သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကိုယ်စားလှယ်အဖြစ် ဆက်လက်တာဝန်ယူခွင့်ရဖို့ ဦးကျော်မိုးထွန်း မျှော်လင့် 


 သံအမတ်ကြီးဦးကျော်မိုးထွန်း
သံအမတ်ကြီးဦးကျော်မိုးထွန်း

ကုလသမဂ္ဂမှာ မြန်မာကိုယ်စားပြု သံအမတ်ကြီးစိစစ်ခန့်ထားရေးကိစ္စမှာ မနှစ်ကအတိုင်းလိုပဲ ဆိုင်းငံ့ထားနိုင်ခြေရှိတယ်လို့ လက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်တာဝန်ယူနေတဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ဗွီအိုအေကို ပြောပါတယ်။

"မနှစ်ကအတိုင်းဖြစ်မယ်ဆိုတဲ့ဥစ္စာကတော့ အားလုံးသိတဲ့အတိုင်းပေါ့နော်။ မနှစ်က general debate မှာ ကျနော် မိန့်ခွန်းဝင်ရောက်ပြောကြားခြင်း မပြုခဲ့ဘူးပေါ့နော်။ ထုံးစံအတိုင်း general assembly စပြီဆိုရင်တော့ general debate မှာ မြန်မာကိုယ်စား စကားပြောဖို့ကို ကျနော်တို့အမြဲတမ်း inscribe လုပ်ပါတယ်။ speaker list ပါ။ ဒါကတော့ တယောက်နဲ့တယောက် နားလည်မှုနဲ့ တချို့ ဥစ္စာတွေမှာ မိန့်ခွန်းကိုပြောဖို့၊ မပြောဖို့ဆိုတဲ့ဥစ္စာတွေက ဒီလိုမျိုး part of the arrangement အနေနဲ့ ပေါ့နော်၊ ကျနော်...အချိန်တခုရောက်ရင် မနှစ်ကလည်း withdraw လုပ်ပေးခဲ့တယ်ပေါ့နော်။ ...ဆိုတော့ ဒီနှစ်လည်း ဒီလိုမျိုး တယောက်နဲ့တယောက် နားလည်မှုအရ withdraw တော့ လုပ်ပေးခဲ့ပြီးပါပြီခင်ဗျ။"

ကုလသမဂ္ဂ အထွေထွေညီလာခံ Credential ကော်မတီက သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိဖို့ ပြီးခဲ့တဲ့နှစ်က ဆုံးဖြတ်ခဲ့ပါတယ်။ ကုလ အထွေထွေညီလာခံမှာ တခြားနိုင်ငံခေါင်းဆောင်တွေနဲ့ သံတမန်တွေလို နိုင်ငံကိုယ်စား စကားပြောဖို့ အရေးကိုတော့ ဆိုင်းငံ့ထားမယ်လို့ ဆုံးဖြတ်ထားပါတယ်။

ဒါ့ကြောင့်လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုနေရာအတွက် အတည်ပြုသတ်မှတ်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ မြန်မာ့အရေး လှုပ်ရှားသူတွေကျင်းပခဲ့ကြပါတယ်။ မြန်မာစစ်ကောင်စီဘက်ကတော့ ဦးကျော်မိုးထွန်းအစား အမေရိကန် ပြည်ထောင်စုဆိုင်ရာ မြန်မာသံရုံးက စစ်သံမှူး ဗိုလ်မှူးကြီး အောင်သူရိန် ကို ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးအဖြစ် အတည်ပြုပေးဖို့ အမည် တင်သွင်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG