သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးတံုးသတ္ျဖတ္မႈ စဲြဆိုခ်က္ အမႈသြား အမႈလာ


႐ိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးတံုးသတ္ျဖတ္မႈ စဲြဆိုခ်က္ အမႈသြား အမႈလာ

{{Zawgyi/Unicode}}

ရုိဟင္ဂ်ာေတြအေပၚမွာလူမ်ိဳးတုံးသတ္ျဖတ္မွုဆုိတဲ့စြပ္စဲြခ်က္နဲ့ ျမန္မာစစ္ေခါင္းေဆာင္ေတြ အေပၚစဲြဆုိထားတဲ့အမွုကုိ အာဂ်င္တီးနားတရားရုံးမွာၾကားနာစစ္ေဆးေနပါတယ္။ ျမန္မာစစ္ ေခါင္းေဆာင္ေတြကုိတရားစဲြဆုိခဲ့တဲ့ ၿဗိတိန္အေျခစုိက္ ျမန္မာရုိဟင္ဂ်ာအဖဲြ့ BROUK ဥကၠဌ ဦးထြန္းခင္ကုိယ္တုိင္ ၾကာသာပေတးေန့မွာ တရားရုံးမွာထြက္ဆုိခဲ့ပါတယ္။ တရားရုံးမွာ ထြက္ဆုိခဲ့တဲ့ အေျခအေနေတြနဲ့ အမွုအသြားအလာအေျခအေနေတြကုိသိရွိႏုိင္ဖုိ့ ဦးထြန္းခင္ နဲ့ လူ့အခြင့္အေရးေရွ့ေန ဦးမင္းလြင္ဦးတုိ့ကုိဆက္သြယ္ၿပီး၊ ကုိေဇာ္မုိး ေက်ာ္ကတင္ျပေပးပါမယ္။

ကိုေဇာ္မိုးေက်ာ္ ။. ။ ျမန္မာႏုိင္ငံက လူ့အခြင့္အေရးခ်ိဳးေဖါက္မွုေတြကုိ Universal Jurisdiction ႏုိင္ငံတကာတရား စီရင္ေရးဆုိတဲ့ ႏုိင္ငံတကာဥပေဒရဲ့ခြင့္ျပုခ်က္နဲ့ အာဂ်င္တီးနားႏုိင္ငံတရားရုံးမွာတရားစဲြဆုိခဲ့ တာျဖစ္ပါတယ္။ ဒီႏုိင္ငံတကာဥပေဒအရ ကမၻာေပၚကဘယ္ရာဇ၀တ္မွုကုိမဆုိလက္ခံၾကားနား စစ္ေဆးႏုိင္ပါတယ္။ ဒီတရားရုံးမွာတရားစဲြဆုိခဲ့တဲ့ ျမန္မာရုိဟင္ဂ်ာအဖဲြ့ BROUK ဥကၠဌ ဦးထြန္းခင္က ဒီဇင္ဘာလ ၁၆ ရက္ေန့ကသူကုိယ္တုိင္သြားေရာက္ထြက္ဆုိခဲ့တာကုိအခုလုိေျပာျပပါတယ္။

ဦးထြန္းခင္ ။. ။ အဓိက ကေတာ့ က်ေနာ္တို႔ ရိုဟင္ဂ်ာလူမ်ုိးေတြကို ႏွစ္နဲ႔ခ်ီၿပီး စနစ္တက်စီမံကိန္းခ်ထားၿပီး ေက်ာင္းတက္ခြင့္ပိတ္ပင္တာတို႔ သြားလာခြင့္ပိတ္ပင္တာတို႔ လက္ထပ္ခြင့္ပိတ္ပင္တာတို႔ လယ္ယာေျမသိမ္းခဲ့တာတို႔ ႏိုင္ငံသားအျဖစ္သိမ္းခဲ့တာတို႔ က်ေနာ္တို႔က ၂ဝ၁၇ႏွစ္မွာ စစ္တပ္ကေန ရြာေတြမွာ ရက္ရက္စက္စက္ မိန္းကေလးေတြကို အဓမၼျပဳ႔က်င့္ခဲ့တယ္ဗ်ာ။ ေယာက္က်ားေလးေတြကို လည္လွီးသတ္ျဖတ္ခဲ့တယ္ဗ်ာ။ ရြာေပါင္း၃၈ဝ ေက်ာ္ကို မီးရႈိ႔ခဲ့တယ္ဗ်ာ။ သန္းနဲ့ခ်ီတဲ့ ရိုဟင္ဂ်ာေတြ သူတို႔ထြက္ေျပးရတယ္ဗ်ာ။ IIMM နဲ႔ သူတို႔မွာ အေထာက္ထားေတြအမ်ားႀကီးရွိတယ္။ အမ်ားႀကီး အမုန္းတရားပ်ံ႔ပြားေအာင္ လုပ္ခဲ့တာ ေဖ့ဘုတ္ကေန အေထာက္အထားရႏိုင္တယ္ဆိုတာ ေျပာခဲ့ပါတယ္။

ကိုေဇာ္မိုးေက်ာ္။. ။ အခုအာဂ်င္တီးနားမွာလုပ္ေနတဲ့ တရားရုံဟာဘယ္ေလာက္အထိ ထိေရာက္မွုရွိႏုိင္ပါသလဲ၊ သက္ေသထြက္ဆုိခ်က္ေတြခုိင္မာမွုရွိႏုိင္ပါသလား၊ လူ့အခြင့္အေရးေရွ့ေန ဦးမင္းလြင္ဦးက အခုလုိျမင္ပါတယ္။
သက္ေသထြက္ဆိုခ်က္ေတြအေပၚမွာ အမ်ားႀကီး မူတည္တာေပါ့ေနာ္။ အရင္တုံးကေတာ့ မူခင္းေတြျဖစ္ရင္ ကိုယ္တိုင္ေတြ႔၊ ကိုယ္တိုင္ၾကား တိုက္ရိုက္ သက္ေသခံခ်က္ေတြကိုပဲ အရင္က လက္ခံခဲ့ေပမယ့္ ေနာက္ပိုင္းေတြမွာ ဒီလိုသက္ေသခံခ်က္ေတြကို ဓါတ္ပုံ ဗြီဒီယုိ စသျဖင့္ နည္းပညာေတြ တိုးတက္လာတဲ့အခါမွာ တင္သြင္းလာတဲ့ကိစၥေတြကို တရားရုံးေတြက လက္ခံေဆာင္ရြက္တယ္ဆိုတာကိုလည္း က်ေနာ္တို႔သိရပါတယ္။

ကိုေဇာ္မိုးေက်ာ္ ။. ။ ဒီတရားစဲြဆုိမွာရုိဟင္ဂ်ာေတြဘက္က ကူညီပါ၀င္ေပးေနသူဟာ ျမန္မာႏုိင္ငံဆုိင္ရာလူ့အခြင့္ အေရးကိစၥေတြကုိႏွစ္ေပါင္းမ်ားစြာလုပ္လာခဲ့တဲ့ Tomas Quintana ပါ၀င္ကူညီေပးေနၿပီး သူ့မွာခုိင္လုံတဲ့အေထာက္အထားေတြရွိေၾကာင္းနဲ့ ကုလသမဂၢရဲ့ IIMM လုိအဖဲြ့ေတြလည္း ပါ၀င္ေနတာ ျဖစ္တဲ့အတြက္အေထာက္အထားေတြခုိင္လုံႏုိင္တယ္လု့ိ ဦးမင္းလြင္ဦးကသုံး သပ္ပါတယ္။ အခုတရားရုံးမွာ ျပစ္မွုက်ဴးလြန္တယ္လုိ့စြပ္စဲြခံရတဲ့အထူးသျဖင့္ေတာ့ ျမန္မာစစ္တပ္နဲ့ လုံၿခဳံေရးတပ္ဖဲြ့၀င္ေတြဘက္က တရားရုံးလာမတက္ဘူးဆုိေတာ့ ဘယ္လုိျဖစ္ႏုိင္ပါသလဲ

ဦးမင္းလြင္ဦး။. ။ တရားရုံးကို လာေရာက္ျခင္းမရွိရင္ တဖက္သတ္ ၾကားနာတဲ့အဆင့္ကို ေရာက္သြားမွာေပါ့ေနာ္။ တရားလိုဖက္က တင္သြင္းတဲ့အေထာက္အထား၊ တရားလိုျပေတြက တင္သြင္းတဲ့ သက္ေသခံခ်က္ေတြ စသည္အခ်က္လက္ေတြကို မူတည္ၿပီးေတာ့မွ ဆြဲခ်က္တင္သင့္ မတင္သင့္ ခ်မွတ္သြားလိမ့္မယ္လို႔ က်ေနာ္တို႔က ျမင္ပါတယ္။

ကိုေဇာ္မိုးေက်ာ္ ။။ တကယ္လုိ့ေပါ့ေလ ဒီတရားရုံးကေန ျပစ္မွုထင္ရွားတယ္ဆုိၿပီး ဆုံးျဖတ္ခဲ့ရင္ အျပစ္က်ဴးလြန္သူေတြကုိဘယ္လုိအေရးယူႏုိင္ပါသလဲ။ ဖမ္းဆီးတာမ်ိဳးလုပ္ႏုိင္ပါသလား။ ဘယ္သူေတြ လုပ္ႏုိင္ပါသလဲ၊

ဦးမင္းလြင္ဦး ။. ။ အဲဒါမ်ဳိးကေတာ့ အင္တာပို ႏိုင္ငံတကာ ရာဇဝတ္မႈတိုက္ဖ်က္ေရး ရဲတပ္ဖြဲ႔ကေန ဖမ္းႏိုင္တဲ့အလားလာရွိပါတယ္။ အင္တာပို ကို ဖမ္းဝရမ္းထုတ္နိုင္မယ္လို႔ထင္ပါတယ္။ က်ေနာ္တို႔ႏိုင္ငံက စစ္ေခါင္းေဆာင္ေတြက Rome Statute ကို လက္မွတ္ထုိးထားတဲ့ႏိုင္ငံေတြ၊ Common Law ကို လက္မွတ္ထိုးထားတဲ့ႏိုင္ငံေတြကို သြားရင္ေတာ့ အဖမ္းခံရလိမ့္မယ္လို႔ အၾကမ္းဖ်င္းသိထားပါတယ္။

ကိုေဇာ္မိုးေက်ာ္။. ။ အခုလို Universal Jurisdiction ႏုိင္ငံတကာ ဥေပဒအရ ႏုိင္ငံတကာတရားရုံးတခုမွာ တရားစဲြဆုိၿပီးရင္၊ ဒီတရားရုံးမွာ တင္သြင္းတဲ့သက္ေသအေထာက္အထားေတြနဲ့ တရားရုံးရဲ့ ဆုံးျဖတ္ခ်က္ေတြကိုအေျခခံၿပီး ႏုိင္ငံတကာ ရာဇ၀တ္မွုခုံရုံး ICC လုိ့ တရားရုံးမွာ ဆက္လက္တရားစဲြဆုိတာမ်ိဳးေတြ လုပ္လာႏုိင္တယ္လုိ့ ဦးမင္းလြင္ဦးကသုံး သပ္ေျပာ ဆုိခဲ့ပါတယ္။

.....................................

တိုက္႐ိုက္ လင့္ခ္


ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွဲဆိုချက် အမှုသွား အမှုလာ

{{Unicode}}

ရိုဟင်ဂျာတွေအပေါ်မှာလူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့စွပ်စွဲချက်နဲ့ မြန်မာစစ်ခေါင်းဆောင်တွေ အပေါ်စွဲဆိုထားတဲ့အမှုကို အာဂျင်တီးနားတရားရုံးမှာကြားနာစစ်ဆေးနေပါတယ်။ မြန်မာစစ် ခေါင်းဆောင်တွေကိုတရားစွဲဆိုခဲ့တဲ့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ BROUKဥက္ကဌ ဦးထွန်းခင်ကိုယ်တိုင် ကြာသာပတေးနေ့မှာ တရားရုံးမှာထွက်ဆိုခဲ့ပါတယ်။ တရားရုံးမှာ ထွက်ဆိုခဲ့တဲ့ အခြေအနေတွေနဲ့ အမှုအသွားအလာအခြေအနေတွေကိုသိရှိနိုင်ဖို့ ဦးထွန်းခင် နဲ့ လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးတို့ကိုဆက်သွယ်ပြီး၊ ကိုဇော်မိုး ကျော်ကတင်ပြပေးပါမယ်။

ကိုဇော်မိုးကျော် ။.။ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖေါက်မှုတွေကိုUniversal Jurisdiction နိုင်ငံတကာတရား စီရင်ရေးဆိုတဲ့ နိုင်ငံတကာဥပဒေရဲ့ခွင့်ပြုချက်နဲ့ အာဂျင်တီးနားနိုင်ငံတရားရုံးမှာတရားစွဲဆိုခဲ့ တာဖြစ်ပါတယ်။ ဒီနိုင်ငံတကာဥပဒေအရ ကမ္ဘာပေါ်ကဘယ်ရာဇဝတ်မှုကိုမဆိုလက်ခံကြားနား စစ်ဆေးနိုင်ပါတယ်။ဒီတရားရုံးမှာတရားစွဲဆိုခဲ့တဲ့ မြန်မာရိုဟင်ဂျာအဖွဲ့ BROUK ဥက္ကဌ ဦးထွန်းခင်က ဒီဇင်ဘာလ ၁၆ ရက်နေ့ကသူကိုယ်တိုင်သွားရောက်ထွက်ဆိုခဲ့တာကိုအခုလိုပြောပြပါတယ်။

ဦးထွန်းခင် ။.။ အဓိက ကတော့ ကျနော်တို့ ရိုဟင်ဂျာလူမျိုးတွေကို နှစ်နဲ့ချီပြီး စနစ်တကျစီမံကိန်းချထားပြီး ကျောင်းတက်ခွင့်ပိတ်ပင်တာတို့ သွားလာခွင့်ပိတ်ပင်တာတို့ လက်ထပ်ခွင့်ပိတ်ပင်တာတို့ လယ်ယာမြေသိမ်းခဲ့တာတို့ နိုင်ငံသားအဖြစ်သိမ်းခဲ့တာတို့ ကျနော်တို့က ၂ဝ၁၇နှစ်မှာ စစ်တပ်ကနေ ရွာတွေမှာ ရက်ရက်စက်စက် မိန်းကလေးတွေကို အဓမ္မပြု့ကျင့်ခဲ့တယ်ဗျာ။ ယောက်ကျားလေးတွေကို လည်လှီးသတ်ဖြတ်ခဲ့တယ်ဗျာ။ ရွာပေါင်း၃၈ဝ ကျော်ကို မီးရှို့ခဲ့တယ်ဗျာ။ သန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ သူတို့ထွက်ပြေးရတယ်ဗျာ။ IIMM နဲ့သူတို့မှာ အထောက်ထားတွေအများကြီးရှိတယ်။ အများကြီး အမုန်းတရားပျံ့ပွားအောင် လုပ်ခဲ့တာ ဖေ့ဘုတ်ကနေ အထောက်အထားရနိုင်တယ်ဆိုတာ ပြောခဲ့ပါတယ်။

ကိုဇော်မိုးကျော်။.။ အခုအာဂျင်တီးနားမှာလုပ်နေတဲ့ တရားရုံဟာဘယ်လောက်အထိ ထိရောက်မှုရှိနိုင်ပါသလဲ၊ သက်သေထွက်ဆိုချက်တွေခိုင်မာမှုရှိနိုင်ပါသလား၊ လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက အခုလိုမြင်ပါတယ်။
သက်သေထွက်ဆိုချက်တွေအပေါ်မှာ အများကြီး မူတည်တာပေါ့နော်။ အရင်တုံးကတော့ မူခင်းတွေဖြစ်ရင် ကိုယ်တိုင်တွေ့၊ ကိုယ်တိုင်ကြား တိုက်ရိုက် သက်သေခံချက်တွေကိုပဲ အရင်က လက်ခံခဲ့ပေမယ့် နောက်ပိုင်းတွေမှာ ဒီလိုသက်သေခံချက်တွေကို ဓါတ်ပုံ ဗွီဒီယို စသဖြင့် နည်းပညာတွေ တိုးတက်လာတဲ့အခါမှာ တင်သွင်းလာတဲ့ကိစ္စတွေကို တရားရုံးတွေက လက်ခံဆောင်ရွက်တယ်ဆိုတာကိုလည်း ကျနော်တို့သိရပါတယ်။

ကိုဇော်မိုးကျော် ။.။ ဒီတရားစွဲဆိုမှာရိုဟင်ဂျာတွေဘက်က ကူညီပါဝင်ပေးနေသူဟာ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့် အရေးကိစ္စတွေကိုနှစ်ပေါင်းများစွာလုပ်လာခဲ့တဲ့ Tomas Quintanaပါဝင်ကူညီပေးနေပြီး သူ့မှာခိုင်လုံတဲ့အထောက်အထားတွေရှိကြောင်းနဲ့ ကုလသမဂ္ဂရဲ့ IIMM လိုအဖွဲ့တွေလည်း ပါဝင်နေတာ ဖြစ်တဲ့အတွက်အထောက်အထားတွေခိုင်လုံနိုင်တယ်လု့ိ ဦးမင်းလွင်ဦးကသုံး သပ်ပါတယ်။ အခုတရားရုံးမှာ ပြစ်မှုကျူးလွန်တယ်လို့စွပ်စွဲခံရတဲ့အထူးသဖြင့်တော့ မြန်မာစစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်က တရားရုံးလာမတက်ဘူးဆိုတော့ ဘယ်လိုဖြစ်နိုင်ပါသလဲ

ဦးမင်းလွင်ဦး။. ။ တရားရုံးကို လာရောက်ခြင်းမရှိရင် တဖက်သတ် ကြားနာတဲ့အဆင့်ကို ရောက်သွားမှာပေါ့နော်။ တရားလိုဖက်က တင်သွင်းတဲ့အထောက်အထား၊ တရားလိုပြတွေက တင်သွင်းတဲ့ သက်သေခံချက်တွေ စသည်အချက်လက်တွေကို မူတည်ပြီးတော့မှ ဆွဲချက်တင်သင့် မတင်သင့် ချမှတ်သွားလိမ့်မယ်လို့ ကျနော်တို့က မြင်ပါတယ်။

ကိုဇော်မိုးကျော် ။ ။ တကယ်လို့ပေါ့လေ ဒီတရားရုံးကနေ ပြစ်မှုထင်ရှားတယ်ဆိုပြီး ဆုံးဖြတ်ခဲ့ရင် အပြစ်ကျူးလွန်သူတွေကိုဘယ်လိုအရေးယူနိုင်ပါသလဲ။ ဖမ်းဆီးတာမျိုးလုပ်နိုင်ပါသလား။ ဘယ်သူတွေ လုပ်နိုင်ပါသလဲ၊

ဦးမင်းလွင်ဦး ။.။ အဲဒါမျိုးကတော့ အင်တာပို နိုင်ငံတကာ ရာဇဝတ်မှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့ကနေ ဖမ်းနိုင်တဲ့အလားလာရှိပါတယ်။ အင်တာပို ကို ဖမ်းဝရမ်းထုတ်နိုင်မယ်လို့ထင်ပါတယ်။ ကျနော်တို့နိုင်ငံက စစ်ခေါင်းဆောင်တွေက Rome Statute ကို လက်မှတ်ထိုးထားတဲ့နိုင်ငံတွေ၊ Common Law ကို လက်မှတ်ထိုးထားတဲ့နိုင်ငံတွေကို သွားရင်တော့ အဖမ်းခံရလိမ့်မယ်လို့ အကြမ်းဖျင်းသိထားပါတယ်။

ကိုဇော်မိုးကျော်။. ။ အခုလို Universal Jurisdiction နိုင်ငံတကာ ဥပေဒအရ နိုင်ငံတကာတရားရုံးတခုမှာ တရားစွဲဆိုပြီးရင်၊ ဒီတရားရုံးမှာ တင်သွင်းတဲ့သက်သေအထောက်အထားတွေနဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်တွေကိုအခြေခံပြီး နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC လို့ တရားရုံးမှာ ဆက်လက်တရားစွဲဆိုတာမျိုးတွေ လုပ်လာနိုင်တယ်လို့ ဦးမင်းလွင်ဦးကသုံး သပ်ပြော ဆိုခဲ့ပါတယ်။

XS
SM
MD
LG