သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 တိုင်ဝမ်အရေးတင်းမာမှု ကန်-တရုတ် ဝန်ကြီးချင်းဆွေးနွေး


U.S. Secretary of State Antony Blinken meets with China's Foreign Minister Wang Yi during the 77th U.N. General Assembly, Sept. 23, 2022.
U.S. Secretary of State Antony Blinken meets with China's Foreign Minister Wang Yi during the 77th U.N. General Assembly, Sept. 23, 2022.

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ သောကြာနေ့က နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ အပြင်ဘက်မှာတွေ့ဆုံပြီး၊ အထူးသဖြင့် တင်းမာမှုတွေရှိနေချိန်မှာ နှစ်နိုင်ငံဆက်သွယ်ရေး လမ်းကြောင်းကို ဆက်လက်ဖွင့်လှစ်ထားဖို့ ဟာ အရေးကြီးကြောင်း ဆွေးနွေးခဲ့ကြပါတယ်။  

တိုင်ဝမ်အရေးတင်းမာမှု ကန်-တရုတ် ဝန်ကြီးချင်းဆွေးနွေး

{{Zawgyi/Unicode}}
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ သောကြာနေ့က နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ အပြင်ဘက်မှာတွေ့ဆုံပြီး၊ အထူးသဖြင့် တင်းမာမှုတွေရှိနေချိန်မှာ နှစ်နိုင်ငံဆက်သွယ်ရေး လမ်းကြောင်းကို ဆက်လက်ဖွင့်လှစ်ထားဖို့ ဟာ အရေးကြီးကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

ဒေသဆိုင်ရာနဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးနဲ့ သာယာဝပြောရေးအတွက် ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး တည်တန့်အောင် လုပ်ထားနိုင်ဖို့ လွန်စွာမှ အရေးကြီးတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောဆိုခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောရေး ဆိုခွင့်ရှိသူ Ned Price ကကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်ဝမ်ကို တရုတ်က ကျူးကျော်ရင် အမေရိကန်က ထိုင်ဝမ်ဘက်ကနေ ဝင်ရောက်ကူညီခုခံသွားမယ်လို့ လွန်ခဲ့တဲ့လ အနည်းငယ်ပိုင်းက အမေရိကန်သမတ ဂျိုးဘိုင်ဒင်က ကတိပြုခဲ့ပြီးနောက် အမေရိကန်နဲ့ တရုတ်အကြား တင်းမာမှုတွေဟာ ပိုမိုပြင်းထန်လာခဲ့ပါတယ်။ တရုတ်က ထိုင်ဝမ်ဟာ တရုတ်ပိုင်နယ်မြေဖြစ်တယ်လို့ ကြွေးကြော်ထားပါတယ်။ ဒါ့အပြင် အမေရိကန်အောက်လွှတ်တော်ဥက္ကဌ Nancy Pelosi ထိုင်ဝမ်ကိုသွားရောက်ခဲ့တာကို တရုတ်က ပြည်တွင်းရေးဝင်ရောက် စွက်ဖက်တယ်ဆိုပြီးတုံ့ပြန်ခဲ့ပါတယ်။

ဒါအပြင် ထိုင်ဝမ်ကို မမျှော်လင့်ဘဲ ဝင်ရောက်တိုက်ခိုက်ခဲ့ရင် ထိုင်ဝမ်ဘက်နေ အမေရိကန်တပ်တွေပါဝင် ခုခံကာကွယ်နိုင်တယ်လို့ ဒီရက်သတ္တပတ်အစောပိုင်းက မေးမြန်းခန်းတခုမှာ သမတ ဂျိုးဘိုင်ဒင်က ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

....................................................


{{Zawgyi/Unicode}}




XS
SM
MD
LG