သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မာရာဒိုနာ ကွယ်လွန်သွားတဲ့အပေါ် ပရိသတ်တွေ ဝမ်းနည်းကြေကွဲ


မာရာဒိုရာ ကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်းနေကြတဲ့ ပရိတ်သတ်များကို Argentina နိုင်ငံ Buenos Aires မြို့မှာ တွေ့ရ။ (နိုဝင်ဘာ ၂၅၊ ၂၀၂၀)
မာရာဒိုရာ ကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်းနေကြတဲ့ ပရိတ်သတ်များကို Argentina နိုင်ငံ Buenos Aires မြို့မှာ တွေ့ရ။ (နိုဝင်ဘာ ၂၅၊ ၂၀၂၀)

[Zawgyi/Unicode]

အာဂျင်တီးနားနိုင်ငံက ကမ္ဘာကျော်ဘောလုံးသမား Diego Maradona မနေ့က ကွယ်လွန်သွားတဲ့အတွက် အာဂျင်တီးနားနိုင်ငံသားတွေအပါအဝင် ကမ္ဘာတဝန်းက ဘောလုံးဝါသနာရှင်တွေ ဝမ်းနည်းပူဆွေးနေကြပါတယ်။ အာဂျင်တီးနားက Buenos Aires မြို့မှာလည်း ရဲတပ်ဖွဲ့က တားဆီးကန့်သတ်မှုတွေချထားတဲ့ကြားထဲကပဲ ပရိသတ်တွေဟာ မာရာဒိုနာရဲ့အိမ်ရှေ့မှာ သွားရောက်စုဝေးခဲ့ကြပါတယ်။

"ကျနော်အရမ်းဝမ်းနည်းပြီး လက်တွေတောင်တုန်နေပါတယ်။ ကျနော်အတွက်တော့ သူဟာ ဘောလုံးရဲ့ နတ်ဘုရားပါ။ သူက ကျနော့်အဖေအပါအဝင် ကျနော်တို့မိသားစုကို ပျော်ရွှင်မှုတွေ အရမ်းပေးခဲ့ပါတယ်။ ၁၉၈၆ နဲ့ ၁၉၉၀ ကမ္ဘာ့ဖလားပွဲတွေမှာ ကျနော်တို့ကို စိတ်လှုပ်ရှားရအောင်အရမ်း လုပ်နိုင်ခဲ့ပြီး ၁၉၉၄ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားရှုံးတော့ ကျနော်လည်း သူနဲ့အတူ ငိုခဲ့ရတာပေါ့။ သူက အာဂျင်တီးနားနဲ့ ဘောလုံးအတွက် အများကြီး လုပ်ပေးခဲ့သူပါ။" လို့ Marcelo ဆိုတဲ့ အာဂျင်တီးနားပရိသတ်တယောက်က ပြောပါတယ်။

မာရာဒိုနာဟာ မနေ့က နှလုံးရပ်ပြီး ပုံမှန်အတိုင်း သေဆုံးသွားတာဖြစ်တယ်လို့ သူ့ရဲ့ ရုပ်အလောင်းကို ခွဲစိတ်စစ်ဆေးပြီးတဲ့နောက် ဆရာဝန်တွေက ပြောပါတယ်။

မာရာဒိုနာသေဆုံးသွားတဲ့အတွက် အာဂျင်တီးနားအစိုးရက နိုင်ငံတော်ဝမ်းနည်းပူဆွေးခြင်းနေ့အဖြစ်နဲ့ ၃ ရက်ကြာ သတ်မှတ်ထားတယ်လို့ သမ္မတရုံးက ပြောပါတယ်။ အာဂျင်တီးနားသမ္မတ Alberto Fernandez ကတော့ မနေ့ကစပြီး အများပြည်သူနဲ့ဆိုင်တဲ့ လုပ်ငန်းကိစ္စရပ်တွေကို ရပ်ဆိုင်းထားမှာဖြစ်ပြီး မာရာဒိုနာရဲ့ နာရေးအခမ်းအနား မကျင်းပခင် ဒီကာလအတွင်း သူ့ရဲ့ ရုပ်အလောင်းကို သမ္မတနန်းတော်မှာ ထားရှိသွားမှာဖြစ်ပါတယ်။

မာရာဒိုနာဟာ အာဂျင်းတီးနားအသင်းအတွက် ကမ္ဘာ့ဖလား ၄ ကြိမ် ကစားပေးခဲ့ပြီး ၁၉၈၆ မက္ကဆီကိုကမ္ဘာ့ဖလားမှာ အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလားကို ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။

မာရာဒိုနာ ကွယ်လွန်သွားတဲ့အပေါ် ပရိသတ်တွေ ဝမ်းနည်းကြေကွဲ
please wait

No media source currently available

0:00 0:01:33 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]






မာရာဒိုနာဟာ အာဂငြျးတီးနားအသငျးအတှကျ ကမ်ဘာ့ဖလား ၄ ကွိမျ ကစားပေးခဲ့ပွီး ၁၉၈၆ မက်ကဆီကိုကမ်ဘာ့ဖလားမှာ အာဂငြျတီးနားနဲ့အတူ ကမ်ဘာ့ဖလားကို ဗိုလျစှဲခဲ့တာဖွဈပါတယျ။

XS
SM
MD
LG