သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အကျပ်အတည်းအတွက် ထိတွေ့ဆက်ဆံမှု တိုးမြှင့်မည် (မလေးရှားဝန်ကြီးချုပ်)


မလေးရှားဝန်ကြီးချုပ် အန္နဝါအီဗရာဟင်
မလေးရှားဝန်ကြီးချုပ် အန္နဝါအီဗရာဟင်

မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံဟာ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံမှု တိုးမြှင့်လုပ်ဆောင် သွားမှာ ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က လာအိုမှာကျင်းပတဲ့ အာဆီယံထိပ်သီး အစည်းဝေးနဲ့ ဆက်စပ်အစည်းဝေး တွေအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာက မလေးရှားနဲ့ ထိတွေ့ဆက်ဆံရေးကို တိုက်ရိုက် တက်တက်ကြွကြွ လုပ်ဆောင်ဖို့ အသင့်ရှိတာကို ပြသနေတာကြောင့် ဒါဟာ အပြုသဘောဆောင်တဲ့ တိုးတက်မှု ဖြစ်ကြောင်းနဲ့ နိုင်ငံခြားရေးဝန်ကြီး Mohamad Hasan ကို မြန်မာနဲ့ ညှိနှိုင်း ဆွေးနွေးမှုတွေ စီစဉ်ဆောင်ရွက်ဖို့ ညွှန်ကြားထားကြောင်းလည်း ပြောပါတယ်။

မြန်မာ့အရေးအတွက် မူဝါဒအဖြစ် အာဆီယံခေါင်းဆောင်တွေ သဘောတူ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ် ရှိနေကြောင်း၊ ဒါပေမယ့် အဆင့်မြင့်အရာရှိအဆင့် အလွတ်သဘော ဆွေးနွေးမှုတွေလည်း ရှိရမှာ ဖြစ်တဲ့အတွက် ရှင်းလင်းရမယ့် ကိစ္စရပ်တွေကို မြန်မာနဲ့ ရှင်းလင်း ပြောဆိုနိုင်မှာ ဖြစ်ကြောင်းလည်း မလေးရှား ဝန်ကြီးချုပ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖေါ်ဝါရီလက အရပ်သား အစိုးရကို ဖြုတ်ချပြီး စစ်တပ်အာဏာသိမ်းခဲ့ချိန်က စပြီး လူပေါင်း ၄၀၀၀ လောက် သေဆုံးခဲ့ရသလို ၁ သန်းနီးပါး နေအိမ်တွေ စွန့်ခွါ ထွက်ပြေးခဲ့ရတာ တွေ့နေရသလို မလေးရှား နိုင်ငံမှာဆို မြန်မာဒုက္ခသည် ၂ သိန်း လောက်ကို လက်ခံထားရတာ ဖြစ်ကြောင်းလည်း မလေးရှား ဝန်ကြီးချုပ်က ပြောပါတယ်။ အခု ကျင်းပခဲ့တဲ့ ၃ ရက်ကြာ ထိပ်သီးဆွေးနွေးပွဲ အတွင်း မြန်မာ့အရေးဟာ ထိပ်တန်းဆွေးနွေးမှု တခု ဖြစ်ခဲ့ပြီး အရှေ့တောင်အာရှ ဒေသတွင်း ငြိမ်းချမ်းမှု ဆက်လက်တည်မြဲရေး ကို ဦးစားပေး ဆွေးနွေးခဲ့ကြောင်းလည်း ပြောပါတယ်။

သောကြာနေ့မှာ ကျင်းပခဲ့တဲ့ နိုင်ငံပေါင်း ၁၈ နိုင်ငံရဲ့ ၁၉ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းဝေး မှာလည်း အာဆီယံရဲ့ လွတ်လပ်တဲ့ မူဝါဒကို ဆက်လက် ကိုင်စွဲရေးဟာ အရေးပါကြောင်း မလေးရှားဝန်ကြီးချုပ်က ပြောပါတယ်။ ဒါဟာ အမေရိကန်နဲ့ အီးယူ ဥရောပသမဂ္ဂတို့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ဆက်လက်ထားရှိဖို့နဲ့ တရုတ်နဲ့ ဆက်ဆံရေး ခိုင်မာ အားကောင်းလာဖို့ ပါဝင်ကြောင်းပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG