သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Rosenthal အစီရင္ခံစာအေကာင္အထည္ေဖာ္မႈ ကုလအတြင္းေရးမႈးခ်ဳပ္အစီရင္ခံ


ကုလသမဂၢ အတြင္းေရးမႈးခ်ဳပ္ Antonio Guterres

(Zawgyi/Unicode)

ျမန္မာႏိ္ုင္ငံ ကုလလုပ္ငန္းစဥ္ေတြနဲ႔ ပတ္သက္လို႔ စံုစမ္းထားတဲ့ Rosenthal အစီရင္ခံစာ အၾကံျပဳခ်က္ေတြကို ကုလအတြင္းေရးမႈးခ်ဳပ္အေနနဲ႔ ကုလသမဂၢျပဳျပင္ေျပာင္းလဲေရး အစီအမံထဲမွာ ထည့္သြင္းအေကာင္အထည္ ေဖာ္ေနသလို ဒီလုပ္ငန္းေအာင္ျမင္မႈအတြက္ ကုလသမဂၢအဖဲြ႕၀င္ႏိုင္ငံေတြနဲ႔ အရပ္ဖက္အဖဲြ႕အစည္းေတြရဲ႕ ေထာက္ခံပူးေပါင္းမႈ လိုအပ္တယ္လို႔ ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ကေန လူ႔အခြင့္အေရးေကာင္စီကို တင္သြင္းတဲ့ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ ဒါဟာ ကုလသမဂၢအေနနဲ႔ ေနာက္ထပ္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ျဖစ္မလာေအာင္ ႀကိဳတင္ဟန္႔တားႏိုင္ဖို႔ လုပ္ငန္းစဥ္ တရပ္ျဖစ္တယ္လို႔လည္း ဆိုပါတယ္။ ကုလသမဂၢလူ႔အခြင့္အေရးညီလာခံမွာ အတြင္းေရးမႈးခ်ဳပ္ရဲ႕ ဒီအစီရင္ခံစာတင္သြင္းမႈနဲ႔ ပတ္သက္လို႔ ကိုသားၫြန္႔ဦးက ဆက္ ေျပာျပေပးမွာပါ။

ကုလသမဂၢ အ၀န္းအဝိုင္းမွာ Rosenthal အစီရင္ခံစာလို႔ လူသိမ်ားတဲ့ ဒီအစီရင္ခံစာ အၾကံျပဳခ်က္ေတြကို ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္အေနနဲ႔ ဘယ္လို ေနာက္ဆက္တဲြ အေကာင္အထည္ ေဖာ္ေနသလဲဆိုတာနဲ႔ ပတ္သက္ၿပီး ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္က လူ႔အခြင့္အေရးေကာင္စီကို အစီရင္ခံစာ ဒီကေန႔ တင္သြင္းပါတယ္။ ျမန္မာႏိုင္ငံက ႐ိုုဟင္ဂ်ာမြတ္ဆလင္ေတြအေပၚ လူ႔အခြင့္အေရးက်ဴးလြန္မႈေတြ ႀကီးႀကီးမားမား ျဖစ္မလာခင္မွာ အၾကမ္းဖက္အရွိန္ တိုးလာေနတယ္ဆိုတဲ့ သတိေပးခ်က္ အေျခအေနေတြကို ကုလသမဂၢက လ်စ္လ်ဴျပဳခဲ့တယ္ဆိုၿပီး စြပ္စဲြခ်က္ေတြ ရွိခဲ့ပါတယ္။ အဲဒီ စြပ္စဲြခ်က္ေတြကို စံုစမ္းဖို႔ ဂြာတီမာလာ ႏိုင္ငံျခားေရး၀န္ႀကီးေဟာင္းလည္းျဖစ္ ကုလသမဂၢဆိုင္ရာ ဂြာတီမာလာ သံအမတ္ႀကီးေဟာင္းလည္းျဖစ္တဲ့ Gert Rosenthal ကို အတြင္းေရးမႈးခ်ဳပ္ Antonio Guterres က တာ၀န္ေပးခဲ့ၿပီး၊ မႏွစ္က အဲဒီ အစီရင္ခံစာ ထြက္ခဲ့တာပါ။ အစီရင္ခံစာထဲမွာေတာ့ ျမန္မာႏိ္ုင္ငံတြင္း ကုလယႏၲယားရဲ႕ ေဆာင္ရြက္မႈ အစိတ္အပိုင္းေတြကို ေ၀ဖန္ထားၿပီး မေအာင္မျမင္ ျဖစ္ခဲ့တာေတြကို ေထာက္ျပထားပါတယ္။ ကုလ ေအဂ်င္စီေတြအၾကား အားၿပိဳင္မႈ၊ ျမန္မာအစိုးရနဲ႔ ဆက္ဆံမႈ၊ ပဋိပကၡေဒသက အခ်က္အလက္ေတြနဲ႔ ပတ္သက္လို႔ သံုးသပ္တင္ျပမႈ.. ဒါေတြကို ေလ့လာသံုးသပ္ၿပီး အၾကံျပဳခ်က္ေတြေပးခဲ့ပါတယ္။ ဒီအၾကံျပဳခ်က္ေတြအတိုင္း ကုလသမဂၢရဲ႕လုပ္ငန္းေတြ တာ၀န္ယူ တာ၀န္ခံမႈ ရွိလာေစဖို႔အတြက္ ျပင္ဆင္ေဆာင္ရြက္ေနၿပီလို႔ ကုလအတြင္းေရးမႈးခ်ဳပ္ကိုယ္စား ကုလ လက္ေထာက္အတြင္းေရးမႈးခ်ဳပ္ တဦးျဖစ္သူ Volker Türk က လူ႔အခြင့္အေရးေကာင္စီကို ဒီကေန႔ ရွင္းျပခဲ့ပါတယ္။

“ျပဳျပင္ေျပာင္းလဲမႈေတြဟာ ကုလသမဂၢစနစ္ကို တကယ္ပဲ အေထာက္အကူျဖစ္ေစဖို႔ လူ႔အခြင့္အေရးနဲ႔ပတ္သက္လို႔ တားဆီးကာကြယ္ေရး ပူးေပါင္းေဆာင္ရြက္ေရး ျဖစ္လာေစဖို႔ ကုလ ဌာနခ်ဳပ္မွာေရာ ေျမျပင္အေနအထားေတြမွာပါ တာ၀န္ယူ တာ၀န္ခံမႈေတြျဖစ္လာေစဖို႔ အတြင္းေရးမွဴးအေနနဲ႔ ျပင္ဆင္ေဆာင္ရြက္ေနပါတယ္။”

ကုလသမဂၢအဖဲြ႕အတြင္း ျပင္ဆင္ေျပာင္းလဲမႈေတြ လုပ္ရာမွာ စနစ္အရေရာ ဖဲြ႕စည္းပံုအရပါ တိုးတက္ေကာင္းမြန္လာဖို႔ျဖစ္သလို၊ ဒါဟာ ႏိုင္ငံ တႏိုင္ငံတည္းအတြက္တင္ ရည္ရြယ္တာ မဟုတ္ဘဲ ႏိုင္ငံအရပ္ရပ္က ကုလစနစ္အားလံုးအတြက္ျဖစ္ၿပီး လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈျဖစ္လာႏိုင္္ေခ်ေတြ ဟန္႔တားႏိုင္ဖို႔ ရည္ရြယ္တယ္လို႔ လက္ေထာက္အတြင္းေရးမႈးခ်ဳပ္က ေျပာပါတယ္။ ဒီအတြက္လည္း ပူးေပါင္းေဆာင္ရြက္မႈေတြလုပ္ဖို႔ ဖိတ္ေခၚခဲ့ပါတယ္။

“ေသခ်ာတာကေတာ့ ဒီလို ျပဳျပင္ေျပာင္းလဲမႈေတြကို ကုလသမဂၢစနစ္တခုတည္းက လုပ္လို႔မရပါဘူး၊ အဖဲြ႕၀င္ႏိုင္ငံေတြနဲ႔ အရပ္ဖက္အဖဲြ႕အစည္းေတြရဲ႕ ေထာက္ခံကူညီမႈ လိုပါတယ္။”

ျမန္မာကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကေတာ့ ကုလသမဂၢရဲ႕ အစီရင္ခံစာေတြဟာ တိက်မွန္ကန္ဖို႔ သမာသမတ္က်ဖို႔ လိုအပ္တယ္ဆိုတဲ့ အခ်က္ေတြကို ျပန္ေထာက္ျပပါတယ္။ အခု အစီရင္ခံစာထဲ ARSA အဖဲြ႕ တိုက္ခိုက္တဲ့ ရဲစခန္းအေရအတြက္ဟာ ၃ ျဖစ္ေနၿပီး၊ အမွန္တကယ္က ၃၀ ဆိုတာကို ျပန္ရွင္းပါတယ္။ ဒါမ်ိဳးဟာ အၾကမ္းဖက္မႈ လုပ္ရပ္ေတြကို ေမွးမွိန္မႈျဖစ္ေစတယ္လို႔ ေထာက္ျပပါတယ္။ ဒါ့အျပင္ ကုလသမဂၢလုပ္ငန္းေတြဟာ သက္ဆိုင္ရာတိုင္းျပည္နဲ႔ ပူးေပါင္းေဆာင္ရြက္ၿပီး သက္ဆိုင္ရာတိုင္းျပည္အစိုးရရဲ႕ သေဘာထားနဲ႔အညီ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းကူညီေပးဖို႔ျဖစ္တယ္လို႔ ေထာက္ျပပါတယ္။ ဒီအတြက္လည္း ကုလသမဂၢလုပ္ငန္းေတြဟာ လိုအပ္ခ်က္အေပၚ တည္ၿပီး ေဆာင္ရြက္သင့္တယ္လို႔ ဆိုပါတယ္။

“ကုလသမဂၢ ဌာေနကိုယ္စားလွယ္နဲ႔ ကုလသမဂၢဌာေနရံုးလုပ္ငန္းေတြဟာ လိုအပ္ခ်က္ေတြအေပၚ တည္သင့္ပါတယ္။ အလႈရွင္ေတြရဲ႕ လိုလားခ်က္အတိုင္းမျဖစ္သင့္ပါဘူး။"

႐ိုဟင္ဂ်ာအသံုးအႏႈန္း လက္မခံတဲ့ ျမန္မာအစိုးရအေနနဲ႔ကေတာ့ ႐ိုဟင္ဂ်ာအေရးနဲ႔ပတ္သက္လို႔ ကုလအစီရင္ခံစာအမ်ားစုဟာ သမာသမတ္မက်ဘူးလို႔ ယူဆထားတာပါ။

လက္ေထာက္အတြင္းေရးမႈးခ်ဳပ္ကေတာ့ အခု Rosenthal အစီရင္ခံစာရရခ်င္း ကုလအတြင္းေရးမႈးခ်ဳပ္အေနနဲ႔ ေတြ႕ဆံုေဆြးေႏြးမႈေတ ြလုပ္ၿပီး ျပဳျပင္ေျပာင္းလဲေရးေတြလုပ္ဖို႔ ျပင္ဆင္ခဲ့ရတယ္လို႔ဆိုပါတယ္။

“အတြင္းေရးမႈးခ်ဳပ္အေနနဲ႔ ဒီအစီရင္ခံစာကို လက္ခံရရွိတဲ့အခ်ိန္မွာ ဒီ အစီရင္ခံစာကို အဖဲြ႕၀င္ႏိုင္ငံေတြတင္မကပဲ၊ ကုလသမဂၢအတြင္းမွာပဲ ျဖန္႔ေ၀ခဲ့ပါတယ္။ အဲဒီေနာက္ ကုလသမဂၢစီမံခန္႔ခဲြမႈဆိုင္ရာ အႀကီးတန္းအရာရွိေတြကိုေရာ၊ သူ႔ အမႈေဆာင္အရာရွိေတြၾကားမွာပါ အဆင့္ျမင့္တာ၀န္ရွိသူေတြပါတဲ့ အစည္းအေ၀းေတြ ေခၚယူခဲ့ပါတယ္။ ဒီ အစီရင္ခံစာ ေနာက္ဆက္တဲြ ဘယ္လို အေရးယူေဆာင္ရြက္မလဲ ေဆြးေႏြးၾကတာပါ။ သံုးသပ္ခ်က္တခုကေတာ့ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျပဳျပင္ေျပာင္းလဲေရး အစီအမံေတြထဲမွာ ဒီအစီရင္ခံစာပါ အၾကံျပဳခ်က္ေတြကိုပါ ထည့္သြင္းစဥ္းစားသြားဖို႔ပါ။ ဒါေၾကာင့္ ဒီအစီရင္ခံစာက အင္မတန္မွ အေရးႀကီးပါတယ္။”

ဒါေၾကာင့္လည္း ကုလသမဂၢဌာေန ကိုယ္စားလွယ္စနစ္ကို ျပန္လည္သံုးသပ္ေနၿပီး မၾကာခင္မွာေတာ့ ဌာနကိုယ္စားလွယ္ေတြနဲ႔ ဌာနရံုးေတြကို ကုလ အတြင္းေရးမႈးခ်ဳပ္ရဲ႕ လမ္းၫႊန္ခ်က္သစ္ေတြ ထုတ္ျပန္ေပးဖို႔ရွိတယ္လို႔လည္း ဆိုပါတယ္။ ဒီေနရာမွာ ကုလတာ၀န္ရွိသူေတြအေနနဲ႔ လူ႔အခြင့္အေရးနဲ႔ပတ္သက္လို႔ နားလည္ တတ္ကြ်မ္းဖို႔ဆိုတာကို အေလးေပးထားတယ္လို႔ ေျပာပါတယ္။ အခု ကုလအတြင္းေရးမႈးခ်ဳပ္ရဲ႕ အစီရင္ခံစာအေပၚ အဖဲြ႕၀င္ႏိ္ုင္ငံေတြ ျပန္လည္ သံုးသပ္ေဆြးေႏြးရာမွာေတာ့ အေနာက္ႏိုင္ငံေတြကေတာ့ Rosenthal အစီရင္ခံစာနဲ႔ အတြင္းေရးမႈးခ်ဳပ္အစီရင္ခံစာကို ႀကိဳဆိုလက္ခံၾကပါတယ္။ တ႐ုတ္နဲ႔ ျမန္မာအိမ္နီးခ်င္းေတြကေတာ့ ႐ိုဟင္ဂ်ာအေရးနဲ႔ပတ္သက္ၿပီး အိမ္နီးခ်င္းဘဂၤလားေဒ့ရွ္နဲ႔ ခ်ဳပ္ဆိုထားတဲ့ သေဘာတူညီခ်က္ကို အေကာင္အထည္ေဖာ္ေရးကိုသာ အဓိက ေထာက္ျပ ေျပာဆိုခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

Rosenthal အစီရင်ခံစာအကောင်အထည်ဖော်မှု ကုလအတွင်းရေးမှုးချုပ်အစီရင်ခံ

မြန်မာနိုင်ငံ ကုလလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ စုံစမ်းထားတဲ့ Rosenthal အစီရင်ခံစာ အကြံပြုချက်တွေကို ကုလအတွင်းရေးမှုးချုပ်အနေနဲ့ ကုလသမဂ္ဂပြုပြင်ပြောင်းလဲရေး အစီအမံထဲမှာ ထည့်သွင်းအကောင်အထည် ဖော်နေသလို ဒီလုပ်ငန်းအောင်မြင်မှုအတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ထောက်ခံပူးပေါင်းမှု လိုအပ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ကနေ လူ့အခွင့်အရေးကောင်စီကို တင်သွင်းတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါဟာ ကုလသမဂ္ဂအနေနဲ့ နောက်ထပ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်မလာအောင် ကြိုတင်ဟန့်တားနိုင်ဖို့ လုပ်ငန်းစဉ် တရပ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးညီလာခံမှာ အတွင်းရေးမှုးချုပ်ရဲ့ ဒီအစီရင်ခံစာတင်သွင်းမှုနဲ့ ပတ်သက်လို့ ကိုသားညွန့်ဦးက ဆက် ပြောပြပေးမှာပါ။

ကုလသမဂ္ဂ အဝန်းအဝိုင်းမှာ Rosenthal အစီရင်ခံစာလို့ လူသိများတဲ့ ဒီအစီရင်ခံစာ အကြံပြုချက်တွေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ ဘယ်လို နောက်ဆက်တွဲ အကောင်အထည် ဖော်နေသလဲဆိုတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က လူ့အခွင့်အရေးကောင်စီကို အစီရင်ခံစာ ဒီကနေ့ တင်သွင်းပါတယ်။ မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူ့အခွင့်အရေးကျူးလွန်မှုတွေ ကြီးကြီးမားမားဖြစ်မလာခင်မှာ အကြမ်းဖက်အရှိန် တိုးလာနေတယ်ဆိုတဲ့ သတိပေးချက် အခြေအနေတွေကို ကုလသမဂ္ဂက လျစ်လျူပြုခဲ့တယ်ဆိုပြီး စွပ်စွဲချက်တွေ ရှိခဲ့ပါတယ်။ အဲဒီ စွပ်စွဲချက်တွေကို စုံစမ်းဖို့ ဂွာတီမာလာ နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ် ကုလသမဂ္ဂဆိုင်ရာ ဂွာတီမာလာ သံအမတ်ကြီးဟောင်းလည်းဖြစ်တဲ့ Gert Rosenthal ကို အတွင်းရေးမှုးချုပ် Antonio Guterres က တာဝန်ပေးခဲ့ပြီး၊ မနှစ်က အဲဒီ အစီရင်ခံစာ ထွက်ခဲ့တာပါ။ အစီရင်ခံစာထဲမှာတော့ မြန်မာနိုင်ငံတွင်း ကုလယန္တယားရဲ့ ဆောင်ရွက်မှု အစိတ်အပိုင်းတွေကို ဝေဖန်ထားပြီး မအောင်မမြင် ဖြစ်ခဲ့တာတွေကို ထောက်ပြထားပါတယ်။ ကုလ အေဂျင်စီတွေအကြား အားပြိုင်မှု၊ မြန်မာအစိုးရနဲ့ ဆက်ဆံမှု၊ ပဋိပက္ခဒေသက အချက်အလက်တွေနဲ့ ပတ်သက်လို့ သုံးသပ်တင်ပြမှု.. ဒါတွေကို လေ့လာသုံးသပ်ပြီး အကြံပြုချက်တွေပေးခဲ့ပါတယ်။ ဒီအကြံပြုချက်တွေအတိုင်း ကုလသမဂ္ဂရဲ့လုပ်ငန်းတွေ တာဝန်ယူ တာဝန်ခံမှု ရှိလာစေဖို့အတွက် ပြင်ဆင်ဆောင်ရွက်နေပြီလို့ ကုလအတွင်းရေးမှုးချုပ်ကိုယ်စား ကုလ လက်ထောက်အတွင်းရေးမှုးချုပ် တဦးဖြစ်သူ Volker Türk က လူ့အခွင့်အရေးကောင်စီကို ဒီကနေ့ ရှင်းပြခဲ့ပါတယ်။

“ပြုပြင်ပြောင်းလဲမှုတွေဟာ ကုလသမဂ္ဂစနစ်ကို တကယ်ပဲ အထောက်အကူဖြစ်စေဖို့ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ တားဆီးကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး ဖြစ်လာစေဖို့ ကုလ ဌာနချုပ်မှာရော မြေပြင်အနေအထားတွေမှာပါ တာဝန်ယူ တာဝန်ခံမှုတွေဖြစ်လာစေဖို့ အတွင်းရေးမှူးအနေနဲ့ ပြင်ဆင်ဆောင်ရွက်နေပါတယ်။”

ကုလသမဂ္ဂအဖွဲ့အတွင်း ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်ရာမှာ စနစ်အရရော ဖွဲ့စည်းပုံအရပါ တိုးတက်ကောင်းမွန်လာဖို့ဖြစ်သလို၊ ဒါဟာ နိုင်ငံ တနိုင်ငံတည်းအတွက်တင် ရည်ရွယ်တာ မဟုတ်ဘဲ နိုင်ငံအရပ်ရပ်က ကုလစနစ်အားလုံးအတွက်ဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်လာနိုင်ချေတွေ ဟန့်တားနိုင်ဖို့ ရည်ရွယ်တယ်လို့ လက်ထောက်အတွင်းရေးမှုးချုပ်က ပြောပါတယ်။ ဒီအတွက်လည်း ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

“သေချာတာကတော့ ဒီလို ပြုပြင်ပြောင်းလဲမှုတွေကို ကုလသမဂ္ဂစနစ်တခုတည်းက လုပ်လို့မရပါဘူး၊ အဖွဲ့ဝင်နိုင်ငံတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ထောက်ခံကူညီမှု လိုပါတယ်။”

မြန်မာကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာတွေဟာ တိကျမှန်ကန်ဖို့ သမာသမတ်ကျဖို့ လိုအပ်တယ်ဆိုတဲ့ အချက်တွေကို ပြန်ထောက်ပြပါတယ်။ အခု အစီရင်ခံစာထဲ ARSA အဖွဲ့ တိုက်ခိုက်တဲ့ ရဲစခန်းအရေအတွက်ဟာ ၃ ဖြစ်နေပြီး၊ အမှန်တကယ်က ၃၀ ဆိုတာကို ပြန်ရှင်းပါတယ်။ ဒါမျိုးဟာ အကြမ်းဖက်မှု လုပ်ရပ်တွေကို မှေးမှိန်မှုဖြစ်စေတယ်လို့ ထောက်ပြပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂလုပ်ငန်းတွေဟာ သက်ဆိုင်ရာတိုင်းပြည်နဲ့ ပူးပေါင်းဆောင်ရွက်ပြီး သက်ဆိုင်ရာတိုင်းပြည်အစိုးရရဲ့ သဘောထားနဲ့အညီ လိုအပ်ချက်တွေကို ဖြည့်ဆည်းကူညီပေးဖို့ဖြစ်တယ်လို့ ထောက်ပြပါတယ်။ ဒီအတွက်လည်း ကုလသမဂ္ဂလုပ်ငန်းတွေဟာ လိုအပ်ချက်အပေါ် တည်ပြီး ဆောင်ရွက်သင့်တယ်လို့ ဆိုပါတယ်။

“ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်နဲ့ ကုလသမဂ္ဂဌာနေရုံးလုပ်ငန်းတွေဟာ လိုအပ်ချက်တွေအပေါ် တည်သင့်ပါတယ်။ အလှုရှင်တွေရဲ့ လိုလားချက်အတိုင်းမဖြစ်သင့်ပါဘူး။"

ရိုဟင်ဂျာအသုံးအနှုန်း လက်မခံတဲ့ မြန်မာအစိုးရအနေနဲ့ကတော့ ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ ကုလအစီရင်ခံစာအများစုဟာ သမာသမတ်မကျဘူးလို့ ယူဆထားတာပါ။

လက်ထောက်အတွင်းရေးမှုးချုပ်ကတော့ အခု Rosenthal အစီရင်ခံစာရရချင်း ကုလအတွင်းရေးမှုးချုပ်အနေနဲ့ တွေ့ဆုံဆွေးနွေးမှုတေ ွလုပ်ပြီး ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ ပြင်ဆင်ခဲ့ရတယ်လို့ဆိုပါတယ်။

“အတွင်းရေးမှုးချုပ်အနေနဲ့ ဒီအစီရင်ခံစာကို လက်ခံရရှိတဲ့အချိန်မှာ ဒီ အစီရင်ခံစာကို အဖွဲ့ဝင်နိုင်ငံတွေတင်မကပဲ၊ ကုလသမဂ္ဂအတွင်းမှာပဲ ဖြန့်ဝေခဲ့ပါတယ်။ အဲဒီနောက် ကုလသမဂ္ဂစီမံခန့်ခွဲမှုဆိုင်ရာ အကြီးတန်းအရာရှိတွေကိုရော၊ သူ့ အမှုဆောင်အရာရှိတွေကြားမှာပါ အဆင့်မြင့်တာဝန်ရှိသူတွေပါတဲ့ အစည်းအဝေးတွေ ခေါ်ယူခဲ့ပါတယ်။ ဒီ အစီရင်ခံစာ နောက်ဆက်တွဲ ဘယ်လို အရေးယူဆောင်ရွက်မလဲ ဆွေးနွေးကြတာပါ။ သုံးသပ်ချက်တခုကတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြုပြင်ပြောင်းလဲရေး အစီအမံတွေထဲမှာ ဒီအစီရင်ခံစာပါ အကြံပြုချက်တွေကိုပါ ထည့်သွင်းစဉ်းစားသွားဖို့ပါ။ ဒါကြောင့် ဒီအစီရင်ခံစာက အင်မတန်မှ အရေးကြီးပါတယ်။”

ဒါကြောင့်လည်း ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်စနစ်ကို ပြန်လည်သုံးသပ်နေပြီး မကြာခင်မှာတော့ ဌာနကိုယ်စားလှယ်တွေနဲ့ ဌာနရုံးတွေကို ကုလ အတွင်းရေးမှုးချုပ်ရဲ့ လမ်းညွှန်ချက်သစ်တွေ ထုတ်ပြန်ပေးဖို့ရှိတယ်လို့လည်း ဆိုပါတယ်။ ဒီနေရာမှာ ကုလတာဝန်ရှိသူတွေအနေနဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ နားလည် တတ်ကျွမ်းဖို့ဆိုတာကို အလေးပေးထားတယ်လို့ ပြောပါတယ်။ အခု ကုလအတွင်းရေးမှုးချုပ်ရဲ့ အစီရင်ခံစာအပေါ် အဖွဲ့ဝင်နိုင်ငံတွေ ပြန်လည် သုံးသပ်ဆွေးနွေးရာမှာတော့ အနောက်နိုင်ငံတွေကတော့ Rosenthal အစီရင်ခံစာနဲ့ အတွင်းရေးမှုးချုပ်အစီရင်ခံစာကို ကြိုဆိုလက်ခံကြပါတယ်။ တရုတ်နဲ့ မြန်မာအိမ်နီးချင်းတွေကတော့ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နဲ့ ချုပ်ဆိုထားတဲ့ သဘောတူညီချက်ကို အကောင်အထည်ဖော်ရေးကိုသာ အဓိက ထောက်ပြ ပြောဆိုခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG