သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ မဏိပူပြည်နယ်တွင်း မြန်မာဒုက္ခသည် ၃၈ ဦး နေရပ်ပြန်ပို့


အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်အတွင်း ခိုလှုံနေသော မြန်မာစစ်ဘေးရှောင် ဒုက္ခသည်များ (ဓါတ်ပုံ - AFP)
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်အတွင်း ခိုလှုံနေသော မြန်မာစစ်ဘေးရှောင် ဒုက္ခသည်များ (ဓါတ်ပုံ - AFP)

မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ် အာဏာသိမ်းခဲ့တဲ့နောက် ထွက်ပြေးခိုလှုံနေတဲ့ မြန်မာဒုက္ခသည် ၃၈ ဦးကို အိန္ဒိယ အာဏာပိုင်တွေက မေလ ၂ ရက်နေ့မှာ ပထမအသုတ်အဖြစ် ပြန်ပို့လိုက်တယ်လို့ အိန္ဒိယနယ်စပ်မှာ နေထိုင်နေတဲ့ ဦးသိန်း က VOA ကိုပြောပါတယ်။

"မြန်မာနိုင်ငံသား ၃၈ ယောက်ကို တမူး မြို့မဘုန်းကြီးကျောင်းကိုပြန်ပို့လိုက်တယ်လို့ ကြားရတယ်။ အဲဒီ ၃၈ ယောက်ဟာ ပြီးခဲ့တဲ့လတွေတုန်းက အင်ဖမ်းထောင်ထဲမှာရှိနေတဲ့ မြန်မာနိုင်ငံသား ၇၇ ယောက်ပို့ဖို့ အစီအစဥ်ထဲမှာ တမူးဘက်ကလက်ခံမယ့်သူမရှိလို့ မိုးရေးက --- က ...စခန်းမှာထားတဲ့ ၃၈ ယောက်ကို အခုမှ ပို့နိုင်ခဲ့တာဖြစ်တယ်။"

ထောင်ထဲမှာ နောက်ထပ် ၁၅၀ လောက်ကျန်နေသေးတယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံဘက်အခြမ်းက တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံအတွင်း အရပ်သားဒုက္ခသည်တွေအပြင် မြန်မာစစ်သားတွေပါ ထွက်ပြေး ခိုလှုံလာခဲ့တာကြောင့် အိန္ဒိယဗဟိုအစိုးရကရော၊ မနှစ်က လူမျိုးရေး အဓိကရုန်းကြောင့် လူပေါင်း ၂၂၀ လောက်သေဆုံးခဲ့ရတဲ့ မဏိပူရပြည်နယ်ရဲ့ အစိုးရတာဝန်ရှိသူတွေကပါ လုံခြုံရေးအတွက် စိုးရိမ်လာတာကြောင့် အခုလို ပြန်ပို့ဖို့ဖြစ်လာတာပါ။

မြန်မာနိုင်ငံဘက်ကလည်း အိန္ဒိယနိုင်ငံသားတဦးကို ပြန်ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။ ၁၉၅၁ ခုနှစ်မှာပြဌာန်းခဲ့တဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ပဋိညာဥ်စာချုပ်ကို အိန္ဒိယကလက်မှတ်ထိုး မထားသလို သူ့နိုင်ငံအတွင်းမှာလည်း ဒုက္ခသည်တွေကို အကာကွယ်ပေးတဲ့ ဥပဒေ ပြဌာန်းထားတာ မရှိပါဘူး။

အိန္ဒိယ မဏိပူပြည်နယ်တွင်း မြန်မာဒုက္ခသည် ၃၈ ဦး နေရပ်ပြန်ပို့
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG