သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံးရေငုပ်သင်္ဘော အာဂျင်တီးနား ဆက်လက်ရှာဖွေမည်


ပျောက်ဆုံးရေငုတ်သင်္ဘော တပ်ဖွဲ့ဝင်တွေအတွက် မိသားစုဝင်တွေက ဆုတောင်းတဲ့ အမှတ်တရ အထိမ်းအမှတ် စာတမ်းတွေ ချိတ်ဆွဲထားကြစဉ်။ ( နိုဝင်ဘာ ၂၄-၂၀၁၇)
ပျောက်ဆုံးရေငုတ်သင်္ဘော တပ်ဖွဲ့ဝင်တွေအတွက် မိသားစုဝင်တွေက ဆုတောင်းတဲ့ အမှတ်တရ အထိမ်းအမှတ် စာတမ်းတွေ ချိတ်ဆွဲထားကြစဉ်။ ( နိုဝင်ဘာ ၂၄-၂၀၁၇)

ပျောက်ဆုံးနေတဲ့ ရေငုပ်သင်္ဘောကို နိုင်ငံတကာအကူအညီနဲ့ ရှာဖွေရေးလုပ်နေတာ မရပ်ဘဲ ဆက်လုပ်သွားမှာဖြစ်သလို ဒီဖြစ်ရပ် နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားမယ်လို့ အာဂျင်တီးနားသမ္မတက ပြောလိုက်ပါတယ်။ တပ်ဖွဲ့ဝင် ၄၄ ဦးပါ အာဂျင်တီးနား ရေငုပ် သင်္ဘော ARA San Juan ဟာ အတ္တလန်တိတ်သမုဒ္ဒရာ တောင်ဘက်ခြမ်းမှာ ပျောက်ဆုံးနေတာ ကိုးရက်ရှိသွားပါပြီ။

နိုဝင်ဘာလ ၁၅ ရက်နေ့က သင်္ဘောနောက်ဆုံးရှိခဲ့တဲ့ နေရာနဲ့ အဲဒီအချိန်နားလောက်မှာ ပေါက်ကွဲမှုတခုဖြစ်ခဲ့တယ်လို့ အာဂျင်တီးနားရေတပ်က ပြောပါတယ်။

သင်္ဘောဟာ ရေအောက်မှာရှိနေသေးပြီး မပျက်မစီးဘဲရှိနေသေးတယ် ဆိုရင်တောင်မှ တပ်ဖွဲ့ဝင်တွေအတွက် အောက်ဆီဂျင် ဓာတ်ကုန်လုနီးဖြစ်နေလောက်ပြီလို့ ရေတပ် တာဝန်ရှိသူတွေနဲ့ ပြင်ပကျွမ်းကျင်သူတွေ စိုးရိမ်နေကြပါတယ်။

ဒီအချိန်ဟာ ခက်ခဲတဲ့အချိန်ကာလဖြစ်ပါတယ်၊ လူတိုင်းအတွက် ခက်ခဲတဲ့ အချိန်ကာလဖြစ် တယ်ဆိုတာ သိပ်ရှင်းပြီး အထူးသဖြင့် တပ်ဖွဲ့ဝင် ၄၄ ဦးရဲ့ မိသားစုဝင်တွေ အတွက် သိပ်ကို ခက်ခဲလှပါတယ်လို့ အာဂျင်တီးနားသမ္မတ Mauricio Macri က Buenos Aires မြို့တော်က ရေတပ်ဌာနချုပ်မှာပြောပါတယ်။ ဒါဟာဖြင့် ရေငုပ်သင်္ဘောပျောက်နေ တဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး သမ္မတရဲ့ ပထမဆုံး လူထုကြား ပြောတဲ့စကားပါ။

အခုချိန်ဟာ လက်ညှိုးထိုး အပြစ်တင်ရမယ့်အချိန် မဟုတ်သေးဘူးလို့ သမ္မတ Macri က ပြောပေမဲ့လဲ သင်္ဘောပျောက်ဆုံးရတဲ့ဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးသွားမယ်လို့ ကတိပြုပြောဆိုခဲ့ပါတယ်။

မုန်တိုင်းထန်တဲ့ ရာသီဥတုကြောင့် ပြင်းထန်တဲ့လှိုင်းလုံးကြီးတွေ ထနေတဲ့ကြားမှာပဲ လေယာဉ်နဲ့ သင်္ဘော တဒါဇင်ကျော်နဲ့ နိုင်ငံ စုံပါဝင်တဲ့ ရှာဖွေရေးလုပ်ငန်းကို ဆက်လုပ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG