သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယမှာ မီးရှုးမီးပန်းပေါက်ကွဲမှုကြောင့် လူ ၁၅၀ ကျော် ဒဏ်ရာရ

အိန္ဒိယနိုင်ငံ Kerala ပြည်နယ်ထဲက မီးရှူးမီးပန်းပေါက်ကွဲမှုကြောင့် လူအများ ထိခိုက်ဒဏ်ရာရခဲ့တဲ့ Anjootambalam Veererkavu ဘုရားကျောင်း (အောက်တိုဘာ ၂၉၊ ၂၀၂၄)
အိန္ဒိယနိုင်ငံ Kerala ပြည်နယ်ထဲက မီးရှူးမီးပန်းပေါက်ကွဲမှုကြောင့် လူအများ ထိခိုက်ဒဏ်ရာရခဲ့တဲ့ Anjootambalam Veererkavu ဘုရားကျောင်း (အောက်တိုဘာ ၂၉၊ ၂၀၂၄)

အိန္ဒိယနိုင်ငံတောင်ပိုင်း လူစည်ကားတဲ့ဘုရားကျောင်းတခုမှာ မနေ့ညပိုင်းက မီးရှူးမီးပန်းတွေပေါက်ကွဲခဲ့တာကြောင့်လူ ၁၅၀ ကျော် ဒဏ်ရာရ သွားပါတယ်။ Kerala ပြည်နယ်မြို့တော်နား Kasargod ခရိုင်ထဲက Veererkavu ဘုရားကျောင်းမှာ တနင်္လာနေ့ညပိုင်း ဘာသာရေးပွဲတော်တခုအတွင်း မီးပန်းတွေဖောက်တာကနေ မီးရှူးမီးပန်းတွေထားတဲ့နေရာကို မီးစွဲလောင်ပြီး ပေါက်ကွဲခဲ့တာလို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး Press Trust of India သတင်းက ဖော်ပြပါတယ်။

အပြင်းအထန်ဒဏ်ရာရသူ ၈ ဦး အပါအဝင် ထိခိုက် ဒဏ်ရာရသူ ၁၅၀ ကျော်ကို Kerala နဲ့ အနီးအနားပြည်နယ်ဆေးရုံတွေမှာ ဆေးကုသဖို့ ပို့ဆောင်ထားပါတယ်။ အိန္ဒိယနိုင်ငံမှာ ဘာသာရေးပွဲတွေနဲ့ မင်္ဂလာဆောင်တွေမှာ မီးရှူးမီးပန်းတွေ အကြီးအကျယ်ဖောက်လေ့ရှိတာပါ။ မီးရှူးမီးပန်းလုပ်တဲ့နေရာတွေမှာ အထူးသဖြင့် ဘေးကင်းလုံခြုံရေး စနစ်သေချာမရှိတဲ့ ယာယီအလုပ်ရုံတွေကအလုပ်သမားတွေ ထိခိုက်သေဆုံးတဲ့ ဖြစ်စဉ်တွေလည်း မကြာခဏ ကြုံရတတ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်တုန်းကလည်း အိန္ဒိယတောင်ပိုင်းက မီးရှူးမီးပန်း စက်ရုံတခု ပေါက်ကွဲခဲ့တာကြောင့် လူ ၈ ဦးသေဆုံးခဲ့ပါတယ်။

၂၀၁၈ ခုနှစ်တုန်းက နယူးဒေလီမြို့က မီးရှူးမီးပန်းစက်ရုံမှာ မီးလောင်မှုဖြစ်ခဲ့တဲ့အတွက် အလုပ်သမား ၁၇ ဦးသေဆုံးခဲ့ပါတယ်။ ဒီမတိုင်ခင်တနှစ်ကလည်း Madhya Pradesh ပြည်နယ်အလယ်ပိုင်းရွာတရွာမှာ မီးရှူးမီးပန်းတွေလုပ်နေတုန်းပေါက်ကွဲမီးလောင်ခဲ့တဲ့ အတွက် လူ ၂၃ ဦးသေဆုံးခဲ့ပါတယ်။

Forum

​
XS
SM
MD
LG