သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA မှာ အားလုံး မပါတာ တရုတ်ကြောင့်လား

သမ္မတ ဦးသိန်းစိန်အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များနဲ့ အစိုးရတို့ကြား NCA လက်မှတ်ရေးထိုးပွဲအခမ်းအနား။
1/15 သမ္မတ ဦးသိန်းစိန်အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များနဲ့ အစိုးရတို့ကြား NCA လက်မှတ်ရေးထိုးပွဲအခမ်းအနား။
အသေးစိတ် ဖတ်ရှုရန် Show less
သမ္မတ ဦးသိန်းစိန်အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များနဲ့ အစိုးရတို့ကြား NCA လက်မှတ်ရေးထိုးပွဲအခမ်းအနား။
2/15 သမ္မတ ဦးသိန်းစိန်အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များနဲ့ အစိုးရတို့ကြား NCA လက်မှတ်ရေးထိုးပွဲအခမ်းအနား။
အသေးစိတ် ဖတ်ရှုရန် Show less
သမ္မတ ဦးသိန်းစိန်အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များနဲ့ အစိုးရတို့ကြား NCA လက်မှတ်ရေးထိုးနေစဉ်။
3/15 သမ္မတ ဦးသိန်းစိန်အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များနဲ့ အစိုးရတို့ကြား NCA လက်မှတ်ရေးထိုးနေစဉ်။
အသေးစိတ် ဖတ်ရှုရန် Show less
သမ္မတ ဦးသိန်းစိန်နဲ့ တိုင်းရင်းသားခေါင်းဆောင်များ။ NCA လက်မှတ်ရေးထိုးပွဲအခမ်းအနား။
4/15 သမ္မတ ဦးသိန်းစိန်နဲ့ တိုင်းရင်းသားခေါင်းဆောင်များ။ NCA လက်မှတ်ရေးထိုးပွဲအခမ်းအနား။
အသေးစိတ် ဖတ်ရှုရန် Show less
သမ္မတ ဦးသိန်းစိန်အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များနဲ့ အစိုးရတို့ကြား NCA လက်မှတ်ရေးထိုးနေစဉ် (ဓါတ်ပုံ-Myanmar Peace Center)
5/15 သမ္မတ ဦးသိန်းစိန်အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များနဲ့ အစိုးရတို့ကြား NCA လက်မှတ်ရေးထိုးနေစဉ် (ဓါတ်ပုံ-Myanmar Peace Center)
အသေးစိတ် ဖတ်ရှုရန် Show less
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ။
6/15 တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ။
အသေးစိတ် ဖတ်ရှုရန် Show less
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ။
7/15 တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ။
အသေးစိတ် ဖတ်ရှုရန် Show less
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ။
8/15 တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ။
အသေးစိတ် ဖတ်ရှုရန် Show less
သမ္မတ ဦးသိန်းစိန်အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များနဲ့ အစိုးရတို့ကြား NCA လက်မှတ်ရေးထိုးနေစဉ်
9/15 သမ္မတ ဦးသိန်းစိန်အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များနဲ့ အစိုးရတို့ကြား NCA လက်မှတ်ရေးထိုးနေစဉ်
အသေးစိတ် ဖတ်ရှုရန် Show less
Nationwide Ceasefire Agreement.
10/15 Nationwide Ceasefire Agreement.
အသေးစိတ် ဖတ်ရှုရန် Show less
သမ္မတ ဦးသိန်းစိန်အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များနဲ့ အစိုးရတို့ကြား NCA လက်မှတ်ရေးထိုးနေစဉ်။ by Moe Zaw VOA မြန်မာပိုင်း
11/15 သမ္မတ ဦးသိန်းစိန်အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များနဲ့ အစိုးရတို့ကြား NCA လက်မှတ်ရေးထိုးနေစဉ်။ by Moe Zaw VOA မြန်မာပိုင်း
အသေးစိတ် ဖတ်ရှုရန် Show less
သမ္မတ ဦးသိန်းစိန်အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များနဲ့ အစိုးရတို့ကြား NCA လက်မှတ်ရေးထိုးနေစဉ် by VOA မြန်မာပိုင်း Moe Zaw
12/15 သမ္မတ ဦးသိန်းစိန်အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များနဲ့ အစိုးရတို့ကြား NCA လက်မှတ်ရေးထိုးနေစဉ် by VOA မြန်မာပိုင်း Moe Zaw
အသေးစိတ် ဖတ်ရှုရန် Show less
သမ္မတ ဦးသိန်းစိန်အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များနဲ့ အစိုးရတို့ကြား NCA လက်မှတ်ရေးထိုးနေစဉ်။
13/15 သမ္မတ ဦးသိန်းစိန်အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များနဲ့ အစိုးရတို့ကြား NCA လက်မှတ်ရေးထိုးနေစဉ်။
အသေးစိတ် ဖတ်ရှုရန် Show less
သမ္မတ ဦးသိန်းစိန်အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များနဲ့ အစိုးရတို့ကြား NCA လက်မှတ်ရေးထိုးနေစဉ်
14/15 သမ္မတ ဦးသိန်းစိန်အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များနဲ့ အစိုးရတို့ကြား NCA လက်မှတ်ရေးထိုးနေစဉ်
အသေးစိတ် ဖတ်ရှုရန် Show less
သမ္မတ ဦးသိန်းစိန်အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များနဲ့ အစိုးရတို့ကြား NCA လက်မှတ်ရေးထိုးနေစဉ်
15/15 သမ္မတ ဦးသိန်းစိန်အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များနဲ့ အစိုးရတို့ကြား NCA လက်မှတ်ရေးထိုးနေစဉ်
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရာမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ မပါဝင်လာတာဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့ ဖိအားတွေ ပါဝင်နေတယ်လို့ တိုင်းရင်းသားခေါင်းဆောင် တဦးက ဝေဖန်ပါတယ်။ လက်ရှိ လက်မှတ်ရေးထိုးရာမှာ မပါဝင်တဲ့ အဖွဲ့အစည်းအများစုဟာ တရုတ်မြန်မာနယ်စပ်ဒေသဖြစ်နေတာကြောင့် တရုတ်အစိုးရပတ်သက်မှုအဖြစ် သုံးသပ်ထားပေမဲ့ မြန်မာအစိုးရရဲ့ တာဝန်ရှိသူကတော့ ဒီသုံးသပ်ချက်ကို လက်မခံပါဘူး။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းက ကိုမိုးဇော်က တင်ပြထားပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကို အဖွဲ့ ၈ဖွဲ့တို့ လက်မှတ်ရေးထိုးရာမှာ ပါဝင် လက်မှတ်ရေးထိုးတဲ့ အဖွဲ့အစည်းတွေဟာ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် အဖွဲ့အစည်းတွေဖြစ်ပြီး မပါဝင်တဲ့ အဖွဲ့အစည်း အများစုက တရုတ်-မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ အဖွဲ့အစည်းတွေ ဖြစ်နေတာပါ။

ဒီလို တရုတ်နယ်စပ်က အဖွဲ့အစည်းတွေ မပါဝင်တာဟာ တဖက်နိုင်ငံအစိုးရဲ့ လတ်တလောပြောင်းလဲလိုက်တဲ့ မူဝါဒကြောင့်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေး အဖွဲ့ NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျံမှုန်းဆာခေါင်းက ဝေဖန်ပါတယ်။

"နိုင်ငံတကာ ဖိအားတွေလည်း ပါပါတယ်။ တရုတ်ဖိအားလည်းပါပါတယ်။ ကျနော်တို့က သမ္မတကြီးနဲ့ ထိပ်သီးငါးယောက် တွေ့ပြီးတဲ့နောက်ပိုင်းမှာ တရုတ်က ပေါ်လစီပြောင်းလိုက်တာ ကျနော်တို့ တွေ့ရပါတယ်။ အဲ့ဒီ့မတိုင်ခင် အားလုံးပါဝင်နိုင်ရေးမူမှာ ပါဝင်နိုင်တဲ့သူတွေ သွားပြီးတော့ ဆောင်ရွက် သင့်တာ ဆောင်ရွက်ပါဆိုတဲ့ အဲ့ဒီ့ ပေါ်လစီ တရုတ်မှာ ကိုင်ထားတယ်လို့ ကျနော်တို့သိရတယ်။ ဒါပေမဲ့ သမ္မတကြီးနဲ့ တွေ့ဆုံပြီးနောက်ပိုင်းမှာ ဥရောပ သမဂ္ဂနဲ့ ဂျပန် ပါလာတာနဲ့တပြိုင်နက်တည်း တရုတ်က သူ့ပေါ်လစီပြောင်းသွားတယ်။ တိုင်းရင်းသားတွေ အားလုံးပါမှ လက်မှတ်ထိုးသင့်တယ်လို့ ပြောလာတယ်။ အဲ့ဒီ့အခါကျတော့ အဆင်သင့်မဖြစ်သေးတဲ့ အဖွဲ့တွေ အနေအထားကို ကျနော်တို့ ဘယ်လိုမှ ဆောင်ရွက်လို့မရဘူး။ အဲ့ဒီ့အတွက်ကြောင့် ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေရဲ့ Pressure တွေ အခုလက်မှတ်ရေးထိုးတဲ့ပွဲမှာ အများကြီး ကျနော်တို့ ပုခုံးပေါ်မှာ သက်ရောက်လာတယ်ဆိုတာကို ကျနော်ပြောချင်ပါတယ်။"

အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၁ဖွဲ့အနက်မှာ ၁၅ဖွဲ့ကိုသာ လက်မှတ်ရေးထိုးဖို့ ဖိတ်ကြားခဲ့ပြီး ပါဝင်လက်မှတ် မရေးထိုးတဲ့ ၇ဖွဲ့မှာ တရုတ်နယ်စပ် အခြေစိုက်အဖွဲ့ ၄ဖွဲ့ ပါဝင်နေတာဖြစ်ပါတယ်။

ဒီဝေဖန်ချက်အပေါ်မှာတော့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက NCA လက်မှတ်ရေးထိုးပွဲအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုခဲ့ပါတယ်။

"တရုတ်နိုင်ငံနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကိစ္စမှာ ဘာမှ ဝင်ရောက် စွက်ဖက်ခြင်း မရှိဘူးလို့ ကျနော်ပြောချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့က ဗဟိုအစိုးရကိုး ဗဟိုအစိုးရကို ဘေကျင်း အစိုးရနဲ့ပဲ ဆက်ဆံမယ်။ ဘေကျင်းရဲ့ ပေါ်လစီက ကျနော်တို့ကို ကူညီပေးရမယ်ဆိုတာကို။ အဲ့တော့ နောက်ဆုံး ကျနော်တို့ သမ္မတကြီး ဦးသိန်းစိန် သွားတုန်းကလည်း သမ္မတကြီး ရှီကျင့်ပင်က ငြိမ်းချမ်းရေးကို အကူအညီပေးမယ်ပြောတယ်။ အချက် ၂ချက်ပဲ ပြောခဲ့တယ်။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်ကို ဝိုင်းပြီးတော့ အကူအညီပေးပါ့မယ် ပြောပါတယ်။ နောက်တခုကတော့ ရေဘေးဒုက္ခရောက်နေတဲ့သူတွေကို ပိုက်ဆံ ဘယ်လောက်ပေးပါမယ်ဆိုတဲ့ အဲ့ဒီ့နှစ်ခုပဲ ပြောပါတယ်။ အဓိကက။ ဒါကြောင့်မို့ ဘေကျင်းရဲ့ ပေါ်လစီကတော့ ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကူညီပေးမယ်ဆိုတာလည်း ဒီလိုပဲဖြစ်မှာပါ။ "

NCA စာချုပ် လက်မှတ်ရေးထိုးအပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးသံအမတ်ကြီး Mr.Sun Guoxiang က သတင်းထောက်တွေကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး လက်မှတ်ထိုးဖို့ အမြဲ တိုက်တွန်းကြောင်း၊ တရုတ် အစိုးရဟာ တိုက်တွန်းသူ၊ ထောက်ခံသူ သာဖြစ်ပြီး ဆုံးဖြတ်သူ မဟုတ်ကြောင်း နဲ့မြန်မာ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် ဆက်လက် ကူညီပေးမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

စက်တင်ဘာလ ၉ရက်နေ့ နိုင်ငံတော်သမ္မတနဲ့ တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်တွေ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးတဲ့ ရက်ပိုင်းကတော့ တရုတ်-မြန်မာ နယ်စပ်က အင်အားကြီး လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီက သဘောထားကြေညာချက် တရပ် ထုတ်ပြန်ခဲ့ပါတယ်။

ဒီကြေညာချက်မှာ တရုတ်ပြည် ယူနန်ပြည်နယ်က ဥရောပ၊ အမေရိကန်၊ ဂျပန်စတဲ့ အနောက်နိုင်ငံ အင်အားစုက မြောက်ပိုင်းပဋိပက္ခမှာ မပေးစေဖို့ တောင်းဆိုခဲ့ တာကြောင့် ၀ အထူးဒေသ၂က ဒီကတိကို စောင့်ထိန်းခဲ့ကြောင်း၊ NCA စာချုပ်အတွက် ညှိနှိုင်းရာမှာ အနောက်နိုင်ငံတွေ နောက်ကွယ် ကနေ တောက်လျှောက် ပါဝင်ခဲ့ပြီး လက်မှတ်ရေးထိုးရာ တရားဝင်ပါဝင် လာတော့မှာ ဖြစ်ကြောင်းနဲ့ ဝတပ်ဖွဲ့အနေနဲ့ NCA ကို ပါဝင်လက်မှတ်ရေးထိုးရင် အနောက်နိုင်ငံအုပ်စု ပါဝင်တာကို လက်ခံလိုက်သလိုဖြစ်မှာကြောင့် ယူနန်ပြည်နယ် အပေါ် ကတိမပျက်စေလိုတာကြောင့် လက်မှတ်ရေးထိုးမှာ မဟုတ်ကြောင်း ဖော်ပြခဲ့ပါတယ်။

NCA လက်မှတ်ရေးထိုးရာမှာတော့ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်းနိုင်ငံက အထူးကိုယ်စားလှယ်တွေ၊ မြန်မာပြည်ဆိုင်ရာ ဥရောပသမဂ္ဂ အသံအမတ်ကြီးနဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးအကြံပေး တို့ နိုင်ငံတကာ အသိသက်သေအဖြစ် ပါဝင်လက်မှတ်ရေး ခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

​
XS
SM
MD
LG