သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေဆုံးသူတွေအတွက် ရံပုံငွေဖြေဖျော်ပွဲ မန်ချက်စတာ မှာ ထပ်လုပ်မည်


အမေရိကန် ပေါ့ပ်အဆိုတော် Ariana Grande
အမေရိကန် ပေါ့ပ်အဆိုတော် Ariana Grande

အမေရိကန် ပေါ့ပ်အဆိုတော် Ariana Grande က ပြီးခဲ့တဲ့အပတ် သူ့ဂီတပွဲမှာ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့သူ ၂၂ ယောက်အတွက် ရန်ပုံငွေရှာတဲ့ ဂီတဖျော်ဖြေပွဲတစ်ခု ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့မှာ ကျင်းပမယ်လို့ ပြောပါတယ်။

Ariana Grande ရဲ့ ဂီတပွဲအပြီး တနင်္လာနေ့ညမှာပဲ မန်ချက်စတာအားကစားကွင်းက လူထူထပ်တဲ့နေရာမှာ အသေခံဗုံးခွဲခဲ့တာ ဖြစ်ပါတယ်။ အဆိုတော် Ariana Grande ကို ထိခိုက်ခဲ့တာတော့မရှိပေမယ့် ဒီဖြစ်ရပ်ကြောင့် တုန်လှုပ်သွားတာကြောင့် သူ့ရဲ့ နောက်၂ပတ်အတွင်း ကျင်းပမယ့် ဂီတဖျော်ဖြေပွဲတွေကို ဖျက်ပစ်ခဲ့ပါတယ်။

ရန်ပုံငွေဂီတပွဲအတွက် ရက်အတိအကျတော့ မသတ်မှတ်ရသေးပေမယ့် သူ့အနေနဲ့ ကွယ်လွန်သူမိသားစုတွေအတွက် ရန်ပုံငွေပွဲ ကျင်းပမယ့်အကြောင်းတွေ Ariana Grande က twitter စာမျက်နှာမှာ သောကြာနေ့က ရေးသားခဲ့ပါတယ်။ ကျင်းပမယ့်ရက်အတိအကျ ဆုံးဖြတ်ပြီးတာနဲ့ ကြေညာမယ်လို့လည်း ပြောပါတယ်။

နောက်လ ပြင်သစ်၊ ပေါ်တူဂီ၊ စပိန်နဲ့ အီတလီနိုင်ငံတွေကို သွားမယ့် သူ့ဥရောပ ဂီတဖျော်ဖြေရေး ခရီးစဉ်ကိုတော့ ပြန်စဖို့ Ariana Grande က မျှော်လင့်နေတာပါ။

ပြီးခဲ့တဲ့သီတင်းပတ် အကြမ်းဖက်မှုမှာ အသေခံဗုံးခွဲခဲ့သူက အသက် ၂၂ နှစ်အရွယ် မန်ချက်စတာဒေသခံ Salman Abedi ဆိုသူဖြစ်ပြီး ကျောပိုးအိတ်နဲ့ သယ်လာတဲ့ဗုံးနဲ့ အသေခံဖောက်ခွဲခဲ့တာကြောင့် လူ ၂၂ ယောက်သေဆုံးပြီး အနည်းဆုံး ကလေးရောလူကြီးပါ ၁၁၆ ယောက် ဒဏ်ရာရခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG