သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယဘာသာရေးပွဲတော် လူအုပ်ပြိုမှုကြောင့် သေဆုံးသူ ၁၂၀ ကျော်


လူအုပ်ပိသေဆုံးခဲ့တဲ့ ပွဲကျင်းပရာနေရာကို အခင်းဖြစ်ပြီးနောက် တွေ့ရစဉ် (ဇူလိုင် ၃၊ ၂၀၂၄)
လူအုပ်ပိသေဆုံးခဲ့တဲ့ ပွဲကျင်းပရာနေရာကို အခင်းဖြစ်ပြီးနောက် တွေ့ရစဉ် (ဇူလိုင် ၃၊ ၂၀၂၄)

အိန္ဒိယနိုင်ငံမြောက်ပိုင်း Uttar Pradesh ပြည်နယ်မှာ ဟိန္ဒူဘာသာဝင်တွေရဲ့ ဘာသာရေးပွဲတော်အတွင်း မနေ့က လူတွေ ကြိတ်ကြိတ်တိုးပြီး အချင်းချင်း တက်နင်းမိတဲ့အတွက် သေဆုံးသူ ၁၂၁ ယောက်ရှိသွားပြီလို့ အိန္ဒိယ အရာရှိတွေက ပြောပါတယ်။

အိန္ဒိယ မြို့တော်နယူးဒေလီရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၂၀၀ အကွာ Uttar Pradesh ပြည်နယ် Hathras ခရိုင် မှာ ကျင်းပတဲ့ ဘာသာရေးပွဲတော်အတွင်း လူတွေ အချင်းချင်းတက်နင်းမိကြတဲ့အကြောင်း ပြည်နယ်ရဲနဲ့ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

လူ ၈ သောင်း ပါဝင်ခွင့်ပေးထားတဲ့ အခမ်းအနားကို ၂ သိန်းခွဲလောက် တက်ရောက်လာခဲ့တယ်လို့အေပီသတင်းက ပြောပါတယ်။

လူအုပ်ကြီး ရွက်ဖျင်တဲကနေ အထွက်မှာ တချို့က လမ်းရဲ့တဘက်က မြောင်းထဲပြုတ်ကျသွားကြပြီး တခြားသူတွေ ထပ်ကျရာက လူပိ သေဆုံးကြတာဖြစ်တယ်လို့ မျက်မြင် သက်သေတယောက်က Press Trust of India သတင်းဌာနကို ပြောပါတယ်။ သေဆုံးတဲ့အထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေ အတော်များများပါဝင်ပါတယ်။

ဘာသာရေးပွဲတော်တွေမှာ လူတွေ ထိန်းမနိုင်သိမ်းမရ အုပ်စုလိုက်ရောက်လာပြီး စည်းကမ်းထိမ်းသိမ်းမှု အားနည်းတဲ့အတွက် အချင်းချင်း ပိပြီး သေဆုံးခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။

အိန္ဒိယဘာသာရေးပွဲတော် လူအုပ်ပြိုမှုကြောင့် သေဆုံးသူ ၁၂၀ ကျော်
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG