သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာတိတ်ဒေသဆိုင်ရာ ကန်မဟာဗျူဟာသစ်


The island of Sommaroey is north of the Arctic Circle. There, the sun does not rise between November and January.
The island of Sommaroey is north of the Arctic Circle. There, the sun does not rise between November and January.

မဟာဗျူဟာ အရရော၊ သဘာဝဝန်းကျင်ဆိုင်ရာအရပါ အရေးပါတဲ့ အာတိတ်ဒေသမှာ ဥတုရာသီဖေါက်ပြန်မှုဒဏ်ကို အဆိုးဝါးဆုံးခံနေရသလို နိုင်ငံတကာအားပြိုင်မှုတွေပါ တိုးလာနေချိန်မှာပဲ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် အစိုးရက အာတိတ်ဒေသ မဟာဗျူဟာကို သောကြာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ 

အာတိတ်ဒေသဆိုင်ရာ ကန်မဟာဗျူဟာသစ်

{{Zawgyi/Unicode}}
မဟာဗျူဟာ အရရော၊ သဘာဝဝန်းကျင်ဆိုင်ရာအရပါ အရေးပါတဲ့ အာတိတ်ဒေသမှာ ဥတုရာသီဖေါက်ပြန်မှုဒဏ်ကို အဆိုးဝါးဆုံးခံနေရသလို နိုင်ငံတကာအားပြိုင်မှုတွေပါ တိုးလာနေချိန်မှာပဲ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် အစိုးရက အာတိတ်ဒေသ မဟာဗျူဟာကို သောကြာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အာတိတ်ဒေသရေခဲပြင်ဟာ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် အရင်က ရေခဲဖုံးဒေသတွေ အရည်ပျော်ပြီး ရေကြောင်းသွားလာရေး အတွက် လမ်းပွင့်လာသလို၊ သယံဇာတနဲ့ သြဇာလွှမ်းမိုးမှု ပြိုင်ဆိုင်နေတဲ့ အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့လိုနိုင်ငံတွေ အတွက် အခွင့်လန်းသစ်တွေ ပေါ်လာစေတာပါ။

အာတိတ်ဒေသမှာ အဓိကအင်အားကြီးတဲ့ ရုရှားက ယူကရိန်းကိုကျူးကျော်ခဲ့တဲ့နောက် အခြေနေဟာ ပိုရှုတ်ထွေးလာတာ ဖြစ်ပြီး အမေရိကန်နဲ့ ရုရှားတို့ကြား တင်းမာမှုတိုးလာတာကလည်း စစ်အေးခေတ်ကာလနောက်ပိုင်း အမြင့်ဆုံးအနေထား ဖြစ်လာခဲ့တာပါ။

သဘာဝသယံဇာတ ကြွယ်ဝသလို တမူထူးခြားတဲ့ ဂေဟစံနစ်ပါရှိနေတဲ့ လူ ၄ သန်းကျော် နေထိုင်ရာ အာတိတ်ဒေသဟာ သိသာတဲ့ အပြောင်းအလဲတွေ ဖြစ်လာနေတယ်လို့ မဟာဗျူဟာမှာ ဖေါ်ပြထားပါတယ်။ မဟာဗျူဟာမှာ အဓိက အချက် ၄ ချက် ပါဝင်ပြီး လုံခြုံရေး၊ ဥတုရာသီပြောင်းလဲမှုနဲ့ သဘာဝဝန်းကျင် အကာကွယ်ပေးရေး၊ ရေရှည် စီးပွါးဖွံ့ဖြိုးရေးနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍတွေ ဖြစ်ပါတယ်။

အမေရိကန်အနေနဲ့ အာတိတ်ဒေသကို အရပ်သားတွေရော စစ်ဖက်ဆိုင်ရာပါ ပိုမို သွားရောက်နိုင်အောင် လုပ်ဆောင်မှာ ဖြစ်တဲ့အတွက် အမေရိကန်နိုင်ငံသားတွေကို သဘာဝနဲ့ လူသားတွေ လုပ်ဆောင်တဲ့ အန္တရာယ် မကျရောက်အောင် အကာကွယ်ပေးဖို့အပြင် အမေရိကန်ရဲ့ ပိုင်နက်နဲ့ ရပိုင်ခွင့်တွေကို ကာကွယ်ရေးအတွက်ပါ အဓိက ဦးစားပေးမှာ ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

အထူးသဖြင့် ကမ္ဘာကြီး ပူနွေးမှုဒဏ်ခံနေရတဲ့ အမေရိကန်မြောက်အစွန်အဖျားက Alaska ပြည်နယ်အတွက် အကူညီပေးဖို့ လုပ်ဆောင်မှာ ဖြစ်ကြောင်းဖေါ်ပြထားတာပါ။

အာတိတ်ဒေသဆိုင်ရာ ကန်မဟာဗျူဟာသစ်
please wait

No media source currently available

0:00 0:00:29 0:00
တိုက်ရိုက် လင့်ခ်

..................................................................


{{Zawgyi/Unicode}}

XS
SM
MD
LG