သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမ်းမြို့နယ်က ဒုက္ခသည်တွေ စားနပ်ရိက္ခာအခက်ကြုံ 


rakhine refugees (ယခင်မှတ်တမ်းဓါတ်ပုံ)
rakhine refugees (ယခင်မှတ်တမ်းဓါတ်ပုံ)

ရခိုင်ပြည်နယ်က အမ်းမြို့နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည် တထောင်ကျော် စားနပ်ရိက္ခာအခက်ကြုံနေရတယ်လို့ ဒုက္ခသည်တွေကပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ရန်ကုန်က သတင်းပေးပို့ထားတာ ကိုရဲမွန် က ပြောပြပါမယ်။ 

အမ်းမြို့နယ်က ဒုက္ခသည်တွေ စားနပ်ရိက္ခာအခက်ကြုံ

{{Zawgyi/Unicode}}

ရခိုင်ပြည်နယ်က အမ်းမြို့နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည် တထောင်ကျော် စားနပ်ရိက္ခာအခက်ကြုံနေရတယ်လို့ ဒုက္ခသည်တွေကပြောပါတယ်။ လူမူဝန်ထမ်း ၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်ချထားရေးဝန်ကြီးဌာနကတော့ စစ်ဘေးဒုက္ခသည်တွေကို ဆန်ရိက္ခာထောက်ပံ့ပေးဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ရန်ကုန်က သတင်းပေးပို့ထားတာ ကိုရဲမွန် က ပြောပြပါမယ်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိတဲ့ ရခိုင်ပြည်နယ်က အမ်းမြို့ပေါ် စစ်ဘေး ဒုက္ခသည် စခန်းတွေမှာ စစ်ကောင်စီက ဆန်ရိက္ခာမပေးတော့တာကြောင့် စားဝတ်နေရေး အခက်ကြုံနေရတယ်လို့ အမ်းအမှတ်(၁) စစ်ဘေးဒုက္ခသည်စခန်းတာဝန်ခံ ဦးသန်ချိုကပြောပါတယ်။

“ ၂၀၂၂ ကို ရောက်လာတဲ့ အခါမှာတော့ ၂လပိုင်းမှာ တကြိမ်ရခဲ့တယ်။ ၅လပိုင်းမှာ တကြိမ်ရခဲ့တယ်၊ ကျန်တဲ့ ၁လပိုင်း ၃လပိုင်း ၄လပိုင်း၊ ၆လပိုင်း အခု ၇လပိုင်းပေါ့ ။ ဒီလတွေမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် အပြင်မှာ အငှားလိုက်ပြီးတော့ ဖြေရှင်းနေရတာပေါ့ ။ စားနပ်ရိက္ခာကို အခုက စစ်ဘေးရှောင်တွေမှာ အလုပ်အကိုင် အခွင့်အလမ်းကလည်း ဘာမှ မရှိကြတော့ဘူး။ အပြင်မှာ အငှားလိုက်ဖို့ လုပ်ငန်းတွေကလည်း မရှိကြတော့ဘူးလေ။”

လက်ရှိမှာတော့ အမ်းမြို့ပေါ်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)က လူတဦးကို ကျပ် ၁၈၀၀၀စီ ထောက်ပံ့ပေးထားပေမယ့် တခြားထောက်ပံ့သူတွေ မရှိတော့တာကြောင့် စားဝတ်နေရေး အခက်ကြုံနေရတာဖြစ်တယ်လို့လည်း ဦးသန်းချိုကပြောပါတယ်။

“ ဘာကြောင့်မပေးလဲဆိုတာတော့ မသိဘူး။ ကျနော်တို့ကတော့ ရိက္ခာမရောက်တာပဲသိတယ်။ WFPကတော့ လစဉ်ပုံမှန်ပေးနေပါတယ်၊ အခု ၁၈၀၀၀ပေးတယ်၊အရင်ကတော့ ၁၅၀၀၀ပေးတယ်၊တလကိုပေါ့နော် ။ အခုနောက်ပိုင်းမှာ တခြားအဖွဲ့အစည်းတွေ လည်းမရှိတော့ဘူး။”

စစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာပြတ်လပ်နေတာနဲ့ ပတ်သတ်ပြီး အမြန်ဆုံး ထောက်ပံ့ ပေးနိုင်ဖို့ စီစဉ်နေတယ်လို့လည်း အမ်းမြို့နယ် ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဦးစီးဌာနက ဦးစီးမှူး ဦးသန်းရွှေက ပြောပါတယ်။


“ ဆန်ရိက္ခာပြတ်နေတာကိုတော့ ကြားပါတယ် ။ ကျနော်တို့လည်း သတင်း အဲတာကို အမြန်ဆုံးထောက်ပံ့နိုင်ဖို့တော့ စီစဉ်ဆောင်ရွက်ထားတာတော့ရှိပါတယ်။”

လက်ရှိအမ်းမြို့နယ်အတွင်းမှာ စစ်ဘေးဒုက္ခသည် ၁၀၀၀ကျော်အထိရှိနေပြီး စစ်ဘေးဒုက္ခသည် တဦးကို တလအတွက် ငွေကျပ် ၉၀၀၀စီထောက်ပံ့ပေးဖို့ ဆောင်ရွက်ထားတယ်လို့လည်း ဦးသန်းရွှေ ကပြောပါတယ်။

လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်မှာ အကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြန်ဖို့ ခက်ခဲနေတဲ့ စစ်ဘေး ဒုက္ခသည် ၆သောင်းနီးပါး ရှိနေသေးတာလည်းဖြစ်ပါတယ်။ အစိုးရအနေနဲ့ နေရပ်ပြန်ဖို့ စီစဉ်ပေးတာတွေရှိပေမယ့်လည်း တချို့ဒေသတွေမှာ ရခိုင်လက်နက်ကိုင် AAအဖွဲ့နဲ့ စစ်ကောင်စီတို့ စစ်ရေးတင်းမာနေတာရှိသလို မြေမြှပ်မိုင်းတွေနဲ့ စစ်ကျန်လက်နက်အန္တရာယ်တွေကြောင့် စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ခက်ခဲနေကြတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

.....................................................

အမျးမွို့နယျက ဒုက်ခသညျတှေ စားနပျရိက်ခာအခကျကွုံ
{{Zawgyi/Unicode}}










XS
SM
MD
LG