သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Aleppo က ဒဏ်ရာရသူတွေ ကယ်ထုတ်နိုင်တော့မည်


ဆီးရီးယားမြောက်ဘက်က Aleppo မြို့အရှေ့ခြမ်းမှာရှိတဲ့ ဒဏ်ရာရသူတွေနဲ့နာမကျန်းတဲ့ သူတွေကို သယ်ထုတ်ဖို့ရုရှား ၊ ဆီးရီးယားအစိုးရ နဲ့ အတိုက်အခံ လက်နက်ကိုင်အဖွဲ့တွေက ခွင့်ပြုလိုက်တယ်လို့ ကုလသမဂ္ဂက က ဆိုပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေအတွက် သူပုန်တွေထိမ်းချုပ် ထားတဲ့ Aleppo အရှေ့ဘက်ခြမ်းမှာ တိုက်ခိုက်မှုတွေ ခေတ္တရပ်ဆိုင်းထားဖို့ ရုရှား က ဒီအပတ်အစောပိုင်းမှာ ကြေညာခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ လက်တွေ့ဆောင်ရွက်နေပါပြီ။ အလက်ပို မြို့ထဲက အရေးပေါ် ဆေးကုသမှု ခံယူဖို့ လိုအပ်တဲ့ သူတွေကို သောကြာနေ့မှာ စပြီး ကယ်ထုတ် နိုင်မယ်လို့ မျှော်လင့်ထား တဲ့အကြောင်း ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် အထူးအကြံပေး Jan Egeland က ပြောကြား လိုက်ပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေအတွက် တိုက်ခိုက်မှုတွေကို ခဏ ဆိုင်းထားပေးမယ့် ဒီ ၄ ရက်တာအချိန်တွင်းမှာ ရာနဲ့ချီတဲ့ နာမကျန်းတဲ့၊ ဒဏ်ရာရတဲ့ သူတွေကို မြို့ပြင်ကို သယ်ထုတ်သွားနိုင်ဖို့ကုလသမဂ္ဂနဲ့မိတ်ဖက်တွေက မျှော်လင့်နေပါတယ်။

Russia နိုင်ငံက ဒီ ကြာသပတေးနေ့ကစပြီး တစ်နေ့ကို ၁၁ နာရီနဲ့ ၄ ရက်အချိန်ပေးဖို့ အတည်ပြုလိုက်ပါတယ်။ဒဏ်ရာရသူတွေကို ဒီလို ဆေးကုသရေး ဆိုင်ရာ အရေးပေါ်အခြေအနေအောက်မှာ ဘေးအန္တရာယ် ကင်းကင်းနဲ့ သယ်ထုတ်နိုင်ရေး အတွက် အာမခံချက်ကို ရထားတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

Aleppo မြို့ အရှေ့ ဘက်မှာနေတဲ့ နေထိုင်သူ ဒေသခံ ၂သိန်း ၇သောင်းခွဲအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ July လက စပြီး မရကြပါဘူး။ ဒါကြောင့် မြို့ကို အစားအစာနဲ့ ဆေးဝါးပစ္စည်းတွေ ပို့ခွင့်ရဖို့အတွက် ကုလသမဂ္ဂက ကြိုးစားနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG