သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီးချုပ်မိုဒီ တတိယသက်တမ်း ကျမ်းသစ္စာဆို


INDIA-POLITICS
INDIA-POLITICS

အိန္ဒိယဝန်ကြီးချုပ် Narendra Modi ဟာ ဝန်ကြီးချုပ်ရာထူးတတိယသက်တမ်းအတွက် နယူးဒေလီက သမ္မတနန်းတော်မှာ တနင်္ဂနွေနေ့က ကျမ်းသစ္စာဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီတခေါက်သက်တမ်းမှာတော့ အရင်ကလောက် ထောက်ခံမှုသိပ်မရခဲ့ဘဲ ညွန့်ပေါင်းအစိုးရအကြီးအကဲ ဖြစ်လာခဲ့တာပါ။

သူဦးဆောင်တဲ့ BJP ပါတီဟာ လွှတ်တော်ထဲမှာ အပြတ်အသတ်မရှိထားတော့ လက်ရှိမှာတော့ သူဟာ မဟာမိတ်ပါတီတွေကို အားကိုးအားထားပြုရမယ့်အခြေအနေ ရှိနေပါတယ်။ ဒီမိုကရေစီသဘောအရ အများစုရဖို့ အရေးကြီးပေမယ့်လည်း အားလုံး တစိတ်တဝမ်းတည်းသဘောတူညီမှုရဖို့ဆိုတာ မဖြစ်နေကိစ္စရပ်ဖြစ်တယ်လို့ သောကြာနေ့ မဟာမိတ်တွေနဲ့ အစည်းအဝေးတခုအတွင်းမှာ ဝန်ကြီးချုပ် မိုဒီက ပြောခဲ့ပါတယ်။

လာမယ့်အစိုးရသစ်မှာ အားလုံးသဘောတူညီချက်မှုယူဖို့ဆိုတာကတော့ သူ့အတွက် စမ်းသပ်ချက်တခုဖြစ်လာမယ်လို့ သုံးသပ်သူတွေက ခန့်မှန်းပါတယ်။ ကြီးမားတဲ့ ရည်မှန်းချက်တွေကို ဆောင်ရွက်ဖို့ ရက် ၁၀၀ အစီအစဉ်တရပ်ကို သူပြင်ထားပါတယ်လို့ ရွေးကောက်ပွဲအကြိုကာလတွေတုန်းက လူထုစုဝေးပွဲတွေမှာရော မေးမြန်းခန်းတွေမှာပါ ပြောခဲ့ပါတယ်။ အိန္ဒိယနိုင်ငံတွင်း ထုတ်ကုန်တိုးမြှင့်ဖို့နဲ့ နိုင်ငံခြားရေးရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ဖို့အတွက် ပြုပြင်ပြောင်းလဲမှုတွေမှာ မဟာမိတ်တွေကိုပဲ ဆွဲခေါ်နိုင်မယ်လို့ သုံးသပ်သူတွေက ယူဆပါတယ်။

ဝန်ကြီးချုပ်မိုဒီဟာ အိန္ဒိယနိုငငံကို ၂၀၄၇ ခုနှစ်မှာ ထုတ်ကုန်စွမ်းအားကောင်းတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတခုဖြစ်လာဖို့ ရည်မှန်းထားတာပါ။ ဒါကြောင်လည်း ရုရှားနဲ့ဆက်ဆံရေးကိုထိန်းထားသလို အိမ်နီးချင်းနိုင်ငံတွေ၊ အမေရိကန်ပြည်ထာင်စုတို့နဲ့ နီးကပ်တဲ့ဆက်ဆံရေးဖြစ်ဖို့ဆိုတာကို သူ့မဟာမိတ်တွေကြားထဲ ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီမှုရှိထားပြီလို့ ယူဆကြပါတယ်။

ဒါပေမယ့်လည်း တဘက်မှာတော့ သူဦးဆောင်တဲ့ BJP ပါတီရဲ့ အမျိုးသားရေး ဦးစားပေးအစီအစဉ်ကတော့ တန်ပြန်သက်ရောက်မှုရှိနိုင်တယ်လို့လည်း သုံးသပ်ယူဆကြပါတယ်။

ဝန်ကြီးချုပ်မိုဒီ တတိယသက်တမ်း ကျမ်းသစ္စာဆို
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG