သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကာဘူးလ္ ဗလီႀကီးေရွ႕ ဗံုးကဲြမႈ အရပ္သားအမ်ားအျပား ထိခိုက္ေသဆံုး


ကာဘူးလ္ၿမိဳ႕လယ္က Eid Gah ဗလီဝတ္ေက်ာင္း အျပင္ဘက္မွာ ဗုံးေပါက္ကြဲအၿပီး လုံၿခဳံေရးယူေနတဲ့ တာလီဘန္တပ္ဖြဲ႔ဝင္မ်ား။ (ေအာက္တုိဘာ ၃၊ ၂၀၂၁)

(Zawgyi / Unicode)

အာဖဂန္နစၥတန္ႏုိင္ငံ ကာဘူးလ္ၿမိဳ႕လယ္က Eid Gah ဗလီဝတ္ေက်ာင္း အျပင္ဘက္မွာ တနဂၤေႏြေန႔က ဗံုးေပါက္ကြဲမႈ ျဖစ္ပြါးခဲ့တဲ့အတြက္ အာဖဂန္အရပ္သား ၅ ဦးထက္မနည္း ေသဆံုးၿပီး အနည္းဆံုး ၄ ဦး ဒဏ္ရာရခဲ့တယ္လို႔ တာလီဘန္ ျပည္ထဲေရးဝန္ႀကီးဌာန ေျပာခြင့္ရ Qari Saeed Khosti က ေျပာပါတယ္။

ကာဘူးလ္ေလဆိပ္နားမွာ ၾသဂုတ္လထဲ အိုင္အက္စ္ Khorasan အဖြဲ႔ရဲ႕ အေသခံဗံုးခြဲသမား လက္ခ်က္နဲ႔ အေမရိကန္စစ္သား ၁၃ ေယာက္ အပါအဝင္ လူေပါင္း ၂၀၀ ေလာက္ ေသဆံုးမႈ ျဖစ္ပြါးခဲ့ၿပီးတဲ့ေနာက္ အခု ပထမဆံုးအႀကိမ္အျဖစ္ ဗံုးခြဲတိုက္ခိုက္ခံရတာ ျဖစ္ပါတယ္။

ဒီတိုက္ခိုက္မႈနဲ႔ပတ္သက္ၿပီး ဘယ္သူကလုပ္ေဆာင္တယ္ဆိုတာ ခ်က္ခ်င္း မသိရေသးေပမယ့္ တာလီဘန္ေျပာခြင့္ရ Zabihullah Mujahid ရဲ႕ မၾကာေသးခင္က ေသဆံုးခဲ့တဲ့ မိခင္အတြက္ ဒီဗလီမွာ အထူးဆုေတာင္းပြဲ က်င္းပတာကို ပစ္မွတ္ထား တိုက္ခိုက္တဲ့ပံု ေတြ႔ရပါတယ္။

ကာတာအေျခစိုက္ တာလီဘန္ေျပာခြင့္ရ Suhail Shaheen ကေတာ့ ဒီတိုက္ခိုက္မႈဟာ Mujahid နဲ႔ တျခားအေပါင္းအပါေတြရွိတဲ့ ေနရာနဲ႔ သိပ္ေဝးတဲ့အတြက္ Mujahid ထိခိုက္မႈ တစံုတရာမရွိေၾကာင္း ေျပာပါတယ္။

ဒီဗံုးေပါက္ကြဲမႈေၾကာင့္ ဒဏ္ရာရသူတခ်ိဳ႕ကို ကာဘူးလ္ အေရးေပၚဌာနမွာ ကုသေပးေနပါတယ္။

အာဖဂန္နစၥတန္ႏိုင္ငံ အေရွ႕ပိုင္းက Nangarhar နဲ႔ Kunar ခ႐ိုင္ေတြမွာ ၿပီးခဲ့တဲ့ သီတင္းပတ္တုန္းက တာလီဘန္ တုိက္ခိုက္ေရးသမားေတြနဲ႔ အရပ္သားေတြ ဒါဇင္နဲ႔ ေသဆံုးခဲ့ရတဲ့ တိုက္ခိုက္မႈေတြကို သူတို႔လုပ္ေဆာင္တာျဖစ္ေၾကာင္း ISIS-K အဖြဲ႔က ေၾကညာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

ကာဘူးလ် ဗလီကြီးရှေ့ ဗုံးကွဲမှု အရပ်သားအများအပြား ထိခိုက်သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ်မြို့လယ်က Eid Gah ဗလီဝတ်ကျောင်း အပြင်ဘက်မှာ တနင်္ဂနွေနေ့က ဗုံးပေါက်ကွဲမှု ဖြစ်ပွါးခဲ့တဲ့အတွက် အာဖဂန်အရပ်သား ၅ ဦးထက်မနည်း သေဆုံးပြီး အနည်းဆုံး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ တာလီဘန် ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရ Qari Saeed Khosti က ပြောပါတယ်။

ကာဘူးလ်လေဆိပ်နားမှာ သြဂုတ်လထဲ အိုင်အက်စ် Khorasan အဖွဲ့ရဲ့ အသေခံဗုံးခွဲသမား လက်ချက်နဲ့ အမေရိကန်စစ်သား ၁၃ ယောက် အပါအဝင် လူပေါင်း ၂၀၀ လောက် သေဆုံးမှု ဖြစ်ပွါးခဲ့ပြီးတဲ့နောက် အခု ပထမဆုံးအကြိမ်အဖြစ် ဗုံးခွဲတိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဘယ်သူကလုပ်ဆောင်တယ်ဆိုတာ ချက်ချင်း မသိရသေးပေမယ့် တာလီဘန်ပြောခွင့်ရ Zabihullah Mujahid ရဲ့ မကြာသေးခင်က သေဆုံးခဲ့တဲ့ မိခင်အတွက် ဒီဗလီမှာ အထူးဆုတောင်းပွဲ ကျင်းပတာကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ပုံ တွေ့ရပါတယ်။

ကာတာအခြေစိုက် တာလီဘန်ပြောခွင့်ရ Suhail Shaheen ကတော့ ဒီတိုက်ခိုက်မှုဟာ Mujahid နဲ့ တခြားအပေါင်းအပါတွေရှိတဲ့ နေရာနဲ့ သိပ်ဝေးတဲ့အတွက် Mujahid ထိခိုက်မှု တစုံတရာမရှိကြောင်း ပြောပါတယ်။

ဒီဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူတချို့ကို ကာဘူးလ် အရေးပေါ်ဌာနမှာ ကုသပေးနေပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းက Nangarhar နဲ့ Kunar ခရိုင်တွေမှာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက တာလီဘန် တိုက်ခိုက်ရေးသမားတွေနဲ့ အရပ်သားတွေ ဒါဇင်နဲ့ သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုတွေကို သူတို့လုပ်ဆောင်တာဖြစ်ကြောင်း ISIS-K အဖွဲ့က ကြေညာခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG