သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြိုလူမျိုးတွေ အသတ်ခံရမှုအပေါ် လက်တုန့်ပြန်မှာကို AI စိုးရိမ်


မြို့လူမျိုးတွေ ပျောက်ဆုံး သေဆုံးတဲ့နေရာပြမြေပုံ။
မြို့လူမျိုးတွေ ပျောက်ဆုံး သေဆုံးတဲ့နေရာပြမြေပုံ။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းမှာ အကြမ်းဖက်ဝါဒီတွေကို ငွေကြေးထောက်ပံ့နေသူတွေလို့ မင်္သကာသူတွေကို ရှာဖွေဖမ်းဆီးတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတဲ့အကြောင်း မြန်မာအစိုးရကပြောပါတယ်။

မောင်တောမြို့နယ်မှာ အကြမ်းဖက်သမားလို့ ဆိုသူတွေရဲ့လက်ချက်ကြောင့် မြိုတိုင်းရင်းသား ၆ ဦး သေဆုံးအပြီး နောက်တရက် အကြာ ဒေသတွင်းမှာ နယ်မြေရှင်းလင်းရေး လုပ်တဲ့အချိန်အတွင်း အခုလို တိုက်ခိုက်ခံရတာပါ။

မသင်္ကာသူ ၆ ဦးကိုဖမ်းဆီးပြီး အောက်နန်းရာကျေးရွာကနေ လုံခြုံရေးတပ်ဖွဲ့တွေ ပြန်ထွက်လာတဲ့အချိန် ရွာသား ၆၀၀ လောက် က ဝိုင်းဝန်းတိုက်ခိုက်ကြတာလို့ နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။ သြဂုတ်လ ၃ ရက်နေ့တုန်းကတော့ မောင်တောမြို့နယ်၊ ကိုင်းကြီးကျေးရွာမှာ အစွန်းရောက် အကြမ်းဖက်သမားဆိုသူတွေရဲ့ လက်ချက် ကြောင့် ကိုင်ကြီးကျေးရွာသား ၆ ဦးသေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ပျောက်ဆုံးနေတဲ့ ရွာသားနှစ်ယောက်ကို ရှာဖွေနေတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ဗွီအိုအေကိုပြောပါတယ်။

ဒီအဖြစ်အပျက်တွေကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အရင်တုန်းကလုပ်ခဲ့ဖူးသလို မြေလှန် ရှင်းလင်းရေးတွေ ထပ်လုပ်လာ မှာကို စိုးရိမ်တဲ့အကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI ရဲ့ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး James Gomez က သြဂုတ်လ ၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

မြန်မာအာဏာပိုင်တွေ အနေနဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံရဲ့ ဒေသအားလုံးကို အတားအဆီးမရှိ သွားခွင့် ပြုဖို့ လိုအပ်တယ်ဆိုတာ ဒီနောက်ဆုံးတိုက်ခိုက်မှုတွေက ထောက်ပြနေတယ်လို့ မစ္စတာ Gomez ကပြောပါတယ်။

XS
SM
MD
LG