သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် အာဖဂန်ဆွေးနွေးပွဲ တိုးတက်မှု မရှိ


APAPPS ဆွေးနွေးပွဲတက်ရောက်ဖို့ အာဖဂန်နစ္စတန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Hekmat Khalil Karzai (ဘယ်) အစ္စလမ်မာဘတ်မြို့ကို ရောက်ရှိစဉ်။
APAPPS ဆွေးနွေးပွဲတက်ရောက်ဖို့ အာဖဂန်နစ္စတန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Hekmat Khalil Karzai (ဘယ်) အစ္စလမ်မာဘတ်မြို့ကို ရောက်ရှိစဉ်။

ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန် နှစ်နိုင်ငံကြား ငြိမ်းချမ်းရေးနဲ့ စည်းလုံးညီညွတ်မှုရရေး လုပ်ငန်းဖေါ်ဆောင်မယ့် ဆွေးနွေးပွဲတရပ်ကို ပါကစ္စတန် နိုင်ငံ အစ္စလမ်မာဘတ် မြို့မှာ နှစ်ရက်ကြာ ကျင်းပခဲ့ပြီး စနေနေ့က ပြီးဆုံးသွားပေမယ့် သဘောထားကွဲလွဲမှု အပြန်လှန် တင်းမာမှုတွေမှာတော့ တစုံတရာ တိုးတက်မှု မရခဲ့ကြပါဘူး။

APAPPS (Afghanistan-Pakistan Action Plan for Peace and Solidarity) လို့ခေါ်တဲ့ ဒီဆွေးနွေးပွဲကို ပါကစ္စတန်နိုင်ငံက မကမထ လုပ်တာဖြစ်ပါတယ်။ APAPPS ရဲ့ကနဦး ဆွေးနွေးပွဲကိုတော့ အာဖဂန်နစ္စတန် နိုင်ငံ ကဗူးမြို့မှာ ဖေဖေါ်ဝါရီ (၃)ရက်နေ့က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ သဘောတူညီမှု တချို့ရပေမယ့် ဆက်ပြီးဆွေနွေးစရာတွေ ကျန်နေသေးတယ်လို့ ပါကစ္စတန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရက ဆိုပေမယ့် အသေးစိတ်ကိုတော့ မပြောပါဘူး။ ဆွေးနွေးပွဲအပြီး အာဖဂန်ဘက်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ အာဖဂန်နိုင်ငံအတွင်း ယိုယွင်းနေတဲ့ လုံခြုံရေးကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးကြရာမှာ တိုးတက်ဖြစ်ထွန်းမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

အာဖဂန်အစိုးရကတော့ တာလီဘန်စစ်သွေးကြွတွေဟာ ပါကစ္စတန်မြေမှာ အခြေခံပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ စွပ်စွဲထားပါတယ်။ ပါကစ္စတန် အစိုးရကတော့ နှစ်နိုင်ငံအကြား နယ်စပ်လုံခြုံရေး အခိုင်မာမရှိတဲ့အတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းတွေကို ထိထိရောက်ရောက် မဆောင်ရွက်နိုင်ဘူးလို့ အခိုင်မာပြောနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG