သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဖဂန္ၿမိဳ႕ေတာ္ ဗလီတခုက ေပါက္ကဲြမႈေၾကာင့္ အမ်ားအျပား ထိခုိက္ေသဆုံး


FILE - Taliban spokesman Zabihullah Mujahid speaks during a press conference in Kabul on June 30, 2022.

(Zawgyi / Unicode)

အာဖဂန္နစၥတန္ႏိုင္ငံ ကာဘူးျမဳိ႕က ဗလီေက်ာင္းတခုမွာ ဗုဒၶဟူးေန႔ မူဆလင္ေတြ ဝတ္ျပဳေနစဥ္အတြင္း အင္အားျပင္း ဗုံးတလုံးေပါက္ကဲြ တာေၾကာင့္ ဒါဇင္နဲ႔ခ်ီတဲ့ ဝတ္ျပဳဆုေတာင္းသူေတြ ေသဆုံးခဲ့ရတယ္လို႔ တာလီဘန္အာဏာပိုင္ေတြနဲ႔ ေဆး႐ုံအသုိင္းအ၀ုိင္းက ေျပာပါတယ္။ အေသအေပ်ာက္နဲ႔ ထိခိုက္ဒဏ္ရာ ရတာေတြ ရွိတယ္လို႔ ကာဘူးျမဳိ႕ရဲတပ္ဖြဲ႔ ေျပာခြင့္ရသူ Khalid Zadran က VOA ကို ေျပာေပမယ့္ အေသးစိတ္ကိုေတာ့ မေျဖၾကားပါဘူး။ ဗုံးေပါက္တဲ့ေနရာကို ေထာက္လွမ္းေရးနဲ႔ စုံစမ္းစစ္ေဆးေရးအဖြဲ႔ေတြ သြားေရာက္စစ္ေဆးခဲ့တယ္လို႔ သူက ေျပာပါတယ္။

အေသခံဗုံးခဲြသူသမား လက္ခ်က္ေၾကာင့္လုိ႔ သတင္းေတြထြက္ေနတဲ့ ေပါက္ကဲြမႈေၾကာင့္ အနည္းဆုံး လူ(၂၀) ေသဆုံးခဲ့ၿပီး အမ်ားအျပားလည္း ဒဏ္ရာရခဲ့တယ္လို႔ ဆိုပါတယ္။ ေသဆုံးသြားသူေတြထဲမွာ နာမည္ႀကီး အာဖဂန္ ပညာရွင္တဦးလည္းျဖစ္၊ အစၥလာမ္တရားေဟာဆရာလည္းျဖစ္တဲ့ Maulvi Amir Mohammad Kabuli လည္း ပါဝင္တယ္လို႔ ဆိုပါတယ္။ မ်က္ျမင္ေတြ႔သူေတြနဲ႔ ရဲတပ္ဖြဲ႔ကို ကိုးကားၿပီးေရးတဲ့ AP သတင္းမွာေတာ့ Kabuli အပါအဝင္ လူ(၁၀)ဦး ေသဆုံးတယ္လို႔ ေဖၚျပပါတယ္။ တာလီဘန္ အာဏာပုိင္ေတြကေတာ့ ထိခုိက္ေသဆုံးသူ အေရအတြက္နဲ႔ ပတ္သက္လုိ႔ လတ္တေလာေျပာဆုိတာ မရွိေသးပါဘူး။

အီတလီႏိုင္ငံသားေတြ ဦးစီးလုပ္ေဆာင္ေနတဲ့ ကာဘူးျမဳိ႕က အေရးေပၚ ပရဟိတ ေဆး႐ုံကို ဗလီဗုံးကဲြမႈကေန လူနာ(၂၇)ဦးေရာက္လာေၾကာင္း ၊ အဲဒီထဲက (၂)ဦး ေသဆုံးၿပီး ေနာက္တဦးက အေရးေပၚအခန္းမွာ ကုသေနရေၾကာင္း သတင္းထုတ္ျပန္ပါတယ္။ ဒဏ္ရာရသူေတြထဲမွာ ၇ ႏွစ္သားအရြယ္ အပါအ၀င္ ကေလး(၅)ဦးပါဝင္တယ္လို႔ ဆိုပါတယ္။

ဒီ တိုက္ခိုက္မႈ က်ဴးလြန္သူေတြကို တရားဥပေဒနဲ႔အညီ အေရးယူ အျပစ္ေပးသြားမယ္လို႔ တာလီဘန္အုပ္ခ်ဳပ္ေရးအဖြဲ႔ ေျပာခြင့္ရ Zabihullah Mujahid က ေျပာပါတယ္။ ကာဘူးျမဳိ႕ ေျမာက္ဖက္မွာရွိတဲ့ Siddiquiya ဆိုတဲ့ ဗလီတိုက္ခိုက္မႈကို ဘယ္အဖြဲ႔က လုပ္သလဲဆိုတာ ခုခ်ိန္ထိ ဘယ္သူကမွ ထုတ္ေဖၚ ေျပာဆိုတာ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

(Unicode)

အာဖဂန်မြို့တော် ဗလီတခုက ပေါက်ကွဲမှုကြောင့် အများအပြား ထိခိုက်သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးမြို့က ဗလီကျောင်းတခုမှာ ဗုဒ္ဓဟူးနေ့ မူဆလင်တွေ ဝတ်ပြုနေစဉ်အတွင်း အင်အားပြင်း ဗုံးတလုံးပေါက်ကွဲ တာကြောင့် ဒါဇင်နဲ့ချီတဲ့ ဝတ်ပြုဆုတောင်းသူတွေ သေဆုံးခဲ့ရတယ်လို့ တာလီဘန်အာဏာပိုင်တွေနဲ့ ဆေးရုံအသိုင်းအဝိုင်းက ပြောပါတယ်။ အသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာ ရတာတွေ ရှိတယ်လို့ ကာဘူးမြို့ရဲတပ်ဖွဲ့ ပြောခွင့်ရသူ Khalid Zadran က VOA ကို ပြောပေမယ့် အသေးစိတ်ကိုတော့ မဖြေကြားပါဘူး။ ဗုံးပေါက်တဲ့နေရာကို ထောက်လှမ်းရေးနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ သွားရောက်စစ်ဆေးခဲ့တယ်လို့ သူက ပြောပါတယ်။

အသေခံဗုံးခွဲသူသမား လက်ချက်ကြောင့်လို့ သတင်းတွေထွက်နေတဲ့ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ(၂၀) သေဆုံးခဲ့ပြီး အများအပြားလည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသွားသူတွေထဲမှာ နာမည်ကြီး အာဖဂန် ပညာရှင်တဦးလည်းဖြစ်၊ အစ္စလာမ်တရားဟောဆရာလည်းဖြစ်တဲ့ Maulvi Amir Mohammad Kabuli လည်း ပါဝင်တယ်လို့ ဆိုပါတယ်။ မျက်မြင်တွေ့သူတွေနဲ့ ရဲတပ်ဖွဲ့ကို ကိုးကားပြီးရေးတဲ့ AP သတင်းမှာတော့ Kabuli အပါအဝင် လူ(၁၀)ဦး သေဆုံးတယ်လို့ ဖေါ်ပြပါတယ်။ တာလီဘန် အာဏာပိုင်တွေကတော့ ထိခိုက်သေဆုံးသူ အရေအတွက်နဲ့ ပတ်သက်လို့ လတ်တလောပြောဆိုတာ မရှိသေးပါဘူး။

အီတလီနိုင်ငံသားတွေ ဦးစီးလုပ်ဆောင်နေတဲ့ ကာဘူးမြို့က အရေးပေါ် ပရဟိတ ဆေးရုံကို ဗလီဗုံးကွဲမှုကနေ လူနာ(၂၇)ဦးရောက်လာကြောင်း ၊ အဲဒီထဲက (၂)ဦး သေဆုံးပြီး နောက်တဦးက အရေးပေါ်အခန်းမှာ ကုသနေရကြောင်း သတင်းထုတ်ပြန်ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ၇ နှစ်သားအရွယ် အပါအဝင် ကလေး(၅)ဦးပါဝင်တယ်လို့ ဆိုပါတယ်။

ဒီ တိုက်ခိုက်မှု ကျူးလွန်သူတွေကို တရားဥပဒေနဲ့အညီ အရေးယူ အပြစ်ပေးသွားမယ်လို့ တာလီဘန်အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရ Zabihullah Mujahid က ပြောပါတယ်။ ကာဘူးမြို့ မြောက်ဖက်မှာရှိတဲ့ Siddiquiya ဆိုတဲ့ ဗလီတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်သလဲဆိုတာ ခုချိန်ထိ ဘယ်သူကမှ ထုတ်ဖေါ် ပြောဆိုတာ မရှိသေးပါဘူး။

XS
SM
MD
LG