သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖရိကတိုက်အတွက် Johnson & Johnson ကိုဗစ်ကာကွယ်ဆေးရဖို့ AU ကြိုးပမ်း


jhonson and jhonson vaccine donated by us to ethiopia
jhonson and jhonson vaccine donated by us to ethiopia

{{Zawgyi/Unicode}}

တောင်အာဖရိကနိုင်ငံထုတ် အမေရိကန်က Johnson & Johnson ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေးကို ဥရောပနိုင်ငံတွေဆီ တင်ပို့တော့မှာမဟုတ်တော့ပဲ အဲဒီအစား အာဖရိကတိုက်အတွင်းက နိုင်ငံတွေကိုပဲ ဖြန့်ချီပေးသွားမယ်လို့ အာဖရိကသမဂ္ဂ AUက မနေ့ သောကြာနေ့က ကြေညာလိုက်ပါတယ်။ ဒါအပြင် ဥရောပကို တင်ပို့ထားတဲ့ သန်းပေါင်းများစွာသော Johnson & Johnson ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေးတွေဟာ အခုအခါမှာ ကုန်လျှောင်ရုံ တွေထဲမှာပဲ သိမ်းထားတာ ဖြစ်ပြီး ဒါတွေကိုလည်း တောင်အာဖရိကကို ပြန်ပို့မှာဖြစ်တယ်လို့လည်း AU ရဲ့ ကိုဗစ် ၁၉ ဆိုင်ရာ ကိုယ်စားလှယ် Strive Masiyiwa က မနေ့က ပြောပါတယ်။

အမေရိကန်ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း Jhonson & Jhonson နဲ့ သူ့ရဲ့ ကိုဗစ်ကာကွယ်ဆေးကို တောင်အာဖရိနိုင်ငံမှာ ထုတ်လုပ်တဲ့ Aspen Pharmacare ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း တို့ကြား သဘောတူညီချက်အရ ဆေးတွေကို ဥရောပတိုက်နိုင်ငံတွေကို တင်ပို့ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ချမ်းသာတဲ့နိုင်ငံတွေမှာ ပထမအကြိမ်ကာကွယ်ဆေးထိုးပြီးလို့ နောက်ထပ် စွမ်းအားမြှင့်ထပ်မံဆေးထိုးဖို့ အထိတောင် စီစဉ်နေချိန်မှာ အာဖရိကတိုက် တတိုက်လုံးမှာတော့ လူဦးရေရဲ့ ၃ ရာခိုင်နှုန်းတောင်မှ ပထမဆုံးအကြိမ်ကာကွယ်ဆေးကို ထိုးခွင့်မရသေးတဲ့ အတွက် ဝေဖန်မှုတွေ ပြင်းပြင်ထန်ထန်ခံခဲ့ရတာ ဖြစ်ပါတယ်။

တချိန်ထည်းမှာပဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO ကလည်း ကမ္ဘာ့ဒေသအားလုံးမှာ ကာကွယ်ဆေးကို အညီအမျှထိုးခွင့်မရရင် ကပ်ရောဂါကိုလည်း ထိန်းနိုင်မှာမဟုတ်ဘူးလို့ သတိပေးနေတာပါ။ အမေရိကန် ပြည်ထောင်စု Johns Hopkin ကိုရိုနာဗိုင်းရပ် အချက်အလက်စုဆောင်းရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သောကြာနေ့မှာ ကမ္ဘာတလွှား ကိုဗစ်ကပ်ရောဂါကူးစက်သူက ၂၁၉ သန်းနဲ့ သေဆုံးသူက ၄သန်းခွဲရှိ နေတယ်လို့ ဖေါ်ပြထားပါတယ်။

.......................................

{{Unicode}}




XS
SM
MD
LG