သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Pfizer ကိုဗစ် ကာကွယ်ဆေး FDA အပြည့်အဝခွင့်ပြုလိုက်ပြီ


{{Zawgyi/Unicode}}

Pfizer ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေးကို အသက် ၁၆ နှစ်နဲ့အထက် လူအားလုံးအတွက် အသုံးပြုဖို့ အမေရိကန် အစားအစာနဲ့ ဆေးဝါး ကွပ်ကဲရေးဌာန FDA က အပြည့်အဝ မနေ့ တနင်္လာနေ့က အသိအမှတ်ပြုလိုက်ပါတယ်။

ဒီကာကွယ်ဆေးဟာ ထုတ်လုပ်မှုအရည်အသွေးရော ၊ထိရောက်မှုရော၊ လုံခြုံစိတ်ချရမှုမှာရော အဆင့်မြင့်တဲ့အတွက် ပြည်သူအများအနေနဲ့ ယုံကြည်စိတ်ချနိုင်တယ်လို့ FDA ရဲ့လက်ရှိကော်မရှင်နာမင်းကြီး Janet Woodcock က ထုတ်ပြန်တာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ အမေရိကန် သမ္မတကြီး ဂျိုးဘိုင်ဒန် ကလည်း FDA ကနေ အပြည့်အဝ အသိအမှတ်ပြုထားတဲ့ ဒီဆေးကို မထိုးရသေးတဲ့သူ သန်းပေါင်းများစွာထဲကဖြစ်နေရင် ဒီအချိန်မှာ ထိုးကြဖို့ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားပြောကြားလိုကြောင်း ပြောပါတယ်။

ဒီ ကိုဗစ်ကပ်ရောဂါ Pfizer-BioNTech ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုဖို့အတွက် ပြီးခဲ့တဲ့နှစ်ကုန် ဒီဇင်ဘာလက FDA ကနေ သတ်မှတ်ပေးခဲ့ပါတယ်။

.....................................

တိုက်ရိုက် လင့်ခ်

{{Unicode}}





XS
SM
MD
LG