံတကာ တောင်းဆိုချက်တွေကို လိုက်နာဖို့နဲ့ ဒီလို ပြစ်ဒဏ်ပေးတဲ့ ကျင့်ထုံးတွေ၊ လုပ်ရပ်တွေကို အဆုံးသတ်ဖို့ တောင်းဆိုထားပါတယ်။ တာလီဘန်အရာရှိတွေကတော့ အခုလို ပြစ်ဒဏ်တွေက အစ္စလာမ်ထုံးတမ်းဥပဒေနဲ့ ကိုက်ညီသလို အာဖဂန်နစ္စတန်မှာ အများထောက်ခံတဲ့ လုပ်ရပ်တွေဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်လောက်က အာဖဂန်ကို တာလီဘန်တွေပြန်ပြီး သိမ်းပိုက်တဲ့ အချိန်တုန်းကတော့ သူတို့ ၁၉၉၀ ပြည့်လွန်နှစ်တွေ အာဏာရခဲ့တဲ့ အချိန်ကထက် ပိုပြီးပျော့ပျောင်းတဲ့ စည်းမျဉ်းတွေနဲ့ အုပ်ချုပ်ဖို့ ကနဦး ကတိကဝတ်တွေရှိခဲ့တာပါ။ ဒါပေမဲ့ အခုနောက်ပိုင်း အခုလို ပြစ်ဒဏ်တွေဆက်ပြီး ချမှတ်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ခြောက်လအတွင်းမှာပဲ အာဖဂန်နစ္စတန်မှာ အမျိုးသား ၂၇၄ ဦး၊ အမျိုးသမီး ၅၈ ဦးနဲ့ ကလေးနှစ်ဦး လူသိရှင်ကြား ရိုက်နှက်ခံခဲ့ရကြောင်း အာဖဂန်မှာရှိတဲ့ ကုလသမဂ္ဂအကူအညီပေးရေးမစ်ရှင် (UNAMA) အစီရင်ခံစာအရ သိရပါတယ်။ တချိန်ထဲမှာပဲ အမျိုးသမီးတွေကို အခွင့်အရေး တဖြည်းဖြည်း တင်းကျပ်လာသလို အမျိုးသမီးတွေ ပန်းခြံနဲ့ အားကစားခန်းမလို အများသွားလာတဲ့ နေရာတွေကို သွားလာခွင့် ပိတ်ပင်ထားပါတယ်။

XS
SM
MD
LG