သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပူတင်ကျမ်းသစ္စာကျိန်ဆိုပွဲ ကန့်ကွက်တဲ့ အတိုက်အခံခေါင်းဆောင် အဖမ်းခံရ


စိန့်ပီတာစဘာ့ဂ်မြို့တွင်လုပ်သည့် ဆန္ဒပြပွဲ။ ၅ မေ ၂၀၁၈။
စိန့်ပီတာစဘာ့ဂ်မြို့တွင်လုပ်သည့် ဆန္ဒပြပွဲ။ ၅ မေ ၂၀၁၈။

ရုရှားမှာ အထင်ရှားဆုံး အတိုက်အခံခေါင်းဆောင် Alexei Navalny နဲ့ သူ့ကိုထောက်ခံသူ ရာပေါင်းများစွာကို စနေနေ့မှာ အာဏာ ပိုင်တွေက ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။ လေးကြိမ်မြောက် သမ္မတသက်တမ်းအတွက် ဗလာဒီမီယာ ပူတင် ကျမ်းသစ္စာကျိန် ဆိုပွဲကို ကန့်ကွက်တဲ့အနေနဲ့ မော်စကိုမြို့တော်နဲ့ တခြားမြို့ကြီး ၉၀ မှာ ဆန္ဒပြပွဲတွေ ဖြစ်နေချိန် မှာပဲ အခုလို ဖမ်းဆီးလိုက်တာပါ။

မော်စကိုမြို့လည်ခေါင်က ဆန္ဒပြနေရာကို Navalny ရောက်သွားအပြီး မိနစ်ပိုင်းအတွင်း မှာပဲ သူနဲ့ သူ့ရဲ့မဟာမိတ် Nikolai Lyaskin တို့ကို ဖမ်းဆီးခဲ့ပါတယ်။ နိုင်ငံတဝန်းမှာ လူပေါင်း ၃၅၀ ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သီးခြားလွတ်လပ်တဲ့ စောင့်ကြည့်လေ့လာရေးအဖွဲ့ OVD-Info က ခန့်မှန်းထားပါတယ်။ ဒီဆန္ဒပြပွဲတွေဟာ ဥပဒေနဲ့မကိုက်ညီဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

Navalny ဟာ ပြီးခဲ့တဲ့လကကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရဘဲ ပိတ်ပင်ခံခဲ့ရတာပါ။ ဆန္ဒပြပွဲကျင်းပရာ Pushkinskaya ရင်ပြင်ကို မသွားခင် အဖမ်းခံရမယ့်အရေး ရှောင်ရှားဖို့အတွက် ထွက်မလာခင် နာရီအတော်ကြာကတည်းက Navalny ဟာ လျှို့ဝှက်နေရာတခုမှာ ပုန်းအောင်းနေခဲ့တာပါ။ ရဲတပ်ဖွဲ့ဝင်ငါးဦးက သူ့ရဲ့လက်တွေ၊ ခြေထောက်တွေကနေ တရွတ်တိုက်ဆွဲပြီးတော့ ရဲကားထဲ သူ့ကို ဆွဲထည့်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ဆန္ဒပြသူတွေက “ပူတင် ကျဆုံးပါစေ” “Tsar ဘုရင် ကျဆုံးပါစေ” ဆိုပြီး အော်ဟစ် ကြွေးကျော်ခဲ့ကြပါတယ်။

Navalny ကို ထောက်ခံသူတွေ Pushkinskaya ရင်ပြင်ကို မရောက်နိုင်အောင် တားဆီးဖို့အတွက် အမျိုးသားရေးဝါဒီလူငယ်တွေ က မော်စကိုမြို့တော်မှာ တန်ပြန်ှ ဆန္ဒပြပွဲတခု လုပ်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG