သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယစစ်သား ၅ ဦး စစ်ရေးလေ့ကျင့်မှုအတွင်း မတော်တဆသေဆုံး


အိန္ဒိယစစ်သားများ တင့်ကားရွှေ့ပြောင်းနေပုံ။ (ယခင်မှတ်တမ်းပုံ)
အိန္ဒိယစစ်သားများ တင့်ကားရွှေ့ပြောင်းနေပုံ။ (ယခင်မှတ်တမ်းပုံ)

အိန္ဒိယရဲ့ တရုတ်နယ်စပ်က မှု တခု အတွင်း တင့်ကားတစီး ရေနစ်မြုပ်မှုကြောင့် အိန္ဒိယစစ်သား ၅ ဦး သေဆုံးခဲ့တယ်လို့ အရာရှိတွေက စနေနေ့မှာ ပြောပါတယ်။

အိန္ဒိယရဲ့ တရုတ်နယ်စပ်က စစ်ရေးလေ့ကျင့်မှု တခု အတွင်း တင့်ကားတစီး ရေနစ်မြုပ်မှုကြောင့် အိန္ဒိယစစ်သား ၅ ဦး သေဆုံးခဲ့တယ်လို့ အရာရှိတွေက စနေနေ့မှာ ပြောပါတယ်။

ကက်ရှ်မီးယား ဒေသအရှေ့ခြမ်းက တရုတ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဝေးလံခေါင်သီတဲ့ လာဒက် Ladakh ဒေသမှာ စစ်တင့်ကားတစီးဟာ မြစ်တစီးကိုဖြတ်ကူးနေတုန်းမှာ နစ်မြုပ်သွားခဲ့တာပါ။

စစ်ရေးလေ့ကျင့်မှုတခုအတွင်း Shyok မြစ်ရေ ရုတ်တရက်မြင့်တက်လာမှုကြောင့် စနေနေ့အစောပိုင်းတွင် တင့်ကားနစ်မြုပ်ခဲ့ကြောင်း အိန္ဒိယစစ်တပ်ကွပ်ကဲမှုဌာနမှ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲဒီနေရာမှာ အိန္ဒိယနဲ့ တရုတ်နိုင်ငံကို ပိုင်းခြားထားတဲ့ ထိန်းချုပ်မျဉ်းအနီး Saser Brangsa မှာ ဖြစ်ခဲ့တာ ဖြစ်ပြီး မတော်တဆမှုဖြစ်မှုလို့ ဆိုပါတယ်။

ကာကွယ်ရေးဝန်ကြီး Rajnath Singh ကလည်း ဒါဟာ ကံအကြောင်းမလှလို့ ဖြစ်တဲ့ မတော်တဆ ဖြစ်မှုလို့ သူ့ရဲ့ လူမှုကွန်ရက် X မှာ ထုတ်ပြန်ပြီး တိုင်းပြည်အတွက် စွမ်းစွမ်းတမံ စွမ်းဆောင်ခဲ့တဲ့ စစ်သည်တွေအတွက် ဝမ်းနည်းကြောင်း ပြောပါတယ်။ အဲဒီ လာဒက် ဒေသ နယ်စပ်ဟာ ၂၀၂၀ ခုနှစ် မေလတုန်းကတည်းကစပြီး အိန္ဒိယနဲ့ တရုတ်စစ်တပ်တွေ နှစ်ဖက် ထိပ်တိုက် ဖြစ်နေတာပါ။ ဒီဖြစ်စဥ်တွေ အတွင်းမှာ အိန္ဒိယနဲ့ တရုတ်စစ်သား လေးဦး ကျဆုံးခဲ့ရပါတယ်။

ခက်ခဲကြမ်းတမ်းတဲ့ တောင်တန်းဒေသဖြစ်တဲ့ အဲဒီမှာ နှစ်ဖက်တပ် သောင်းနဲ့ ချီ တပ်စွဲထားပြီး ကာလကြာရှည် ထိပ်တိုက်တွေ့မှု ဖြစ်နေပြီး နှစ်နိုင်ငံဟာ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး ဖြစ်နေတဲ့ စစ်ရေးပဋိပက္ခကို ဖြေရှင်းနိုင်ဖို့ သံတမန်ရေးရာနဲ့ စစ်ရေးဆိုင်ရာ ဆွေးနွေးပွဲတွေ ဆက်တိုက်ကျင်းပနေရချိန်လည်း ဖြစ်ပါတယ်။

အိန္ဒိယနဲ့ တရုတ်ကြား နယ်နိမိတ်အငြင်းပွားမှုဟာ ၁၉၅၀ ခုနှစ်တွေကတည်းက စတင်ခဲ့တာဖြစ်ပြီး ၁၉၆၂ ခုနှစ်တုန်းက နှစ်ဘက် စစ်ပွဲကြီး အထိ ဖြစ်ပွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG