သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခြိမ်းခြောက်မှုတွေကြားက အာဖဂန်ရွေးကောက်ပွဲ


အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တွေရဲ့ ခြိမ်းခြောက်မှုတွေကြားက ကျင်းပတဲ့ စနေနေ့ သမ္မတရွေးကောက်ပွဲအတွင်း လုံခြုံရေးအရ အခြေအနေ သိပ်ဆိုးဆိုးဝါးဝါး မကြုံတွေ့ရပေမယ့် မဲလာပေးသူ အရေအတွက်ကတော့ နည်းနေတာ တွေ့ရပါတယ်။

နိုင်ငံတဝှမ်း ရွေးကောက်ပွဲနဲ့ဆက်နွှယ်ပြီး ဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေ အထူးသဖြင့် ပေါက်ကွဲမှု အငယ်စားလေးတွေကြောင့် အရပ်သား ၄ ဦးနဲ့ လုံခြုံရေးတပ်သား ၃ ဦးထက်မနည်း သေဆုံးခဲ့ရပြီး အရပ်သား ထိခိုက်ဒဏ်ရာရမှုက ၅၀ ကျော် ရှိပါတယ်။ ဒါဟာ အရင်ရွေးကောက်ပွဲတွေ ကျင်းပချိန်နဲ့ အာဖဂန်မှာ နေ့စဉ်ကြုံတွေ့နေရတဲ့ အကြမ်းဖက်မှုတွေနဲ့ စာရင်တော့ ပြောပလောက်အောင် မများလှပါဘူး။

မဲရလဒ်တွေကို လာမယ့် သီတင်း ၃ ပတ်လောက်မှာ ကြေညာနိုင်မယ်လို့ IEC အာဖဂန်နစ္စတန်ရဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

မဲလာမပေးဘဲ သပိတ်မှောက်ဖို့ ပြောထားတဲ့ တာလီဘန်တွေကတော့ အခုလို မဲပေးသူ အရေအတွက် နည်းပါးနေတာဟာ သူတို့ရဲ့ အောင်မြင်မှုအဖြစ် ရွေးကောက်ပွဲမဲရုံတွေ ပိတ်သွားချိန်မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

အာဖဂန်လူထု ရွေးကောက်ပွဲမှာ မပါတာဟာ နိုင်ငံခြားသားတွေဆီက အမိန့်ပေးတာကို လက်မခံဘူးဆိုတာနဲ့ သူတို့ လာရောက်သိမ်းပိုက်တာကို လက်မခံဘူးဆိုတာကို နောက်တကြိမ် ပြသလိုက်တာ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မဲလာပေးသူ အရေအတွက်ကို အာဖဂန်ရွေးကောက်ပွဲ အာဏာပိုင်တွေက စနေနေ့ ညပိုင်းမှာ မထုတ်ပြန်ခဲ့ပေမယ့် မဲလာပေးသူဟာ တနှစ်ထက်တနှစ် ပိုမို လျော့နည်းလာတာ ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်က ၈၄ % ရှိပေမယ့် ၂၀၀၉ ခုနှစ်မှာ ၃၉ % သာရှိပြီး ပြီးခဲ့တဲ့နှစ်ကတော့ ၃၅ % ပဲ ရှိပါတယ်။

-----------------------------

(Unicode)








တိုက်ရိုက် လင့်ခ်


XS
SM
MD
LG