သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံရသူ မြန်မာ ၄၀ နီးပါး အိန္ဒိယပြန်ပို့


မြန်မာနိုင်ငံသား ၃၈ ယောက်ကို မဏိပူရ ပြည်နယ်အစိုးရက ပြန်လည် လွှဲပြောင်းပေးခဲ့ (ဇွန် ၁၂၊ ၂၀၂၄)
မြန်မာနိုင်ငံသား ၃၈ ယောက်ကို မဏိပူရ ပြည်နယ်အစိုးရက ပြန်လည် လွှဲပြောင်းပေးခဲ့ (ဇွန် ၁၂၊ ၂၀၂၄)

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်အတွင်း တရားမဝင် ဝင်ရောက်မှုနဲ့ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၃၈ ယောက်ကို မြန်မာဘက်ကို ဒီကနေ့ ဇွန်လ ၁၂ ရက်နေ့မှာ ပြန်လည် လွဲပြောင်းပေးလိုက်ကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူး N. Biren Singh က လူမှုကွန်ယက်မှာ ရေးပါတယ်။ သူတို့ကို မဏိပူရပြည်နယ်၊ မိုရေးမှာရှိတဲ့ နယ်စပ်ဂိတ် Integrated Check Post (ICP) ကနေ မြန်မာ အာဏာပိုင်တွေလက်ထဲ လွှဲပြောင်းပေးလိုက်တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့မှာလည်း အလားတူ မြန်မာနိုင်ငံသား ၃၈ ယောက်ကို မဏိပူရ ပြည်နယ်အစိုးရက ပြန်လည် လွှဲပြောင်းပေးခဲ့ပြီး ဖြစ်တာကြောင့် ဒါဟာ အခုနှစ်ထဲမှာတင် ဒုတိယအသုတ်အဖြစ်နဲ့ ပြန်ပို့တာလည်း ဖြစ်ပါတယ်။

အခုပြန်ပို့ခံရသူအများစုဟာ မြန်မာလူမျိုးတွေဖြစ်ပြီး သူတို့ကို စစ်ကောင်စီက တမူးမြို့မှာ ထိန်းသိမ်းထားပြီး သက်ဆိုင်ရာ နေရပ်အသီးသီးကို မပြန်ကြခင် စုံစမ်း မေးမြန်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ အရင် ပြန်ပို့ခံခဲ့ရတဲ့ ပထမအသုတ်ကလူတွေကိုလည်း စစ်ကောင်စီက အလားတူ စုံစမ်း မေးမြန်းမှုတွေ ပြုလုပ်ပြီးမှ သူတို့ ဇာတိတွေကို ပြန်သွားခွင့်ပြုခဲ့တာပါ။

မဏိပူရပြည်နယ်အစိုးရအနေနဲ့ တရားမဝင် ဝင်ရောက်လာသူတွေကို စုံစမ်း ဖော်ထုတ်ပြီး နေရပ်ပြန်ပို့မယ့်အစီအစဉ်ကို ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် N. Biren Singh က လူမှုကွန်ယက်မှာ ဒီကနေ့ ရေးထားပါတယ်။

မဏိပူရ ပြည်နယ်၊ Kamjong ခရိုင်ထဲမှာ မြန်မာနိုင်ငံကနေ တရားမဝင် ဝင်ရောက်လာသူ ၅,၄၅၇ ဦး ရှိပြီး အဲဒီထဲက ရွှေ့ပြောင်းနေထိုင်သူ ၅,၁၇၃ ဦးရဲ့ ကိုယ်ရေး အချက်အလက်တွေကို မှတ်တမ်းတင်ထားပြီးဖြစ်ကြောင်း ပြည်နယ် ဝန်ကြီးချုပ်က လူမှုကွန်ယက်မှာ မေလ ၉ ရက်နေ့က ရေးသားထားပါတယ်။

တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံရသူ မြန်မာ ၄၀ နီးပါး အိန္ဒိယပြန်ပို့
please wait

No media source currently available

0:00 0:01:26 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG