သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုန်စည်သယ်ယူခွင့် ပိတ်ဆို့ခံ ပလက်ဝ ဆေးဝါးရိက္ခာ အခက်ကြုံ 


chin Paletwa ပလက်၀ (CUSF - Paletwa)
chin Paletwa ပလက်၀ (CUSF - Paletwa)

ချင်းပြည်နယ်က ပလက်ဝမြို့နယ် အထက်ပိုင်းမှာ ဆေးဝါးတွေနဲ့ ကုန်ပစ္စည်း သယ်ယူခွင့်တွေကို မြန်မာစစ်တပ်က ပိတ်ပင်ထားတာကြောင့် ကျန်းမာရေးနဲ့ စားဝတ်နေရေးအတွက် အခက်အခဲတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ချင်းပြည်နယ် အခြေအနေ သတင်းပေးပို့ချက်ကို ကိုခင်မောင်စိုးမင်း က တင်ပြပေးပါမယ်။

ကုန်စည်သယ်ယူခွင့် ပိတ်ဆို့ခံ ပလက်ဝ ဆေးဝါးရိက္ခာ အခက်ကြုံ

{{Zawgyi/Unicode}}
ချင်းပြည်နယ်က ပလက်ဝမြို့နယ် အထက်ပိုင်းမှာ ဆေးဝါးတွေနဲ့ ကုန်ပစ္စည်း သယ်ယူခွင့်တွေကို မြန်မာစစ်တပ်က ပိတ်ပင်ထားတာကြောင့် ကျန်းမာရေးနဲ့ စားဝတ်နေရေးအတွက် အခက်အခဲတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ဒါ့အပြင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ပလက်ဝမြို့ နယ် တခုလုံးမှာ ခရီးသွားလာခွင့်တွေကိုလည်း ကန့်သတ်ထားတာကြောင့် ပလက်ဝမြို့ပေါ်ကို လစာလာထုတ်တဲ့ ပညာရေးဝန်ထမ်းတချို့ နေရပ်ပြန်ဖို့ အခက်ကြုံနေရတယ်လို့ ပြောပါတယ်။ ချင်းပြည်နယ် အခြေအနေ သတင်းပေးပို့ချက်ကို ကိုခင်မောင်စိုးမင်း က တင်ပြပေးပါမယ်။

ရခိုင်လက်နက်ကိုင်AAအဖွဲ့ နဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေတဲ့ ပလက်ဝမြို့နယ် အထက်ပိုင်းမှာ ဆေးဝါးသည်ယူခွင့်တွေကို စစ်ကောင်စီဘက်က ပိတ်ပင်ထားတာကြောင့် ဆေးဝါးတွေပြတ်လတ်ပြီး ဒေသခံတွေ ကျန်းမာရေး အခက်ကြုံနေရတယ်လို့ ပလက်ဝ အထက်ပိုင်းက ဒေသခံတဦးကပြောပါတယ်။

“ ဒီမှာဆေးဝါးတွေဆိုရင် ပိုဆိုးတယ်ဆရာရယ်။ ကျနော်တို့ ဒေသမှာ ဒီအချိန်က ငှက်ဖျား အရမ်းဖြစ်တဲ့ ဒေသဖြစ်တယ်။ ငှက်ဖျားဖြစ်လို့ရှိရင် သောက်ဖို့ ငှက်ဖျားဆေးတွေက တခုမှမရှိဘူး တင်လို့လည်းမရဘူး။ ဒီမှာ ငှက်ဖျားဌာနရှိတယ်၊ သူတို့မှာလည်း ဆေးတင်လို့ မရဘူးတဲ့။ တပ်ကခွင့်မပြုတာ တပ်က ကန့်ထားတာ။ ဆေးဆိုရင် ဘာဆေးမှတင်လို့မရဘူး။ အိမ်သုံးဆေးတွေလည်းတင်လို့မရဘူး။”

ငှက်ဖျားရောဂါအဖြစ်များတဲ့ ပလက်ဝမြို့နယ်မှာ အခုလို ဆေးဝါးသယ်ယူခွင့်တွေ ပိတ်ပင်ခံ ထားရတာကြောင့် ကျန်းမာရေး မကောင်းသူတချို့ မသေဆုံးသင့်ဘဲ သေဆုံးရတာတွေ ရှိတယ်လို့လည်း ပလက်ဝဒေသခံတဦးကပြောပါတယ်။

“ ဒေသခံတွေ ငှက်ဖျားတို့ ဘာတို့ဖြစ်လို့ရှိရင် တချို့တွေ သေတာလည်းရှိတယ်။ ပလက်ဝ ဆေးရုံကို သွားဖို့ဆိုတာလည်း လူတိုင်းမတတ်နိုင်ဘူးလေ၊ ပလက်ဝကို ဆင်းဖို့လည်း အခက်အခဲရှိတယ်။ ပိတ်ထားတော့လေ၊ ဒီနေ့ ဆင်းမယ်ဆိုရင် ဒီနေ့ ဆင်းလို့မရဘူး။ ခွင့်ပြုချက် တင်ရသေးတယ် ။သူတို့ခွင့်ပြုမှဆင်းရတာ”

ပလက်ဝမြို့နယ်မှာ ဆေးဝါးသယ်ယူခွင့် တခုတည်းကို ကန့်သတ်ထားတာမျိုးမဟုတ်ပဲ လူသုံးကုန်ပစ္စည်းတွေနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေလည်း တခုမှ တင်ခွင့်မရပါဘူး။ ဒါကြောင့်လည်း အခြေခံ ကုန်ပစ္စည်းတွေ ဈေးတွေတက်နေတယ်လို့ ပလက်ဝ အထက်ပိုင်းက ဒေသခံတဦးကပြောပါတယ်။

“ ကုန်ပစ္စည်းတွေလည်း တခုမှတင်လို့မရဘူး။ ပလက်ဝအပေါ်ပိုင်းကို တင်လို့လည်းမရဘူး။ ကျောက်တော်ကို ဆင်းလို့လည်းမရဘူး။ ကုန်ပစ္စည်းတွေကတော့ မပြောပြတတ် လောက် အောင်ဈေးကြီးတယ်။ တောင်းသလောက်ပေးနေရတယ်။ ဆန်က ပေါ်ဆန်းမွေးဆိုရင် တအိတ်ကို တသိန်းကျော်လောက်ရှိတယ်။”

ကုန်ပစ္စည်း တင်ပို့တာတွေအပြင် သွားလာခွင့်တွေကိုလည်း စစ်ကောင်စီဘက်က ကန့်သတ်ထားပါတယ်။ ပြီးခဲ့တဲ့ လပိုင်းကုန်ပိုင်းက ပလက်ဝမြို့ပေါ်ကို လစာလာထုတ်တဲ့ ပညာရေးဝန်ထမ်း ၃၀ ကျော်လောက် ခရီးသွားလာခွင့် တားမြစ်ချင်ကြောင့် မြို့ပေါ်က တည်ခိုခန်းတွေမှာ ခေတ္တ နေထိုင်ခဲ့ကြပါတယ်။

နောက်ပိုင်း အဲဒီပညာရေးဝန်ထမ်းတွေထဲက တချို့ကို စစ်တပ်က စစ်ဆေးပြီး ပြန်လွတ်လိုက်သလို တချို့ကိုတော့ ဆက်ပြီး စစ်ဆေးနေတုန်းပဲလို့ ကျောင်းဆရာတဦးက ပြောပါတယ်။

“ ထုတ်ထားတဲ့ လစာက တပြားမှမကျန်တော့ဘူး။ မပြန်ရဘူး။ ဒီနေ့မှလွတ်တယ် ။ ဒီကနေ့ ကတော့ တဝက်လောက်ပြန်တယ်။ ကျန်တဲ့ တဝက်လောက်ကတော့ အစစ်ဆေးခံနေရတုံးခင်ဗျ ။ သူတို့က တခုမှမတင်ရဘူး။ လှေပေါ်မှာ တက်ပြီးတော့မှ စစ်ဆေးတာ၊ UNICEF က ပေးတဲ့ ကလေးတွေကို ပေးနေတဲ့ လွယ်အိတ်တွေ စာအုပ်တွေတခုမှမတင်ရဘူး။ ”

ပလက်ဝမြို့နယ်မှာ ရခိုင်လက်နက်ကိုင် A A အဖွဲ့နဲ့ စစ်ကောင်စီကြား နေ့တိုင်းလိုလို တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ အခုလို စစ်ရေးအရ တင်းမာနေချိန်မှာ ပလက်ဝ ဒေသခံတွေရဲ့ ခရီးသွားလာခွင့်အပြင် ကုန်စည်စီးဆင်းမှုနဲ့ ဆေးဝါးသယ်ယူခွင့်တွေကို စစ်ကောင်စီဘက်က တားမြစ်ထားတာပါ။ တားမြစ်ပိတ်ပင်ထားတာနဲ့ ပတ်သက်လို့ တရားဝင် အကြောင်းပြချက်ပေး သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

...............................................


{{Zawgyi/Unicode}}











XS
SM
MD
LG