သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဘာလံုး အေက်ာ္အေမာ္ မာရာဒိုနာ ဦးေႏွာက္ေသြးေၾကာပိတ္ 


(Zawgyi/Unicode)

အာဂ်င္တီးနားႏုိင္ငံက ကမၻာေက်ာ္ ေဘာလုံးသမားေဟာင္းႀကီး Diego Maradona ဟာ ဦးေႏွာက္ေသြးေၾကာပိတ္ေနတဲ့အတြက္ ၿမိဳ႕ေတာ္ Buenos Aires က ေဆးရုံမွာ ေဒသစံေတာ္ခ်ိန္ အဂၤါေန႔မွာ ခြဲစိတ္ကုသမႈ ခံယူမယ္လုိ႔ သူ႔ရဲ႕ ဆရာ၀န္ေတြက ေျပာပါတယ္။

ဒါဟာ သမားရုိးက် ခြဲစိတ္မႈတခုျဖစ္ေၾကာင္းနဲ႔ မာရာဒုိနာဟာ စိတ္လက္ ၾကည္လင္မႈရွိေနေၾကာင္း သူ႔ကုိ ခြဲစိတ္ကုသမယ့္ဆရာ၀န္ Leopoldo Luque က ေျပာပါတယ္။

အာဂ်င္တီးနားႏုိင္ငံ ကမၻာ့ဖလားရေအာင္ စြမ္းေဆာင္ေပးခဲ့သူ အသက္ (၆၀) ရွိၿပီျဖစ္တဲ့ မာရာဒုိနာဟာ ေနမေကာင္းျဖစ္လာတာေၾကာင့္ တနလၤာေန႔က ေဆးရုံေခၚသြားၿပီး စမ္းသပ္မႈေတြ အေတာ္မ်ားမ်ား ျပဳလုပ္ၿပီးတဲ့ေနာက္မွာ အခုလုိ ဦးေႏွာက္ခြဲစိတ္ရမယ့္အေျခအေနကုိ ေရာက္လာခဲ့တာပါ။

စမ္းသပ္ စစ္ေဆးမႈအတြင္း ဦးေႏွာက္ေသြးေၾကာပိတ္ေနတာကုိ ေတြ႔ခဲ့ရတာဟာ ဦးေခါင္းကုိ ရုိက္ႏွက္ခံထားရတာ၊ ဒါမွမဟုတ္ ထိခုိက္ခံထားရတဲ့ ဒဏ္ရာေၾကာင့္ျဖစ္ႏုိင္တယ္လုိ႔ ဆရာ၀န္ေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ဘောလုံး အကျော်အမော် မာရာဒိုနာ ဦးနှောက်သွေးကြောပိတ်

(Unicode)

အာဂျင်တီးနားနိုင်ငံက ကမ္ဘာကျော် ဘောလုံးသမားဟောင်းကြီး Diego Maradona ဟာ ဦးနှောက်သွေးကြောပိတ်နေတဲ့အတွက် မြို့တော် Buenos Aires က ဆေးရုံမှာ ဒေသစံတော်ချိန် အင်္ဂါနေ့မှာ ခွဲစိတ်ကုသမှု ခံယူမယ်လို့ သူ့ရဲ့ ဆရာဝန်တွေက ပြောပါတယ်။

ဒါဟာ သမားရိုးကျ ခွဲစိတ်မှုတခုဖြစ်ကြောင်းနဲ့ မာရာဒိုနာဟာ စိတ်လက် ကြည်လင်မှုရှိနေကြောင်း သူ့ကို ခွဲစိတ်ကုသမယ့်ဆရာဝန် Leopoldo Luque က ပြောပါတယ်။

အာဂျင်တီးနားနိုင်ငံ ကမ္ဘာ့ဖလားရအောင် စွမ်းဆောင်ပေးခဲ့သူ အသက် (၆၀) ရှိပြီဖြစ်တဲ့ မာရာဒိုနာဟာ နေမကောင်းဖြစ်လာတာကြောင့် တနင်္လာနေ့က ဆေးရုံခေါ်သွားပြီး စမ်းသပ်မှုတွေ အတော်များများ ပြုလုပ်ပြီးတဲ့နောက်မှာ အခုလို ဦးနှောက်ခွဲစိတ်ရမယ့်အခြေအနေကို ရောက်လာခဲ့တာပါ။

စမ်းသပ် စစ်ဆေးမှုအတွင်း ဦးနှောက်သွေးကြောပိတ်နေတာကို တွေ့ခဲ့ရတာဟာ ဦးခေါင်းကို ရိုက်နှက်ခံထားရတာ၊ ဒါမှမဟုတ် ထိခိုက်ခံထားရတဲ့ ဒဏ်ရာကြောင့်ဖြစ်နိုင်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG